ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဆေးထိုးနှံခြင်းကြောင့် မသက်မသာခံစားရခြင်းကို ကလေးများ (သို့မဟုတ် လူကြီးများ) တွင် မကြာမကြာ တွေ့ရှိရပါသည်။ သင့်ကလေးက ဆေးထိုးအပ်များကို ကြောက်ရွံ့တုန်လှုပ်ခြင်းသည် အများနည်းတူပင်ဖြစ်သည်။ ဒေတာများအရ ကလေးအများစုသည် ဆေးထိုးအပ်များကို ကြောက်ရွံ့ကြောင်း သိရှိရသည်။
ဆေးထိုးအပ်အသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်ကြောက်ရွံ့မှုကို သင့်ကလေးက ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူပြုပေးနိုင်သည့် အဆင့်များရှိပါသည်။ နာကျင်ကိုက်ခဲမှုကို စီမံဆောင်ရွက်ရာတွင် အထောက်အကူပြုပေးနိုင်သည့်အရာများလည်းရှိပါသည်။
ဆေးထိုးအပ်အသုံးပြုခြင်းကြာင့် သင့်ကလေးကို အံ့ဩတုန်လှုပ်ခြင်းမရှိပါစေနှင့်။ သင့်ကလေးသည် ဆေးထိုးအပ်အသုံးပြုရန်လိုအပ်ကြောင်း သင်သိရှိပါက ရက်ချိန်းမတိုင်မီ ထိုအကြောင်းကို ၎င်းတို့ထံ ဆွေးနွေးပြောဆိုပါ။ အသက်အရွယ်နှင့် သင့်တော်သည့် အချိန်သတ်မှတ်ချက်နှင့် ဘာသာစကားကို သေသေချာချာ အသုံးပြုပါ။
စစ်ဆေးမှု သို့မဟုတ် ကာကွယ်ဆေးကို ရက်ချိန်းမတိုင်မီ စီစဉ်မထားပါက ထိုအကြောင်းအား သင့်ကလေးကိုလည်း အသိပေးပါ။
တခါတရံတွင် ဆရာဝန်များက စစ်ဆေးမှုများ ပြုလုပ်ရန် သင်ရုံးတက်နေစဉ်တွင် အကြံပြုပေးလိမ့်မည်ဖြစ်သည်။ သင့်ကလေးကို ရိုးရိုးသားသား စတင်ဆွေးနွေးထားပါက ကလေးက သင်ပြောဆိုသည့်အတိုင်း မှတ်ယူပြီး သင့်စကားကို ယုံကြည်လိမ့်မည်။
မည်သူကမှ ဆေးထိုးခံရန် သို့မဟုတ် သွေးစစ်ခံရန် မလိုချင်ပါ။ သို့သော် ၎င်းသည် ကျွန်ုပ်တို့ ကျန်းမာရေးအတွက် ကျွန်ုပ်တို့ ပြုလုပ်ရခြင်းဖြစ်သည်။ ရက်ချိန်းကို ငြင်းမရနိုင်ကြောင်း သင့်ကလေးက နားလည်သဘောပေါက်ပါစေ။ သို့သော် ရက်ချိန်းအတွင်း ကလေးများကို ရွေးချယ်မှုများ သင်က ပေးနိုင်ပါသည်။
သင့်ကလေး၏ ဆေးထိုးအပ်များကြောက်ရွံ့မှုနှင့်ပတ်သက်၍ သင်စိုးရိမ်ပူပန်ပါက သင့်စောင့်ရှောက်မှုအဖွဲ့သည် စစ်ဆေးမှုများ ပိုမိုချောမွေ့လွယ်ကူစွာ လုပ်ဆောင်နိုင်စေမည့် အစီအစဉ်ကို ကူညီပြုလုပ်ပေးနိုင်သည်။ ဆေးထိုးအပ်အသုံးပြုခြင်းမှ နာကျင်မှုကို သက်သာလျေ့ာပါးစေရန်အတွက် ထုံဆေးခရင်၊ J-Tip သို့မဟုတ် အခြား ရွေးချယ်စရာများ နှင့် ပတ်သက်၍ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ဝင်ထံ မေးမြန်းပါ။ ကလေးဘဝလေ့လာမှုဆိုင်ရာ အထူးကု သည် ဆေးထိုးအပ်များနှင့်ပတ်သက်ပြီး သင့်ကလေး ပိုမိုသက်တောင့်သက်သာရှိစေရန်အတွက် ဆေးကုသသကဲ့သို့ ကစားနည်းပြုလုပ်ရန် အကြံပြုပေးနိုင်သည်။
စနစ်ကျသည့်စီမံချက်နှင့်အတူလုပ်ဆောင်ပါက ဆေးထိုးအပ်များအပေါ် ပုံမှန်အားဖြင့်ကြောက်ရွံ့မှုကို အချိန်ရလာသည်နှင့်အမျှ လျော့နည်းသွားစေနိုင်သည်။ သင့်ကလေးသည် ဆေးထိုးအပ်အသုံးပြုမှုများနှင့် ပတ်သက်၍ ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်သောကဖြစ်ခြင်းကို အမြဲကြုံတွေ့ရနိုင်သော်လည်း ကလေးများ၏ ဖြေရှင်းနည်းစွမ်းရည်များကို အချိန်ကြာလာသည့်အခါ တိုးတက်ကောင်းမွန်စေနိုင်သည်။
သင်နှင့် စောင့်ရှောက်မှုအဖွဲ့သည် အစီအစဉ်တစ်ခုဖြင့် ဆောင်ရွက်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်သော်လည်း သင့်ကလေး၏ ကြောက်ရွံ့မှုသည် တိုးတက်ကောင်းမွန်လာခြင်းမရှိလျှင် (သို့မဟုတ် ပိုမိုဆိုးရွားလာလျှင်) ၎င်းသည် သင့်ကလေးအတွက် မတူညီသည့် ပံ့ပိုးရန်ရွေးချယ်စရာများအကြောင်းကို ဆွေးနွေးပြောဆိုရန် အချိန်ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပွားပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် အကြံပြုချက်များ ပြုလုပ်ပေးနိုင်သည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2022 ခုနှစ်