အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လူလားမြောက်ခြင်းဆိုင်ရာ ပြဿနာများ

လူလားမြောက်ခြင်းဆိုသည်မှာ အဘယ်နည်း။

လူလားမြောက်ခြင်းဆိုသည်မှာ ကလေးတစ်ဦးသည် အရွယ်ရောက်ခြင်းသို့ ကူးပြောင်းခြင်းကို ထင်ရှားစေသည့် ရုပ်ပိုင်းဆိုင်ရာနှင့် ဟော်မုန်းပြောင်းလဲမှုများဖြစ်ပေါ်သည့် ဘဝပြောင်းလဲတိုးတက်မှုအဆင့်​ဖြစ်သည်။ အဆိုပါပြောင်းလဲမှုများသည် အောက်ပါအကြောင်းများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်-

  • ပစ်ကျူထရီကလင်းအတွင်း လိင်ဟော်မုန်းများထုတ်လုပ်ခြင်း
  • အမျိုးသားများ၏ ဝှေးစေ့များ နှင့် အမျိုးသမီးများရှိ သားဥအိမ်များ ကဲ့သို့သော မျိုးပွားအင်္ဂါအစိတ်အပိုင်းများ ရင့်မာလာခြင်း

လူလားမြောက်ခြင်းသည် ပုံမှန်အားဖြင့် မိန်းကလေးများတွင် အသက် ၈ နှစ်မှ ၁၃ နှစ်ကြားတွင်လည်းကောင်း ယောက်ျားလေးများတွင် အသက် ၉ နှစ်မှ ၁၄ နှစ်အကြားတွင်လည်းကောင်း စတင်လေ့ရှိသည်။ ၎င်းသည် ၂ နှစ်မှ ၅ နှစ်အထိ ကြာမြင့်နိုင်သည်။ လူလားမြောက်ခြင်း၏ အချိန်သတ်မှတ်ချက်နှင့် ကြာချိန်ကို သက်ဆိုင်ရာလူပုဂ္ဂိုလ်၏ မျိုးရိုးဗီဇနှင့်ဆိုင်သော နောက်ခံအကြောင်းအရာများမှ လွှမ်းမိုးသည်။

လူလားမြောက်ခြင်းအချိန်ကာလအတွင်း ဆယ်ကျော်သက်အကြိုအရွယ်များနှင့် ဆယ်ကျော်သက်အရွယ်များသည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့်အတူ ချစ်ကြိုက်မှုနှင့်ဆိုင်သော ဆက်ဆံရေးများနှင့် လိင်ကိစ္စတွင် ပိုမို၍ စတင်စိတ်ဝင်စားလာနိုင်သည်။

လူလားမြောက်ခြင်း၏ လက္ခဏာများ

လူလားမြောက်ခြင်းတွင် ကွဲပြားသောပုံစံများရှိနိုင်သည်။

မိန်းကလေးများတွင် ရုတ်တရက်ကြီးကောင်ဝင်ခြင်းနှင့် ရင်သားရှိ "နို့သီးခေါင်းများ" ဖွံ့ဖြိုးမှုနှင့်အတူ စတင်လေ့ရှိသည်။ ပါဝင်သည့် အခြားလက္ခဏာများမှာ-

  • ဆီးခုံနေရာနှင့် ခန္ဓာကိုယ်၏အခြားအစိတ်ပိုင်းများတွင် အမွေးအမျှင်များ ပေါက်လာခြင်း
  • ကိုယ်နံ့ထွက်လာခြင်း
  • ရာသီသွေးဆင်းခြင်းစတင်ခြင်း
  • ဝက်ခြံပေါက်လာခြင်း

ပုံမှန်အားဖြင့် ယောက်ျားလေးများတွင် ဝှေးစေ့များနှင့် လိင်တံကြီးထွားလာခြင်းနှင့်အတူ စတင်လေ့ရှိသည်။

ပါဝင်သည့် အခြားလက္ခဏာများမှာ-

  • ဆီးခုံ၊ ခန္ဓာကိုယ်၏အခြားအစိတ်ပိုင်းများနှင့် မျက်နှာပေါ်တွင် အမွေးအမှင်များ ပေါက်လာခြင်း
  • ကိုယ်နံ့ထွက်လာခြင်း
  • ကြွက်သားကြီးထွားလာခြင်း
  • ရုတ်တရက်ကြီးကောင်ဝင်ခြင်း
  • ဝက်ခြံပေါက်လာခြင်း
  • အသံဩလာခြင်း

လူလားမြောက်ခြင်းအပေါ်တွင် ကင်ဆာရောဂါနှင့် ကုသမှု၏ ထိခိုက်စေမှုပုံစံ

လူလားမြောက်ခြင်းအပေါ်တွင် ကင်ဆာရောဂါနှင့် ကုသမှု၏သက်ရောက်မှုသည် တစ်ဦးချင်းအလိုက် ကွဲပြားသည်။

