အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

COVID-19 လူနာအများစုကို အိမ်တွင် ပြုစုစောင့်ရှောက်ပါမည်။ ဤကာလတွင် အောက်ပါတို့ကို လုပ်ဆောင်ရန် အရေးကြီးသည်-

  • ရောဂါလက္ခဏာများကို ဆရာ၀န်၏ လမ်းညွှန်ချက်များနှင့်အညီ ကုသပါ။
  • နာမကျန်းဖြစ်မှု ပိုမိုဆိုးရွားလာသည့် လက္ခဏာများကို စောင့်ကြည့်ပါ။
  • အခြားသူများထံသို့ COVID-19 ပျံ့နှံ့မှုကို တားဆီးပါ။
အိမ်တွင်း၌သာ သီးသန့်နေခြင်းဆိုသည်မှာ လူနာတွင် COVID-19 ရှိကြောင်း အတည်ပြုထားပြီး သို့မဟုတ် သံသယရှိပြီး သူကို အိမ်၌ ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်။ ရောဂါလက္ခဏာများ သက်သာလာသည်အထိနှင့် ကူးစက်မှုမဖြစ်နိုင်တော့သည်အထိ လူနာများသည် အိမ်၌သာနေပြီး အခြားသူများနှင့် သီးခြားနေသင့်သည်။

COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်နည်း

  • ကြုံတွေ့ရမည့် ရောဂါလက္ခဏာများကို သိရှိအောင်လုပ်ပါ။ ဖြစ်တတ်သော COVID-19 ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်သည်။ အခြားလက္ခဏာများတွင် နုံးခွေခြင်း၊ ခန္ဓာကိုယ်ယားယံခြင်းနှင့် ချမ်းတုန်ခြင်းတို့ ပါဝင်သည်။ အချို့လူများတွင် နှာရည်ယိုခြင်း၊ အနံ့ နှင့်/သို့မဟုတ် အရသာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ကို ကုသနိုင်သော သို့မဟုတ် ရောဂါလက္ခဏာများ အရှင်းပျောက်ကင်း သက်သာစေနိုင်သော ဆေးဝါးမရှိပါ။
  • လူနာသည် အရည်များများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေပါ။
  • လူနာကို အနားယူခိုင်းပါ။
  • ဆရာ၀န်အကြံပြုထားသည့် ဝယ်ရလွယ်ကူသောဆေးဝါးများဖြင့် ရောဂါလက္ခဏာများကို ကုသပါ။
  • ရောဂါလက္ခဏာများကို စောင့်ကြည့်လေ့လာပြီး အရေးပေါ်သတိပေးချက် လက္ခဏာများကို စောင့်ကြည့်ပါ-
    • အသက်ရှူရခက်ခြင်း
    • မရပ်မနား ရင်ဘတ် အောင့်ခြင်း သို့မဟုတ် နာခြင်း
    • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
    • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း

မိမိစိုးရိမ်သော ရောဂါလက္ခဏာများအကြောင်းကို ဆရာ၀န်နှင့် ဆွေးနွေးပါ။ ဤစာရင်းတွင် ပိုမိုအဖြစ်များသော သတိပေးချက်လက္ခဏာအချို့ ပါဝင်သည်။ အခြားအရာများလည်း ရှိနိုင်သည်။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် ၉၁၁ ကို ဖုန်းခေါ်ပါ။ လူနာတွင် COVID-19 ရှိကြောင်းကို စေလွှတ်သူနှင့် တုံ့ပြန်ဖြေဆိုသူများကို အသိပေးပါ။

ထောက်ခံအကြံပြုထားသော အိမ်၌ ကြိုတင်ကာကွယ်မှုများ

အခြားသူများထံသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းအန္တရာယ်ကို လျှော့ချရန်အတွက် လူနာကို အခြားသူများနှင့် အဝေးတွင်ထားပါ။

