အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အကြားအာရုံဆုံးရှုံးမှုကြောင့် အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်း

အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းဆိုတာဘာလဲ။

အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်းဆိုသည်မှာ အကြားအာရုံခံဆုံးရှုံးမှု အမျိုးအစားအချို့နှင့်ပတ်သက်၍ ကူညီပေးနိုင်သည့် ဆေးကုသရေးသုံးပစ္စည်းကိရိယာဖြစ်ပါသည်။

ဤကိရိယာတွင် အစိတ်အပိုင်း 2 ခုပါဝင်သည်။ အစိတ်အပိုင်းတစ်ခုကို ခေါင်းပြင်ပရှိ နားနောက်ဖက်တွင် တပ်ဆင်ရသည်။ စက်၏ အခြားအစိတ်အပိုင်းကို ခွဲစိတ်မှုပြုလုပ်ပြီး အတွင်းနား (cochlea) အတွင်းတွင် တပ်ဆင်ရသည်။

အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်းဆိုသည်မှာ အကြားအာရုံခံဆုံးရှုံးမှု အမျိုးအစားအချို့နှင့်ပတ်သက်၍ ကူညီပေးနိုင်သည့် ဆေးကုသရေးသုံးပစ္စည်းကိရိယာဖြစ်ပါသည်။ ဤကိရိယာတွင် အစိတ်အပိုင်း 2 ခုပါဝင်သည်။ အစိတ်အပိုင်းတစ်ခုကို ခေါင်းပြင်ပရှိ နားနောက်ဖက်တွင် တပ်ဆင်ရသည်။ စက်၏ အခြားအစိတ်အပိုင်းကို ခွဲစိတ်မှုပြုလုပ်ပြီး အတွင်းနား (cochlea) အတွင်းတွင် တပ်ဆင်ရသည်။

အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်းသည် လျှပ်စစ်လှိုင်းများကို အသုံးပြုပြီး အသံကို အတွင်းနားနှင့် အသံကြားစေနိုင်သည့် (အကြား) အာရုံကြောထံ ပို့လွှတ်သည်။ ဦးနှောက်သည် အဆိုပါ သင်္ကေတများကို အသံအဖြစ် နားလည်အောင်ပြုလုပ်ပေးသည်။

အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်းသည် အတွင်းနားပျက်စီးမှုကြောင့် ဖြစ်ပွားသော အကြားအာရုံဆုံးရှုံးမှုနှင့်ပတ်သက်ပြီး အကူအညီ ရရှိစေနိုင်သည်။ ဤသည်ကို အကြားအာရုံကြောရောဂါကြောင့် အကြားအာရုံဆုံးရှုံးမှုဟုခေါ်သည်။ အချို့သော ကီမိုကုထုံး ဆေးဝါးများ သို့မဟုတ် ရေဒီယိုဓာတ်ရောင်ခြည်ကုထုံးသည် ဤကဲ့သို့သော အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။

အကြားအာရုံခံအင်္ဂါအတုထည့်ပြီးသည့်နောက် လူနာများအနေဖြင့် ကိရိယာအသုံးပြုနည်းကို သင်ယူရန်နှင့် အကြားအာရုံနှင့် စကားပြောဆိုနိုင်မှုစွမ်းရည်များ တိုးတက်လာစေရန် ကုထုံးကို လိုအပ်သည်။ သင့် အကြားအာရုံခံအင်္ဂါအတု စောင့်ရှောက်ရေးအဖွဲ့တွင် ပုံမှန်အားဖြင့် အကြားအာရုံပိုင်းကျွမ်းကျင်ပညာရှင်၊ နား၊နှာခေါင်း၊ လည်ချောင်းဆရာဝန် (ENT ဆရာဝန်) နှင့် စကားပြော ဘာသာစကား ရောဂါရှာဖွေရေးကျွမ်းကျင်သူတို့ ပါဝင်လေ့ရှိသည်။

အကြားအာရုံခံအင်္ဂါအတုက ဘယ်လိုလုပ်ဆောင်သလဲ။

အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းတွင် အတူတကွလုပ်ဆောင်သည့် အဓိကအစိတ်အပိုင်း 2 ရပ်ပါဝင်သည်- နား၏ နောက်တွင်တပ်ဆင်ရသော ပြင်ပအစိတ်အပိုင်းနှင့် ခွဲစိတ်မှုဖြင့်တပ်ဆင်ထားသော အတွင်းကိရိယာ။ သံလိုက်ဖြင့် ထိုအစိတ်အပိုင်း 2 ခုကို အတူတကွရှိစေရန် ထိန်းပေးထားသည်။

