အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အရေပြား- ဆရာဝန်နှင့် ကိုယ်တိုင်စစ်ဆေးမှုများ

မှဲ့ သို့မဟုတ် အစက်အပြောက်များရှိသော အရေပြားချိုင့်ခွက်များသည် အရေပြားကင်ဆာ၏ အဖြစ်များဆုံး လက္ခဏာတစ်ခုဖြစ်သည်။ ထိုပြောင်းလဲမှုများကို မြန်ဆန်စွာသိရှိနိုင်ရေးအတွက် ပုံမှန်အရေပြားစစ်ဆေးမှုများကို ပြုလုပ်ရန် ဆရာဝန်များက အကြံပြုသည်။

နှစ်စဉ် ဆရာဝန်နှင့် စစ်ဆေးမှုများ

နှစ်စဉ် အခြေခံကျန်းမာရေးစစ်ဆေးရာတွင် အသက်ရှင်သူများသည် ခန္ဓာကိုယ်တစ်ခုလုံးအရေပြားစစ်ဆေးခြင်းကို တောင်းဆိုသင့်သည်။ ဆရာဝန်များ၏ အမျိုးသားအဆင့် လေ့လာမှုတွင် ၎င်းတို့သည် လူနာများမှတောင်းဆိုလာသည့်အခါတွင်သာ စစ်ဆေးပေးရန် ပိုမိုလိုလားကြသည်။

အမေရိကန် အရေပြားရောဂါဗေဒ အကယ်ဒမီက အခမဲ့ SPOTme® အရေပြားကင်ဆာစစ်ဆေးခြင်းကို ထောက်ပံ့ပေးထားသည်။

ကိုယ်တိုင်စစ်ဆေးခြင်းများ

အသက်ရှင်သူများသည် အရေပြားအပြောင်းအလဲကို သတိထားမိနိုင်ရန် အရေပြားအား ကိုယ်တိုင်စစ်ဆေးခြင်းကို လစဉ်ပြုလုပ်သင့်သည်။

မယ်လန်နိုမာမဟုတ်သော အရေပြားကင်ဆာ၏‌ ရောဂါလက္ခဏာများ

မယ်လန်နိုမာမဟုတ်သော အရေပြားကင်ဆာ၏‌ အဖြစ်များသော ရောဂါလက္ခဏာများ-

သေးငယ်၊ ချောမွေ့၊ ပြောင်လက်၊ ဖျော့တော့ သို့မဟုတ် ချောနေသော အဖု

 
ဤပုံတွင် သေးငယ်၊ချောမွေ့၊ ပြောင်လက်ပြီးဖျော့တော့နေသော အရေပြားကင်ဆာအဖုတစ်ခုကို ပြသထားသည်။
 

မာပြီး နီရဲနေသော အဖု

ဤပုံတွင် မာပြီးနီရဲနေသော အရေပြားကင်ဆာအဖုတစ်ခုကို ပြသထားသည်။

သွေးထွက်ပြီး အနာဖေး သို့မဟုတ် အဖတ်ကွာနေသော အနာ သို့မဟုတ် အဖု

 
ဤပုံတွင် အနာဖေးရှိနေသော အရေပြားကင်ဆာအဖုတစ်ခုကို ပြသထားသည်။
 

ပြားပြီး ကြမ်းသော၊ ခြောက်သော သို့မဟုတ် အဖတ်လန်ကာ ယားခြင်း သို့မဟုတ် တင်းခြင်းဖြစ်သော အနီစက်

ဤပုံတွင်ခြောက်သွေ့၍ ပြားပြီး အဖတ်လန်နေသော အရေပြားကင်ဆာအဖုတစ်ခုကို ပြသထားသည်။

ကြမ်းပြီး အဖတ်လန်သော အနီ သို့မဟုတ် အညိုပြား

 
ဤပုံတွင် အလွန်ကြမ်းပြီး အဖတ်လန်နေသော အနီနှင့် အညို အရေပြားကင်ဆာအဖုတစ်ခုကို ပြသထားသည်။
 

