အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အရေပြားကင်ဆာ

ဖြစ်ခဲသော်လည်း အချို့သော ကလေးကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသည့်အခါတွင် အခြားကင်ဆာထပ်ဖြစ်နိုင်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများတွင် အရေပြားကင်ဆာမှာ အဖြစ်အများဆုံးကင်ဆာတစ်မျိုး ဖြစ်သည်။

အရေပြား၏အခန်းကဏ္ဍ

အရေပြားသည် အပူ၊ နေရောင်ခြည်၊ ထိခိုက်မှုနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသည်။ အရေပြားသည် ခန္ဓာကိုယ်အပူချိန်ကိုလည်း ကူညီထိန်းညှိပေးပြီး ရေ၊ အဆီနှင့် ဗီတာမင် D တို့ကို သို့လှောင်ပေးသည်။

အရေပြားတွင် အလွှာများစွာရှိသည်။ အပြင်ဘက်ဆုံးအလွှာသည် အရေပြား အပေါ်ယံလွှာဖြစ်သည်။ ၎င်းကို ဆဲလ် ၃ မျိုးဖြင့် ဖွဲ့စည်းထားသည်။

  • အပေါ်ယံဆဲလ်များ- အရေပြားအပေါ်ယံလွှာကိုဖွဲ့စည်းထားသော ပြား၍ပါးလွှာသောဆဲလ်များ။
  • အောက်ခြေရှိဆဲလ်များ- အပေါ်ယံဆဲလ်များ၏အောက်ရှိလုံးဝန်းသောဆဲလ်များ
  • နက်ရှိုင်းသောအပိုင်းရှိဆဲလ်များ- မယ်လာနင်ထုတ်လွှတ်ပေးသော အရေပြားအပြင်ဘက်ဆုံးအလွှာ၏ အနက်ရှိုင်းဆုံးအပိုင်းရှိဆဲလ်များ။ မယ်လာနင်သည် အရေပြားတွင် အရောင် (ရောင်ခြယ်) ဖြစ်စေပြီး အရေပြားကို နေမှထုတ်လွှတ်သည့် ခရမ်းလွန် ရောင်ခြည် (UV) မှ ကာကွယ်ပေးသည်။
အရေပြားအပေါ်ယံလွှာ၊ အပေါ်ယံလွှာအောက်ရှိအလွှာနှင့် အနက်ရှိုင်းဆုံးအလွှာတို့ကို ဖော်ပြထားသောစာညွှန်းများပါရှိသည့် အရေပြားအလွှာများကို ပိုင်းဖြတ်ပြထားသောပုံ

အရေပြားကင်ဆာအမျိုးအစားများ

အရေပြားကင်ဆာကို ယေဘုယျအားဖြင့် အဓိကအမျိုးအစား ၂ မျိုးခွဲသည်။

အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာများ

အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာများသည် အဖြစ်အများဆုံးအရေပြားကင်ဆာဖြစ်သည်။ အောက်ခြေဆဲလ်ကာစီနိုဂျန်သည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများနှင့် သာမန်ပြည်သူလူထုထဲတွင်တွေ့ရသော အဖြစ်အများဆုံး အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာအမျိုးအစားဖြစ်သည်။

ကုသလျှင်ပျောက်ကင်းနိုင်ခြေမြင့်မားသော်လည်း အဆိုပါအရေပြားကင်ဆာများတွင် ခွဲစိတ်ကုသမှုများကြောင့် အမာရွတ်ကျန်နိုင်သည်။

အထူးသဖြင့် အရေပြားကင်ဆာ အမျိုးအစားမျိုးစုံ ခံစားနေရသောလူနာများတွင် ကုသမှုကုန်ကျစရိတ်များနိုင်သည်။

အရေပြားအနက်ရှိုင်းဆုံးအလွှာတွင်ဖြစ်ပွားသော ကင်ဆာများ

အရေပြားအနက်ရှိုင်းဆုံးအလွှာတွင်ဖြစ်ပွားသော အရေပြားကင်ဆာသည် အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာထက်စာလျှင် ဖြစ်ခဲသည်။ ၎င်းသည် အများအားဖြင့် ပိုမိုပြင်းထန်တတ်ပြီး ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။

အရေပြားကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

ဓာတ်ရောင်ခြည်ဖြင့်ကုသခဲ့ပြီး ကင်ဆာရောဂါမှလွတ်မြောက်လာသူတွင် အရေပြားကင်ဆာဖြစ်ပွားနိုင်ချေ မြင့်မားသည်။ အခြားသော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • ယခင်ကလူနာတွင် အရေပြားအနက်ရှိုင်းဆုံးအလွှာတွင်ဖြစ်ပွားသော အရေပြားကင်ဆာ သို့မဟုတ် အရေပြားကင်ဆာဖြစ်ခဲ့ဖူးခြင်း
  • ကြီးမား၍ ပုံပျက်နေသော မှဲ့ရှိဖူးသည့် မှတ်တမ်း
  • ယခင်ကမိသားစုတွင် အရေပြားအနက်ရှိုင်းဆုံးအလွှာတွင်ဖြစ်ပွားသော အရေပြားကင်ဆာ သို့မဟုတ် အရေပြားကင်ဆာဖြစ်ခဲ့ဖူးခြင်း
  • ငယ်ရွယ်စဥ် ပြင်းပြင်းထန်ထန်နေလောင်ခဲ့ဖူးခြင်း
  • ဖျော့တော့သည့်အရေပြားရှိပြီး အသက် ၆၅ နှစ်နှင့်အထက်ဖြစ်ခြင်း
  • ပုံမှန်မဟုတ်သောမှဲ့အများအပြားရှိခြင်း သို့မဟုတ် မှဲ့အလုံး ၅၀ ကျော်ရှိခြင်း

အမေရိကန်တွင် အဖြစ်အများဆုံးကင်ဆာမှာ အရေပြားကင်ဆာဖြစ်သော်လည်း၊ သာမန်ပြည်သူလူထုတွင် အသက်အရွယ်ကြီးရင့်သူများ၌ အဖြစ်များသည်။ သာမန်ပြည်သူလူထုနှင့်နှိုင်းယှဉ်ကြည့်ပါက ဓာတ်ရောင်ခြည်ဖြင့်ကုသခဲ့ပြီး ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများမှာ အသက်ငယ်ရွယ်စဉ်မှာပင် အရေပြားကင်ဆာများ ဖြစ်ပွားတတ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