  • လူနာကို သီးခြားအခန်းတစ်ခန်းတွင် နေစေပြီး အခြားမိသားစုဝင်များနှင့် တတ်နိုင်သမျှ အဝေးတွင် ထားပါ။
  • အခြားသူများနှင့် အနီးတစ်ဝိုက်တွင်ရှိနေသောအခါ လူနာကို နှာခေါင်းစည်း တပ်ဆင်ခိုင်းပါ။ လူနာ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များမှတစ်ဆင့်  ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိုသို့တပ်ဆင်ထားခြင်းက ကာကွယ်ပေးသည်။ သို့သော် အသက် ၂ နှစ်အောက် ကလေးငယ်များကို နှာခေါင်းစည်းများ တပ်မပေးပါနှင့်။
  • မိမိအိမ်တွင် ဧည့်သည်များ လက်မခံပါနှင့်။
  • လူနာကိုပြုစုပေးသော မိသားစုဝင်အရေအတွက်ကို ကန့်သတ်ထားပါ။ ဖြစ်နိုင်လျှင် ကျန်းမာသော ပြုစုစောင့်ရှောက်သူတစ်ဦးသာ ထားရှိနိုင်ရန် ကြိုးစားပါ။
  • မိသားစုပြုစုစောင့်ရှောက်သူသည် ပြုစုပေးသည့် လုပ်ဆောင်ချက်များနှင့် တုံ့ပြန်မှုများအားလုံးအတွက် နှာခေါင်းစည်းကို တပ်ဆင်သင့်သည်။ မိသားစုဝင်နှင့် လူနာနှစ်ယောက်လုံး နှာခေါင်းစည်းတပ်ဆင်လျှင် အကောင်းဆုံးဖြစ်သည်။ ထိတွေ့ဆက်ဆံမှုများကို တတ်နိုင်သမျှ ကန့်သတ်ပါ။ နှာခေါင်းစည်း စိုစွတ်သွားလျှင် သို့မဟုတ် ညစ်ပတ်နေလျှင် ခြောက်သွေ့သန့်ရှင်းသော နှာခေါင်းစည်းတစ်ခုနှင့် ချက်ချင်း လဲလှယ်တပ်ဆင်ပါ။
  • လူနာ၏အခန်းတံခါးကို ပိတ်ထားပါ။
  • ဖြစ်နိုင်လျှင် သန့်စင်ခန်းကို လူနာသီးသန့် အသုံးပြုနိုင်အောင် စီစဉ်ပေးပါ။
  • အများသုံး ဧည့်ခန်း၊ မီးဖိုချောင် သို့မဟုတ် စားသောက်သည့်နေရာများကို လူနာ အသုံးမပြုပါစေနှင့်။ အများသုံးနေရာများကို လူနာ အသုံးပြုရတော့မည်ဆိုလျှင် မိသားစုဝင်များအားလုံးသည် နှာခေါင်းစည်း တပ်ဆင်ထားသင့်သည်။
နှာခေါင်းစည်းတပ်ဆင်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ နှားနှစ်ဖက်တွင် ချိတ်တပ်ပြီး နှာခေါင်းထိပ်မှစ၍ မေးစေ့အောက်အထိ ဖုံးအုပ်ပါ။ နှာခေါင်းစည်းသည် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်နေသင့်သည်။

အထူးသဖြင့် လူနာအသုံးပြုသော အိမ်သုံးပစ္စည်းများနှင့် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပါ။