ပြင်ပကိရိယာ- အကြားအာရုံခံအင်္ဂါအတု၏ ပြင်ပအစိတ်အပိုင်းသည် နား၏ နောက်ဖက်တွင်ကပ်လျက်ရှိသည်။ ၎င်းတွင် အသံဖမ်းယူသည့် မိုက်ကရိုဖုန်းပါရှိသည်။ အသံလှိုင်းများကို အသံပရိုဆက်ဆာသို့ ပေးပို့သည်။ အသံပရိုဆက်ဆာများသည် အသံကို ဒစ်ဂျစ်တယ်သင်္ကေတအဖြစ်သို့ ပြောင်းပေးပါသည်။

ကိုယ်တွင်းကိရိယာ- အကြားအာရုံခံအင်္ဂါအတုတွင် အရေပြားအောက်၌တည်ရှိသည့် အသံဖမ်းစက်ပါရှိသည်။ ၎င်းသည် ဒစ်ဂျစ်တယ်သင်္ကေတများကို လက်ခံပြီး အတွင်းနားတွင်တပ်ထားသည့် သေးငယ်သော လျှပ်ငုတ်များထံသို့ သင်္ကေတများ ပေးပို့သည်။ လျှပ်ငုတ်များသည် အကြားအာရုံကြောကို လှုံ့ဆော်ပြီး ၎င်းအာရုံကြောသည် သတင်းပို့ချက်ကို ဦးနှောက်သို့ ပေးပို့သည်။ ဦးနှောက်သည် သတင်းပို့ချက်ကို အသံအဖြစ် နားလည်အောင်ပြုလုပ်ပေးသည်။

အကြားအာရုံခံအင်္ဂါအတုများ တပ်ဆင်ခြင်းသည် အကြားအာရုံကို တိုးတက်ကောင်းမွန်စေသော်လည်း ပုံမှန်နားကြားခြင်းနှင့်မတူကွဲပြားစွာ လုပ်ဆောင်သည်။ လူနာများအနေဖြင့် ကိရိယာအသုံးပြုနည်းကို သင်ယူရန်နှင့် အကြားအာရုံနှင့် စကားပြောဆိုနိုင်မှုစွမ်းရည်များ တိုးတက်လာစေရန် ကုထုံးကို လိုအပ်သည်။

အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းတွင် အတူတကွလုပ်ဆောင်သည့် အဓိကအစိတ်အပိုင်း 2 ရပ်ပါဝင်သည်- နား၏ နောက်တွင်တပ်ဆင်ရသော ပြင်ပအစိတ်အပိုင်းနှင့် ခွဲစိတ်မှုဖြင့်တပ်ဆင်ထားသော အတွင်းကိရိယာ။ သံလိုက်ဖြင့် ထိုအစိတ်အပိုင်း 2 ခုကို အတူတကွရှိစေရန် ထိန်းပေးထားသည်။

အကြားအာရုံခံအင်္ဂါအတုများထည့်ခြင်းကို ဘယ်သူတွေ ရယူနိုင်သလဲ။

အကြားအာရုံခံအင်္ဂါအတုများ တပ်ဆင်ခြင်းကို အောက်ပါ အသက် 12 လ သို့မဟုတ် အထက်ရှိသူများအတွက် ပြုလုပ်နိုင်ပါသည်-

  • ယခင်တွေ့ရှိထားသည့် နားနှစ်ဖက်လုံးတွင် အကြားအာရုံကြောရောဂါကြောင့် အကြားအာရုံဆုံးရှုံးမှု ဆိုးရွားစွာဖြစ်ပေါ်ခြင်း
  • အကြားအာရုံအကူအညီများထံမှ လုံလောက်သည့် အကျိုးကျေးဇူးမရရှိခြင်း
  • ဆေးကုသရေးအတွက် လိုအပ်သည့် ခွဲစိတ်မှုပြုလုပ်နိုင်စွမ်းရှိခြင်း
  • စကားပြောနှင့် အကြားအာရုံပိုင်းနှင့်ပတ်သက်၍ အထောက်အကူရရှိရန်အတွက် ကုထုံးခံယူရန် စိတ်ဆန္ဒရှိခြင်း
  • စက်ကိရိယာကို ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်နောက်ဆက်တွဲ ထိန်းသိမ်းစောင့်ရှောက်ရန် ကတိပြုနိုင်ခြင်း

အကြားအာရုံခံအင်္ဂါအတု တပ်ဆင်ရန် ခွဲစိတ်မှု မတိုင်မီနှင့် ပြုလုပ်စဉ် မည်သည့်အရာဖြစ်ေပါ်သနည်း

ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့သည် အကြားအာရုံခံအင်္ဂါအတုတပ်ဆင်မှု မပြုလုပ်မီ၊ ပြုလုပ်စဉ်နှင့် ပြုလုပ်ပြီးနောက်ပိုင်းတွင် အထောက်အကူရရှိစေမည်ဖြစ်သည်။ သင့် အကြားအာရုံခံအင်္ဂါအတု စောင့်ရှောက်ရေးအဖွဲ့တွင် ပုံမှန်အားဖြင့် အကြားအာရုံပိုင်းကျွမ်းကျင်ပညာရှင်၊ နား၊နှာခေါင်း၊ လည်ချောင်းဆရာဝန် (ENT ဆရာဝန်) နှင့် စကားပြော ဘာသာစကား ရောဂါရှာဖွေရေးကျွမ်းကျင်သူတို့ ပါဝင်လေ့ရှိသည်။ သင်သည် စိတ်ပညာရှင်ကလေးဘဝလေ့လာမှုဆိုင်ရာ အထူးကု၊ သို့မဟုတ် လူမှုလုပ်သား နှင့်လည်း တွေ့ဆုံမည်ဖြစ်ပါသည်။

အကြားအာရုံခံအင်္ဂါအတုတပ်ဆင်ရန် ခွဲစိတ်ကုသမှုသည် ပြင်ပလူနာ သို့မဟုတ် အတွင်းလူနာ လုပ်ငန်းစဉ်ဖြစ်နိုင်သည်။ လူနာများအနေဖြင့် ခွဲစိတ်မှုအတွက် မေ့ဆေး အသုံးပြုရပါသည်။ ခွဲစိတ်ဆရာဝန်သည် နားနောက်ဖက်တွင် ဓားရာငယ်တစ်ခုပေးပြီး အတွင်းနားထဲသို့ လျှပ်ငုတ်များ ကို တပ်ဆင်ရန် အပေါက်ငယ်တစ်ခုကို ဖန်တီးပါသည်။ ဖမ်းစက်ကို နားနောက်ဖက်ရှိ အရေပြားအောက်တွင် တပ်ဆင်ထားသည်။

ခွဲစိတ်မှုသည် နားတစ်ဖက်အတွက် အချိန် 2 နာရီခန့် ကြာမြင့်လေ့ရှိသည်။ သင်သည် ခွဲစိတ်မှု နောက်ပိုင်း ပြန်လည်သက်သာကောင်းမွန်လာစေရန် အချိန်အနည်းငယ် အသုံးပြုရမည်ဖြစ်သည်။ သင့်စောင့်ရှောက်မှုအဖွဲ့သည် ခွဲစိတ်မှုနောက်ပိုင်း သင်အိမ်ပြန်နိုင်သည့်အချိန်ကို သင့်အား အသိပေးမည်ဖြစ်သည်။

အကြားအာရုံခံအင်္ဂါအတု တပ်ဆင်ရန် ခွဲစိတ်မှု နောက်ပိုင်းတွင် မည်သည့်အရာဖြစ်‌ပေါ်သနည်း။

သင်အိမ်မပြန်မီ သင်သည် ခွဲစိတ်ဓားရာအား စောင့်ရှောက်နည်းနှင့် ပတ်တီးလဲနည်းကို သင်ယူရမည်ဖြစ်ပါသည်။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် သင့် အကြားအာရုံပိုင်းကျွမ်းကျင်ပညာရှင်သည် အကြားအာရုံခံအင်္ဂါအတုကို စတင်လုပ်ဆောင်ပေးမည်ဖြစ်ပြီး စက်ကိရိယာ အသုံးပြုနည်းနှင့် ထိန်းသိမ်းစောင့်ရှောက်နည်းကို သင်ကြားပေးမည်ဖြစ်သည်။

လူနာများသည် အကြားအာရုံပိုင်းကျွမ်းကျင်ပညာရှင်နှင့် စကားပြောဘာသာစကား ရောဂါရှာဖွေရေးကျွမ်းကျင်သူနှင့်အတူ ပုံမှန် ပြန်လည်ထူထောင်ရေး တွေ့ဆုံပြသမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းကို ချိန်ညှိလုပ်ဆောင်ရန်နှင့် အကြားနှင့် စကားပြောစွမ်းရည်များ သင်ယူမှုကို ပြုလုပ်ရန် အချိန်ယူရနိုင်ပါသည်။

အကြားအာရုံခံအင်္ဂါအတု တပ်ဆင်မှုအစီအစဉ် အခြေအနေတည်ငြိမ်သွားသည်နှင့် လူနာများသည် အကြားအာရုံပညာရှင်တစ်ဦးနှင့်အတူ တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- 2021 ခုနှစ်၊ မေလ