ပုံများကို အမျိုးသား ကင်ဆာ အင်စတီကျု၏ ဝဘ်ဆိုက် (https://www.cancer.gov) မှ ရယူထားသည်။

မယ်လန်နိုမာလက္ခဏာများ

အများအားဖြင့် မယ်လန်နိုမာ ၏ ပထမဆုံးလက္ခဏာမှာ လက်ရှိ မှဲ့၏ ပုံစံ၊ အရောင်၊ အရွယ်အစား သို့မဟုတ် ခံစားမှုပြောင်းလဲလာခြင်းဖြစ်သည်။ ABCDE နည်းလမ်းကို အသုံးပြုရန် အကြံပြုပါသည်။

ABCDE နည်းလမ်း အသုံးပြုပုံ

  • ဘက်ညီမျှမှု (Asymmetry) – အစက်၏တစ်ဝက်သည် အခြားတစ်ဝက်နှင့် မတူညီပါ။
  • ဘေးသား (Border) – အစက်တွင် မူမမှန်သော၊ အခြမ်းဖြစ်နေ​သော သို့မဟုတ် ဘေးသားပုံပျက်နေခြင်းရှိသည်။
  • အရောင် (Color) – အစက်သည် တစ်နေရာမှတစ်နေရာ အရောင်ကွဲပြားနေသည်၊ ဥပမာ- အညိုသန်းနှင့် အညိုရောင်၊ တခါတရံ အဖြူ အနီ သို့မဟုတ် အပြာဖြစ်နေတတ်သည်။
  • အချင်း (Diameter) – မယ်လန်နိုမာများသည် ပုံမှန်အားဖြင့် ဖြစ်ပွားသည့်အခါ ၆ မီလီ (ခဲတံခဲဖျက်အရွယ်အစားခန့်) ထက်ပိုမိုကြီးမားနေတတ်သည်။ သေးငယ်နေခြင်းလဲ ရှိနိုင်ပါသည်။
  • ပြောင်းလဲခြင်း (Evolution) – မှဲ့ သို့မဟုတ် အစက်သည် အခြားအစက်များနှင့် အရွယ်အစား၊ ပုံစံ သို့မဟုတ် အရောင် ကွာခြားနေတတ်သည်။
 
ဤပုံတွင် ဘေးသားပုံမကျသည့် မယ်လန်နိုမာ ကင်ဆာအဖုကို ဖော်ပြထားသည်။
ဤပုံတွင် အရောင်ပြောင်းလဲနေသည့် မယ်လန်နိုမာအဖုကို ဖော်ပြထားသည်။
 

ကိုယ်တိုင်စစ်ဆေးမှုများပြုလုပ်နည်း အချက်အလက်များသိရှိနိုင်ရန် အမေရိကန် အရေပြားရောဂါဗေဒ အကယ်ဒမီ၏ အရေပြားကင်ဆာစစ်ဆေးခြင်းကဏ္ဍ ကို ဝင်ရောက်ကြည့်ရှုပါ။

ခန္ဓာကိုယ်မှ မှဲ့များကို မှတ်တမ်းပြုလုပ်ထားပါ

အမေရိကန် အရေပြားရောဂါဗေဒ အကယ်ဒမီတွင် အခမဲ့ ခန္ဓာကိုယ်မှဲ့မြေပုံ ရရှိနိုင်ပြီး မှဲ့များကို စောင့်ကြည့်နိုင်သည်။ မှတ်တမ်းသည် ကြီးထွားလာသော၊ သွေးထွက်သော၊ ယားယံသော သို့မဟုတ် ပုံစံတမျိုးမျိုးဖြင့်ပြောင်းလဲတတ်သော အစက်များကို သိရှိနိုင်ရန် အထောက်အကူပြုသည်။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018