  • ပိုးမွှားများကိုသတ်ရန် ပိုးသတ်ဆေးကို အသုံးပြုပါ။ ဖုန်းများ၊ ရီမုဒ်များနှင့် တံခါးလက်ကိုင်များကဲ့သို့ အထိအတွေ့များသော မျက်နှာပြင်ကို အထူးဂရုစိုက်ပါ။
  • တစ်ကိုယ်ရေသုံးပစ္စည်းများ သို့မဟုတ် အီလက်ထရောနစ် စက်ပစ္စည်းများကို လူနာနှင့် မျှဝေမသုံးစွဲပါနှင့်။
  • လူနာထံသို့ အစားအသောက်များကို ယူဆောင်ပေးပါ။ လူနာကို မျှဝေသုံးစွဲရသော အစားအစာထည့်သည့် ခွက်များ သို့မဟုတ် မီးဖိုချောင်သုံးပစ္စည်းများအား မထိကိုင်ပါစေနှင့်။
  • ပန်းကန်များကို ရေနွေးဖြင့် ဆေးကြောပါ သို့မဟုတ် ပန်းကန်ဆေးစက်ဖြင့် ဆေးကြောပါ။
  • အဝတ်အစားများကို ထောက်ခံအကြံပြုထားသည့် အပူဆုံးအပူချိန်တွင် ပြောင်စင်အောင် လျှော်ဖွပ်ပြီး လုံးဝခြောက်သွေ့သည်အထိ အခြောက်ခံပါ။
  • လူနာ၏နေရာများနှင့် လူနာအသုံးပြုထားသော ပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်သောအခါ အထူးဂရုစိုက်ပါ၊
    • တစ်ရှူးများ သို့မဟုတ် ဒိုက်ပါများအပါအဝင် လူနာ၏ခန္ဓာကိုယ်အရည်များကို ကိုင်တွယ်သည့်အချိန်တိုင်း တစ်ခါသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်ပါ။
    • လူနာ၏ ခန္ဓာကိုယ်အရည်များနှင့်ထိတွေ့ပြီးသော အဝတ်အစားများနှင့် အိပ်ရာခင်းများကို ချက်ချင်း ဆေးကြောလျှော်ဖွပ်ပါ။
    • ညစ်ပေနေသော အဝတ်အထည်များကို မိမိခန္ဓာကိုယ်နှင့်ဝေးရာတွင် ထားပါ။ လက်အိတ်များကိုချွတ်ပြီးသည်နှင့် တစ်ပြိုင်နက် လက်များကို ရေနှင့် ဆပ်ပြာဖြင့် စက္ကန့်နှစ်ဆယ်ကြာအောင် ဆေးကြောပါ။ ထောက်ခံအကြံပြုထားသော အပူနွေးဆုံးအပူချိန်ကိုအသုံးပြုပြီး အဝတ်အစားအညွှန်းစာပါ လမ်းညွှန်ချက်များကို လိုက်နာပါ။
    • မျက်နှာသုတ်ပဝါများနှင့် စောင်များကို မျှဝေမသုံးစွဲပါနှင့်။
  • လူနာအသုံးပြုရန်အတွက် အိတ်စွတ်အမှိုက်ပုံးတစ်ခုကို ထားပေးပါ။ တစ်ခါသုံး လက်အိတ်များနှင့် နှာခေါင်းစည်းများကို အိတ်စွတ်ထားသော အမှိုက်ပုံးထဲသို့ ပစ်ပါ။ အသုံးပြုပြီးသော တစ်ရှူးများကို အမှိုက်ပုံးထဲသို့ တိုက်ရိုက်စွန့်ပစ်ပါ။
  • အမှိုက်ပစ်သောအခါနှင့် အိတ်စွတ်ကိုလဲလှယ်သောအခါတွင်  လက်အိတ်များကို အမြဲ ဝတ်ဆင်ပါ။ လက်အိတ်များကို ချွတ်ပြီးနောက် လက်များကို ချက်ချင်း ဆေးကြောပါ။
  • တစ်ခါသုံး လက်အိတ်များမရှိလျှင် သန့်ရှင်းသော မီးဖိုချောင်သုံးလက်အိတ်များ သို့မဟုတ် မိမိခန္ဓာကိုယ်နှင့် လူနာအသုံးပြုသည့်ပစ္စည်းများကြားတွင် သန့်ရှင်းသော ရုပ်ဝတ္ထုအတားအဆီးပြုလုပ်ပေးနိုင်မည့် ပစ္စည်းတစ်ခုခုကို အသုံးပြုပါ။
တစ်ရှူးများ သို့မဟုတ် ဒိုက်ပါများအပါအဝင် လူနာ၏ခန္ဓာကိုယ်အရည်များကို ကိုင်တွယ်သည့်အချိန်တိုင်း တစ်ခါသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်ပါ။

တစ်ရှူးများ သို့မဟုတ် ဒိုက်ပါများအပါအဝင် လူနာ၏ခန္ဓာကိုယ်အရည်များကို ကိုင်တွယ်သည့်အချိန်တိုင်း တစ်ခါသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်ပါ။

