အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်း

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် ခန္ဓာကိုယ်ရှိဟော်မုန်းများတွင် ပြဿနာဖြစ်နိုင်သည်။

ဟော်မုန်းများသည် ဦးနှောက်မှ ကိုယ်တွင်းအင်္ဂါများဆီသို့ ဓာတုအကြောင်းကြားချက်များကို ပို့ဆောင်ပေးသည်။

အတွင်းထုတ်ဂလင်းစနစ်

ခန္ဓာကိုယ်၏အတွင်းထုတ်ဂလင်းစနစ်သည် ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် ဖွံဖြိုးမှု၊ ပျိုဖော်ဝင်ခြင်း၊ စွမ်းအင်ပမာဏ၊ ဆီးထုတ်လုပ်မှုနှင့် စိတ်ဖိစီးမှုကိုတုံ့ပြန်မှု အစရှိသည့်ခန္ဓာကိုယ်၏လုပ်ဆောင်ချက်အများစုကို ထိန်းချုပ်သည်။

အတွင်းထုတ်ဂလင်းစနစ်သည် ခန္ဓာကိုယ်အနှံ့တည်ရှိနေသော ဂလင်းအစုအဖွဲ့တစ်ခု ဖြစ်သည်။ ဦးနှောက်ထဲတွင်ရှိသော ပစ်ကျူထရီဂလင်းသည် အခြားဂလင်းများ ဥပမာ သိုင်းရွိုက်၊ အဒရီနယ်ဂလင်းများ၊ သားဥအိမ်များ (အမျိုးသမီးများတွင်)၊ ဝှေးစေ့များ (အမျိုးသားများတွင်) တို့ကိုထိန်းချုပ်ထားသောကြောင့် ၎င်းကို တစ်ခါတစ်ရံတွင် "မာစတာဂလင်း" ဟုခေါ်သည်။  

ဦးနှောက်ထဲရှိ ပစ်ကျူထရီဂလင်း၏တည်နေရာကို ပြသထားသောပုံ ပစ်ကျူထရီဂလင်းတွင် စာညွှန်းဖြင့်ပြထားသောအပိုင်းများမှာ ဦးနှောက်အောက်ရှိ အမြင်အာရုံကြောနှစ်ခုယှက်နေသည့်နေရာ၊ ပါးစ် ကျူဘာရလစ်၊ အရှေ့ဘက်အဖု၊ အနောက်ဘက်အဖု၊ စတော့ခ်၊ မီဒီယံ အမ်မီနန့်စ်နှင့် ဟိုက်ပိုသဲလမတ်တို့ဖြစ်ကြသည်။

ပစ်ကျူထရီဂလင်းသည် အခြားဂလင်းများ ဥပမာ သိုင်းရွိုက်၊ အဒရီနယ်ဂလင်းများ၊ သားဥအိမ်များ၊ ဝှေးစေ့များ စသည်တို့ကိုထိန်းချုပ်ထားသောကြောင့် ၎င်းကို တစ်ခါတစ်ရံတွင် "မာစတာဂလင်း" ဟုခေါ်သည်။

ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ

ဟော်မုန်းပြဿနာတစ်ခုမှာ အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်းဖြစ်သည်။

ပစ်ကျူထရီဂလင်းသည် အဒ်ရီနိုကော်တီကိုထရော့ပစ် ဟော်မုန်း (ACTH) ဟုခေါ်သည့် ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးသည်။ ၎င်းသည် အဒရီနယ်ဂလင်းမှ ကော်တီဆောဟုခေါ်သည့် ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်စေပြန်သည်။ အကယ်၍ ပစ်ကျူထရီဂလင်းမှ ACTH မထုတ်လွှတ်ပါက ခန္ဓာကိုယ်မှ ကော်တီဆောထွက်ရှိမည်မဟုတ်ပါ။

ကော်တီဆောသည် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အဆင့်တွင်ထိန်းထားပေးပြီး ခန္ဓာကိုယ်အား အဖျားတက်ခြင်း၊ နာမကျန်းခြင်းနှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကို ရင်ဆိုင်ဖြေရှင်းပေးစေနိုင်သည်။

အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်းကို မည်သည့်ကုထုံးများ/အခြေအနေများက ဖြစ်စေတာလဲ

  • ဦးနှောက်အားဓာတ်ရောင်ခြည်ပေးခြင်း၊ အထူးသဖြင့် ပမာဏများများပေးခြင်း
  • ပစ်ကျူထရီဂလင်းကို ခွဲစိတ်ဖယ်ထုတ်ထားခြင်း
  • မခွဲစိတ်ထားသည့်တိုင် ပစ်ကျူထရီဂလင်းအနီးတွင် အကျိတ်များရှိနေခြင်း

ရောဂါလက္ခဏာများ

ပုံမှန်အခြေအနေများတွင် ရောဂါလက္ခဏာများ မပေါ်နိုင်ပါ။ ပေါ်ပါကလည်း ၄င်းတို့မှာ အများအားဖြင့်အပျော့စားသာဖြစ်သည်-

  • နုံးခွေခြင်း
  • အားနည်းနေခြင်း
  • အစာစားချင်စိတ် နည်းပါးခြင်း
  • မူးဝေခြင်း

အဖျားတက်ခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း စသည့်ဖိစီးမှုများကြောင့် ပိုမိုပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်စေနိုင်သည်။

  • အော့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • သွေးတွင်းသကြားဓာတ်နည်းခြင်း
  • ရေဓာတ်နည်းခြင်း

ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှ ဘာတွေလုပ်ဆောင်နိုင်သလဲ

ဆေးစစ်ခြင်း

ဦးနှောက်၏ အလယ်ဗဟိုဧရိယာသို့ ဓာတ်ရောင်ခြည်ပေးခဲ့ဖူးသော ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် အလယ်ဗဟိုရှိ အဒရီနယ် လုံလောက်ခြင်းရှိ/မရှိသိနိုင်ရန် မနက်ပိုင်းသွေးတွင်းကော်တီဆောပါဝင်မှုတိုင်းတာခြင်းကို နှစ်စဥ်လုပ်ဆောင်သင့်သည်။ အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် နုံးခွေခြင်းမှာ ပိုမိုဆိုးရွားလာခြင်း၊ နေ့စဉ်ရက်ဆက် နုံးခွေနေခြင်းနှင့် ဘာကြောင့်မှန်းမသိဘဲ မကြာခဏဖျားနာခြင်းစသည်တို့ကိုခံစားနေရပါက ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့အားပြုစုစောင့်ရှောက်ပေးသူများနှင့် အဆိုပါရောဂါလက္ခများအကြောင်း ဆွေးနွေးတိုင်ပင်သင့်သည်။ ထိုအခါ ထိုသူတို့က ဓာတ်ခွဲစစ်ဆေးစေခြင်း သို့မဟုတ် အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးဦးထံသို့ ညွှန်းပို့ပေးခြင်းတို့ လုပ်ဆောင်နိုင်သည်။

အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်းအား ကုသခြင်း

ကုထုံးမှာ ဟိုက်ဒရိုကော်တီဆုန်းဆေးပေးခြင်းဖြစ်သည်။ ၄င်းသည် နေ့စဥ်သောက်သုံးရသော ဆေးတစ်မျိုးဖြစ်သည်။

ဖျားနာခြင်း သို့မဟုတ် ခွဲစိတ်ခြင်းကဲ့သို့သော အချို့အခြေအနေများတွင် လူနာများကို ဆေးပမာဏတိုးမြှင့်ပေးနိုင်ရန် ထိုးဆေးထိုးပေးနိုင်သည်။

အလယ်ဗဟိုရှိ အဒရီနယ်မလုံလောက်ခြင်းခံစားနေရသောလူနာများသည် ဆေးကုသမှုဆိုင်ရာ အချက်ပေးလက်ပတ်တစ်ခု ဝတ်ဆင်ထားသင့်သည်။ အရေးပေါ်အခြေအနေဖြစ်လာပါက ၎င်းသည် လူနာ၏အခြေအနေအား ဆေးကုသရေးဝန်ထမ်းများကိုအချက်ပေးနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