၎င်းသည် ကုသမှုပြုလုပ်သည့်အချိန်အခါနှင့် ကုထုံးအမျိုးအစားပေါ် များစွာမူတည်သည်။ တခါတရံတွင် ကုသမှုသည် လူလားမြောက်ခြင်းအပေါ်တွင် သက်ရောက်မှုမရှိပေ။ သို့ရာတွင် အချို့ကလေးကင်ဆာများနှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုများသည် လူလားမြောက်ခြင်းကို စောစီးစွာစတင်စေရန် အစပျိုးစေသည်။ အခြားအခြေအနေများတွင် ကုသမှုသည် လူလားမြောက်ခြင်းကို နှောင့်နှေးစေသည် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသည် သို့မဟုတ် လူလားမြောက်ခြင်းစတင်မှုကို ချွတ်ယွင်းစေသည်။

ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

လူလားမြောက်ခြင်းပေါ်တွင် ကျရောက်စေနိုင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • ဦးနှောက်၊ တင်ပါးဆုံနေရာ သို့မဟုတ် လိင်အင်္ဂါအစိတ်အပိုင်းများအား ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်
  • ဦးနှောက်နှင့် တင်ပါးဆုံနေရာသို့ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း
  • အယ်လကိုင်းဂုဏ်သတ္တိရှိသော ပစ္စည်းများနှင့် အချို့သော အခြားဆေးဝါးများဖြင့် ကီမိုဆေးသွင်းခြင်း ကုထုံးဆောင်ရွက်ခြင်း
  • လိင်ဟော်မုန်းများကို ထုတ်လွှတ်သည့် ရောဂါပိုးဆဲလ်အကျိတ်

စောစီးစွာလူလားမြောက်ခြင်း

စောစီးစွာလူလားမြောက်ခြင်း၏ ရောဂါလက္ခဏာများမှာ ပုံမှန်လူလားမြောက်ခြင်းဆိုင်ရာ လက္ခဏာများနှင့် ဆင်တူသော်လည်း ပို၍စောစီးစွာ ဖြစ်ပေါ်လေ့ရှိကြသည်- မိန်းကလေးများတွင် အသက် ၈ နှစ်မတိုင်မီနှင့် ယောက်ျားလေးများတွင် အသက် ၉ နှစ်မတိုင်မီ အရှိန်အဟုန်မြင့်မားစွာ ဖြစ်ပေါ်သည်။

စောစီးစွာလူလားမြောက်ခြင်းသည် (မိန်းကလေးများ၏) သားဥအိမ်များ သို့မဟုတ် (ယောက်ျားလေးများ၏) ဝှေးစေ့များမှ မဟော်မုန်းနှင့် ကျားဟော်မုန်းများကို ပုံမှန်ထက်စောစီးစွာ ထုတ်လုပ်ရန် ဟိုက်ပိုသဲလမတ်နှင့် ပစ်ကျူထရီကလင်းတို့က သင်္ကေတပို့လွှတ်သည့်အခါ ဖြစ်ပေါ်သည်။ အချို့သောအကျိတ်အမျိုးအစားများသည် ဟော်မုန်းလွန်ကဲစွာ ထုတ်လုပ်သည့်အခါတွင်လည်း စောစီးစွာလူလားမြောက်ခြင်းကို တွေ့ရှိရသည်။

စောစီးစွာလူလားမြောက်ခြင်း-

  • လိင်မှုစရိုက်များ၏ဖွံ့ဖြိုးမှုကိုလည်း မျှော်မှန်းထားသည်ထက် စောစီးစွာ ဖြစ်ပေါ်စေသည်။
  • အရိုးကြီးထွားမှုနှင့် အရပ်ပုစေသည့်ရလာဒ်ကို ဖြစ်ပေါ်စေသည့် အရိုးဆက်ကြွက်သားများ၏ ကြီးထွားမှုကို အရွယ်မတိုင်မီရင့်ရော်စေခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

နှောင့်နှေးစွာလူလားမြောက်ခြင်း

လူလားမြောက်ခြင်းသည် သာမန်အသက်အရွယ်အဆင့်များအတွင်းတွင် စတင်ခြင်းမရှိသည့်အခါ နှောင့်နှေးစွာလူလားမြောက်ခြင်းဖြစ်ပေါ်သည်။ နှောင့်နှေးစွာလူလားမြောက်ခြင်းကို ကြုံတွေ့ရသည့် ကလေးအများအပြားသည် နောက်ဆုံး၌ ပုံမှန်အရွယ်ရောက်ခြင်းကို အခြားတစ်နည်းနည်းဖြင့် နောက်ကျသော အသက်အရွယ်တွင် ဖြတ်သန်းကြရသည်။