လူနာ၏ ခန္ဓာကိုယ်အရည်များနှင့်ထိတွေ့ပြီးသော အဝတ်အစားများနှင့် အိပ်ရာခင်းများကို ချက်ချင်း ဆေးကြောလျှော်ဖွပ်ပါ။

လူနာ၏ ခန္ဓာကိုယ်အရည်များနှင့်ထိတွေ့ပြီးသော အဝတ်အစားများနှင့် အိပ်ရာခင်းများကို ချက်ချင်း ဆေးကြောလျှော်ဖွပ်ပါ။

အိမ်တွင်းနှင့် အိမ်ပြင်၌ ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် ဖော်ပြပါအဆင့်များကို မိသားစုအားလုံး လိုက်နာပါ။

  • မိသားစုဝင်များသည် လူနာနှင့် နောက်ဆုံးအနီးကပ်ထိတွေ့ပြီးနောက်တွင် ၁၄ ရက်ကြာ မိမိဘာသာ သီးခြားခွဲနေသင့်သည် သို့မဟုတ် လူနာ သီးသန့်ခွဲနေသည့်ကာလပြီးဆုံးပြီးနောက် ၁၄ ရက်ကြာ မိမိဘာသာ သီးခြားခွဲနေသင့်သည်။
  • ပါးစပ်နှင့် နှာခေါင်းကိုဖုံးအုပ်ပေးသော နှာခေါင်းစည်းကို ဝတ်ဆင်ပါ။
  • အခြားသူများနှင့် ၆ ပေ ခွာနေခြင်းဖြင့် လူမှုဘဝခပ်ခွာခွာနေခြင်းကို ကျင့်သုံးပါ။
  • လက်များကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။ သို့မဟုတ် အရက်ပြန် ၆၀% အနည်းဆုံး ပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြုပါ။
  • သင့်မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
  • အိမ်ရှိ အများသုံးအခန်းများတွင် လေဝင်လေထွက်နှင့် လေစီးဆင်းမှု ကောင်းစေရန်လုပ်ဆောင်ပါ။
  • အိမ်မွေးတိရစ္ဆာန်များကို လူနာနှင့်ဝေးရာတွင် ထားပါ။ ဖျားနာသော မိသားစုဝင်သည် ဖျားနာနေစဉ်အချိန်တွင် အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် တိရစ္ဆာန်များကို မကိုင်တွယ်သင့်ပါ။

COVID-19 အိမ်တွင်း ပြုစုစောင့်ရှောက်ရေးအတွက် အသုံးအဆောင်စာရင်း

  • နှာခေါင်းစည်းများ
  • တစ်ခါသုံးလက်အိတ်များ
  • လက်ဆေးဆပ်ပြာ
  • အရက်ပြန် ၆၀% အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်
  • အပူချိန်တိုင်း ကိရိယာ
  • ဝယ်ရလွယ်ကူသော အဖျားကျဆေး
  • တစ်ရှူးများ
  • တစ်ခါသုံး တစ်ရှူးလိပ်
  • အမှိုက်အိတ်စွပ်ထားသော အမှိုက်ပုံး
  • ပုံမှန်သုံး ပန်းကန်ဆေးဆပ်ပြာ
  • ပုံမှန်သုံး အဝတ်လျှော်ဆပ်ပြာ
  • အိမ်သုံး သန့်စင်ဆေးရည်နှင့် ပိုးသတ်ဆေး

အခြား အိမ်ထောင်စုဝင်များတွင် COVID-19 ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ပါက အစီအစဉ်တစ်ခု ထားရှိပါ

သင်၏ အဓိက ပြုစုစောင့်ရှောက်ပေးသူ သို့မဟုတ် ကလေးအထူးကုဆရာဝန်သို့ ဆက်သွယ်ပြီး အိမ်တွင် COVID-19 လူနာရှိကြောင်း အသိပေးပါ။ သင်ကိုယ်တိုင် သို့မဟုတ် မိသားစုထဲမှ တစ်ဦးဦးသည် COVID-19 ရောဂါလက္ခဏာများ စတင်ပြသပါက မည်သို့လုပ်ဆောင်သင့်ကြောင်း မေးမြန်းပါ။ သင်သည် ဆေးဝါးကုသမှုလိုအပ်ပါက သီးခြားညွှန်ကြားချက်များအတွက် ဆေးပေးခန်း သို့မဟုတ် ဆေးရုံကို ကြိုတင်ဖုန်းခေါ်ဆိုပါ။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် ၉၁၁ ကို ဖုန်းခေါ်ပါ။ လူနာတွင် COVID-19 ရှိကြောင်းကို စေလွှတ်သူနှင့် တုံ့ပြန်ဖြေဆိုသူများကို အသိပေးပါ။

