အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသည်းပေါ် နှောင်းပိုင်းသက်ရောက်မှုများ

ဖြစ်ခဲသော်လည်း အချို့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများသည်အသည်းကို ထိခိုက်ပျက်စီးစေသည်။

အသည်း ဘယ်လိုလုပ်ငန်းဆောင်ရွက်သလဲ

အသည်းသည် တြိဂံပုံသဏ္ဍာန်ကိုယ်တွင်း အင်္ဂါဖြစ်ပြီး ၄င်းသည် နံရိုးအိမ်၏အောက် ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် တည်ရှိပါသည်။ ၄င်းသည် သွေးအတွင်းမှ အညစ်အကြေးများ စွန့်ထုတ်ရာတွင်လည်းကောင်း၊ သည်းခြေရည်များ ထုတ်လုပ်ပြီး အစာခြေရာတွင်လည်းကောင်း၊ သွေးခဲစေသည့် အသားဓါတ်များ ထုတ်လုပ်သည့်နေရာနှင့် ခန္ဓာကိုယ်၏ လောင်စာဖြစ်သော စွမ်းအင်များသိုလှောင်ရာတွင် လည်းကောင်း ကူညီပေးပါသည်။

တြိဂံပုံသဏ္ဍာန်နှင့် အဝါရောင် တံစဉ်သဏ္ဍာန် အရွတ်ပုံပေါ်နေသော အသည်းပုံ

အသည်းကျန်းမာရေးအတွက် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

ကင်ဆာရောဂါကုသမှုများ

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အခြားအကြောင်းအချက်များ

  • လူနာ၏ကိုယ်ခံအားစနစ်မှ အလှူရှင်၏တစ်ရှူးများကို ကြာရှည်စွာတိုက်ခိုက်သည့်ရောဂါ (cGVHD)
  • သွေးသွင်းများခြင်း
  • အသည်း၏ ကြီးမားသောအပိုင်းတစ်ခုကို ခွဲစိတ်ခြင်းအားဖြင့် ဖယ်ထုတ်ခြင်း
  • ယခင်ရှိနှင့်ပြီးသော အသည်းပြဿနာများ
  • အသည်းရောင်ခြင်း 
  • အရက်အလွန်အကျွံ သောက်သုံးခြင်း

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

သင်၏ရောဂါဖြစ်နိုင်ခြေများကိုသိရှိပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်လေ့လာပါ

သင့်ကင်ဆာအထူးကုထံတွင် သင့်၌ဖြစ်ပေါ်လာနိုင်သော နှောင်းပိုင်း သက်ရောက်မှုများအကြောင်းဆွေးနွေးပါ။

သင့်ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုပေးသူထံ ရောဂါဖြစ်ပွားနိုင်သော အကြောင်းအချက်များအကြောင်း အကြောင်းကြားပါ။ ကုသမှုအကျဥ်းချုပ်ပါဝင်သည့် သင့် ရှင်သန်သူဂရုစိုက်မှု အစီအစဉ်မိတ္တူတစ်စောင်ကို ၎င်းထံပေးထားပါ။

နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုခံယူပါ။ သင့်အား စောင့်ရှောက်မှုပေးသူသည် အသည်းကျန်းမာရေးကိုစောင့်ကြည့်လေ့လာရန်အတွက် အသည်းကြီးမှုနှင့် အခြားစစ်ဆေးမှုများကို စစ်ဆေးနိုင်သည်။ အကယ်၍ ပြဿနာများကို အတည်ပြုပြီးပါက ကျန်းမာရေးစောင့်ရှောက်သူသည် သင့်အား စစ်ဆေးရန်နှင့် အခြားစမ်းသပ်မှုများပြုလုပ်ရန်အတွက် အသည်းအထူးကုထံသို့ညွှန်းပို့နိုင်သည်။

ကလေးကင်ဆာစင်တာမှ ကာလရှည် ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးမှု အစီအစဉ်၌ပါဝင်သောအခါတွင် အသက်ဆက်ရှင်နေသူများသည် စမ်းသပ်မှုများ ပြုလုပ်ရနိုင်သည်။