အချို့အခြေအနေများတွင် လူလားမြောက်ခြင်းသည် စတင်ပြီးဖြစ်သော်လည်း အချိန်ကာလတစ်ခုကြာသည်အထိ ရပ်တန့်နေနိုင်သည်။ ဤသို့ဖြစ်ပွားခြင်းကို ထိန်းချုပ်ခံရသော လူလားမြောက်ခြင်းဟုခေါ်သည်။

၎င်းသည် အမျိုးသမီးများ၏ ရာသီသွေးဆင်းခြင်းကို ထိခိုက်စေနိုင်သည်။ ရာသီသွေးဆင်းခြင်း၏ အစပိုင်း နှောင့်နှေးခြင်း၊ ပုံမမှန် ရာသီသွေးဆင်းချိန်များ နှင့်/သို့မဟုတ် သွေးဆုံးချိန်သို့ စောစီးစွာ ရောက်ရှိခြင်းတို့ ဖြစ်လာနိုင်သည်။

အမျိုးသားများတွင် တက်စတိုစထရွန်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။

လူလားမြောက်ခြင်းသို့ ဝင်ရောက်နိုင်မှုမရှိခြင်း

အချို့ကလေးများတွင် လူလားမြောက်ခြင်း ဖြစ်ပေါ်မှုကို တားဆီးထားနိုင်သည့် ကာလကြာရှည်သော အခြေအနေမျိုးရှိနိုင်သည်။

လူလားမြောက်ခြင်းနှင့် ဆက်စပ်သည့် အလေးထားဖွယ်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တစ်ရပ်ကို ဖွံ့ဖြိုးလုပ်ဆောင်ရန် ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများနှင့်အတူ လုပ်ဆောင်မည်ဖြစ်သည်။

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများထံတွင် စောစီးစွာလူလားမြောက်ခြင်း သို့မဟုတ် နှောင့်နှေးစွာလူလားမြောက်ခြင်းကို ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များရှိလျှင် အောက်ပါစစ်ဆေးမှုများပြုလုပ်ရန် အကြံပြုနိုင်သည်။

  • FSH (မွေးညှင်းပေါက်များအား လှုံ့ဆော်သည့် ဟော်မုန်း)၊ LH (လျူတင်နစ်ဇင်းဟော်မုန်း) နှင့် လိင်ဟော်မုန်း (အီစထရာဒီအိုးလ် သို့မဟုတ် တက်စတိုစထရွန်း) အဆင့်များအတွက် သွေးစစ်ခြင်း
  • အရိုးသက်တမ်းစစ်ဆေးသည့် ဓာတ်မှန် (အရိုး၏ ဖွံ့ဖြိုးမှုသက်တမ်းနှင့် ရင့်မာမှုကို တိုင်းတာသည့် ဓာတ်မှန်)

ပြဿနာတစ်ရပ်ရပ်ကို စစ်ဆေးတွေ့ရှိရလျှင် ကျန်းမာရေးစောင့်ရှောက်မူပံ့ပိုးသူသည် လူနာကို အကျိတ်နှင့် ဟော်မုန်းမူမမှန်ရောဂါအထူးကုထံသို့ လွှဲပေးနိုင်သည်။ စောစီးစွာလူလားမြောက်ခြင်းဖြစ်လာခဲ့လျှင် လူလားမြောက်ခြင်းကို ယာယီအားဖြင့် ရပ်တန့်ရန်နှင့် အရိုးရင့်မာမှုနှုန်းကို လျော့နည်းစေရန် ဆေးဝါးများကို အသုံးပြုနိုင်သည်။ နှောင့်နှေးစွာလူလားမြောက်ခြင်းဖြစ်လာခဲ့လျှင် လူလားမြောက်ခြင်းကို လှုံ့ဆော်ရန် ဟော်မုန်းအစားထိုးကုထုံးကို ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။

တခါတရံတွင် လူလားမြောက်ခြင်းကို အခြားသူများထက် စောစီးစွာ သို့မဟုတ် နောက်ကျစွာ ကြုံတွေ့ရခြင်းသည် အခက်အခဲများရှိနိုင်သည်။ ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများကို စိတ်ညာရှင် သို့မဟုတ် ဆွေးနွေးအတိုင်ပင်ခံသူထံသို့လည်း လွှဲပြောင်းပေးနိုင်သည်။ စောစီးစွာလူလားမြောက်ခြင်း သို့မဟုတ် နှောင့်နှေးစွာလူလားမြောက်ခြင်းတို့၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန်နှင့် စီမံခန့်ခွဲမှုပြုလုပ်ရန် အရေးကြီးသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ-၊ ဖေဖော်ဝါရီလ၊ ၂၀၁၉ ခုနှစ်