အရေးပေါ်ဆက်သွယ်ရန် စာရင်းတစ်ခု ပြုစုပါ။ သင်၏ဆရာဝန်၊ ဆေးရုံနှင့် ဒေသန္တရ ပြည်သူ့ကျန်းမာရေးဌာနတို့၏ အမည်နှင့် ဖုန်းနံပါတ်များ ထည့်သွင်းပါ။ မိသားစုဝင်များ၊ မိတ်ဆွေများ၊ အိမ်နီးနားချင်းများ၊ ကျောင်းနှင့် အလုပ်မှ အဆက်အသွယ်များကဲ့သို့သော အသိပေးရန် လိုအပ်နိုင်သည့် အခြားသူများကိုလည်း ထည့်သွင်းပါ။

COVID-19 ပြီးနောက် အိမ်တွင်းသီးသန့်နေထိုင်ခြင်းကို အဆုံးသတ်ရန်အချိန်

COVID-19 မှ ပြန်လည်သက်သာလာသော အချိန်သည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိသည်။ အပျော့စား နာမကျန်းဖြစ်သူများသည် ၁ ပတ်မှ ၂ ပတ်အတွင်း သက်သာလာနိုင်သည်။ ပြင်းထန်သော နာမကျန်းဖြစ်ခြင်းမှ ပြန်လည်သက်သာရန် အချိန်ပိုကြာနိုင်သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် သီးသန့်နေထိုင်ပြီး အခြားသူများနှင့် ဝေးရာတွင်နေထိုင်ရန် အရေးကြီးသည်။

ယေဘုယျဆိုလျှင် အောက်ပါအခြေအနေတွင် အိမ်တွင်းသီးသန့်နေထိုင်ခြင်းကို အဆုံးသတ်နိုင်သည်-

  • ရောဂါလက္ခဏာစတင်ပြသသည့်အချိန်မှစ၍ အနည်းဆုံး ၁၀ ရက်ကြာပြီးနောက်။
  • ရောဂါလက္ခဏာများ (ချောင်းဆိုခြင်း၊ အသက်ရှူမဝခြင်း) တိုးတက်ကောင်းမွန်လာလျှင်။
  • လူနာသည် ဆေးဝါးများကိုအသုံးမပြုဘဲ ၂၄ နာရီကြာအောင် အဖျားကင်းစင်နေလျှင်။

အချို့လူနာများသည် နေကောင်းပြီးနောက်၌ပင် ချောင်းဆက်ဆိုးနေနိုင်ပြီး အခြားသူများအနီးတွင် နေ၍ရ၊ မရသိနိုင်စေရန် ဆရာ၀န်နှင့် ပြသသင့်သည်။ နေကောင်းလာပြီးနောက် COVID-19 အပျော့စားမှ အသင့်အတင့်ရှိသော လူအများစုသည် သီးသန့်နေထိုင်းခြင်းမပြီးဆုံးမီ ထပ်မံစမ်းသပ်စစ်ဆေးရန် မလိုအပ်ပါ။

COVID-19 ကို ပြင်းထန်စွာခံစားခဲ့ရသော သို့မဟုတ် ကိုယ်ခံအားအလွန်အားနည်းနေသော လူနာများသည် အခြားသူများနှင့် ယှဉ်တွဲမနေထိုင်မီ ထပ်မံစမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်နိုင်သည်။

လူနာသည် ဝေဒနာမှသက်သာလာသော်လည်း ပုံမှန်လှုပ်ရှားမှုများကိုလုပ်နိုင်ရန် စွမ်းအင်နှင့် အင်အားများကို ပြန်လည်ရရှိရန်အတွက် အချိန်ခဏကြာနိုင်သည်။