အသည်းကို စောင့်ကြည့်လေ့လာရန်အတွက် သွေးစစ်ဆေးမှုများတွင် ပါဝင်သည်များမှာ-

  • အသည်းဇီဝဓါတ်ကူပစ္စည်း စစ်ဆေးခြင်းများ - ဤစစ်ဆေးမှုများသည် အသည်းဆဲလ်များတွင် ပုံမှန်အားဖြင့် ရှိရမည့် အသားဓါတ်ပမာဏကို စောင့်ကြည့်စစ်ဆေးပေးသည်။ အကယ်၍ အသည်းဆဲလ်များ ပျက်စီးပါက အဆိုပါအသားဓါတ် ဇီဝဓါတ်ကူပစ္စည်းများ ထွက်ရှိလာပြီး သွေးထဲတွင် အသည်း၏ဇီဝဓါတ်ကူပစ္စည်းပမာဏ များပြားလာနိုင်သည်။
  • အသည်းလုပ်ငန်း စစ်ဆေးမှုများ – ဤစစ်ဆေးမှုများသည် အသည်း မည်မျှ ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း ပြသပေးသည်။ ယေဘူယျ အသည်းလုပ်ငန်း စစ်ဆေးမှုများမှာ-
    • ဘီလီရူဘင် - သွေးနီဥဆဲလ်များပျက်စီးမှုကြောင့် ထွက်ပေါ်လာသည့် စွန့်ပစ်ပစ္စည်း
    • အယ်လ်ဗျူမင် - အသည်းမှ ထုတ်ပေးသည့် သွေး အသားဓါတ်တစ်မျိုး
    • Prothrombin Time (PT)၊ သွေးခဲမှု တိုင်းတာခြင်းတစ်မျိုး
  • အသည်း ပိုးဝင်ခြင်း စစ်ဆေးမှု – တိကျသော အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုး အေ၊ ဘီ နှင့် စီ စစ်ဆေးမှု
  • သွေးသွင်းမှုများစွာပြုလုပ်ပြီးနောက် သံဓါတ်ပိုလျှံမှုပမာဏ စစ်ဆေးခြင်း

ကောင်းမွန်သော အသည်းကျန်းမာရေးကို ထိန်းသိမ်းပါ

အသက်ဆက်ရှင်နေသူများသည် အသည်းကျန်းမာရေးအတွက် အဆင့်များစွာကို လုပ်ဆောင်နိုင်သည်-

  • အကယ်၍ သင်သည် အသည်းရောင်အသားဝါ အေနှင့်ဘီအတွက် ကိုယ်ခံအားမရှိသေးပါက၊ ကာကွယ်ဆေးထိုးပါ။ အသည်းရောင်အသားဝါ အေနှင့်ဘီ သွေးတွင်း ပဋိပစ္စည်းများအတွက် သွေးစစ်ဆေးမှုသည် ကိုယ်ခံအားရှိ၊ မရှိ ပြသပေးနိုင်သည်။
  • အရက်သောက်တတ်ပါက အသင့်အတင့်ပမာဏသာသောက်သုံးပါ။
  • မျှတကောင်းမွန်သော အာဟာရဖြစ်သည့် အမျှင်ဓါတ်များကိုစားသုံးပြီး အဆီ၊ ကြပ်တင်ထားသည့်အစာနှင့် အချဉ်ဖောက်ထားသည်များကို လျှော့စားပါ။
  • ရေများများသောက်ပါ။
  • ကျန်းမာရေးနှင့်ညီညွတ်သည့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
  • အကြံပြုထားသည့် ဆေးပမာဏကိုသာ သောက်သုံးပါ။
  • ဆေးစာမပါဘဲ ဝယ်ယူနိုင်သည့်ဆေးအသစ်များ၊ တိုင်းရင်းဆေးပင်များ သို့မဟုတ် ဖြည့်စွက်စာများ သုံးဆောင်မည်ဆိုပါက သင့်ကျန်းမာရေးစောင့်ရှောက်သူနှင့် ဦးစွာစစ်ဆေးပါ။
  • အကယ်၍ သင်သည် လိင်ဆက်ဆံမှုတွင် တက်ကြွသူဖြစ်ပါက ဆက်ဆံရာတွင် ရာဘာကွန်ဒုံးကဲ့သို့သော အကာအကွယ်များကိုသုံးစွဲပါ။
  • ဖျော်ဆေးများ၊ အေရိုဇော သန့်စင်ဆေးများ၊ ပိုးသတ်ဆေးများ၊ သုတ်ဆေး ဖျော်ဆေးများနှင့် အခြား အဆိပ်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
  • တရားမဝင်ဆေးဝါးများကို မသုံးစွဲပါနှင့်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018