အိမ်ထောင်စုဝင် အားလုံးသည် လူနာတွင် ရောဂါလက္ခဏာများ ရပ်တန့်ပြီးနောက် ၁၄ ရက်ကြာသည့်တိုင်အောင် မိမိဘာသာ အသွားအလာ ကန့်သတ်သင့်သည်။ COVID-19 ရောဂါလက္ခဏာများ ပြသလာပါက သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။

သီးသန့်နေထိုင်ခြင်းနှင့် သီးခြားခွဲထားခြင်းတို့၏ ခြားနားချက်မှာ အဘယ်နည်း။

အိမ်တွင်း၌သာသီးသန့်နေခြင်း ဆိုသည်မှာ လူတစ်ဦးတွင် COVID-19 ရှိကြောင်း အတည်ပြုထားပြီး သို့မဟုတ် သံသယရှိပြီး ၎င်းကို အိမ်၌ ပြုစုစောင့်ရှောက်ခြင်း ဖြစ်သည်။ သီးသန့်ခွဲနေချိန်အတွင်း လူနာများသည် အိမ်တွင်နေထိုင်သင့်ပြီး မိမိကိုယ်ကိုယ် အခြားသူများနှင့် ခွဲခြားနေထိုင်သင့်သည်။ လူနာများသည် ရောဂါလက္ခဏာများ သက်သာကောင်းမွန်ပြီး ဆင့်ပွားကူးစက်ခြင်းမဖြစ်ပွားတော့သည်အထိ သီးသန့်နေထိုင်သင့်သည်။ ဤကာလတွင် အခြားသူများထံ COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အဆင့်များကို လိုက်နာရန် အရေးကြီးသည်။ အခြား အိမ်ထောင်စုဝင်များတွင် ပြင်းထန်နာမကျန်းဖြစ်မှုအတွက် အန္တရာယ်ရှိနိုင်ပါက သာ၍ပင် အရေးကြီးသည်။

သီးသန့်နေထိုင်ခြင်းအကြောင်းနှင့် နေမကောင်းလျှင် လုပ်ဆောင်ရမည့်အရာများအကြောင်းကို ပိုမိုလေ့လာရန်

သီးခြားခွဲထားခြင်း ဆိုသည်မှာ လူတစ်ဦးသည် COVID-19 ရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ပြီး အခြားသူများ၏ အဝေးတွင် နေထိုင်ခြင်းကို ဆိုလိုသည်။ ရောဂါလက္ခဏာများမပြလျှင်ပင် ဗိုင်းရပ်စ်ကို ပျံ့နှံ့စေနိုင်သောကြောင့် COVID-19 လူနာနှင့် ထိတွေ့ပြီးနောက် သီးခြားခွဲထားရန် အရေးကြီးသည်။ COVID-19 ရှိသူ၏ မိသားစု သို့မဟုတ် အိမ်ထောင်စုဝင်များသည် လူနာနှင့် နောက်ဆုံးအနီးကပ်ထိတွေ့ပြီးနောက်တွင် မိမိဘာသာ ၁၄ ရက် သီးခြားခွဲနေသင့်သည် သို့မဟုတ် လူနာသီးသန့်နေထိုင်ခြင်းပြီးနောက်တွင် ၁၄ ရက် သီးခြားခွဲနေသင့်သည်။ သီးခြားခွဲထားရမည့်အချိန်အကြောင်းကို ပိုမိုလေ့လာရန်

အနီးကပ်ထိတွေ့မှုဆိုတာ ဘာလဲ။

အနီးကပ်ထိတွေ့မှုဆိုသည်မှာ မိမိသည် COVID-19 ရှိသူနှင့် ၆ ပေအတွင်း၌ ရှိနေခဲ့ပြီး ထိတွေ့မှုသည် အချိန်တစ်ခုအထိကြာမြင့်ခြင်းကို ဆိုလိုသည်။ CDC ၏အဆိုအရ ပျမ်းမျှအချိန်သည် အနည်းဆုံး ၁၅ မိနစ် ဖြစ်သည်။ လူထု သို့မဟုတ် အိမ်ထောင်စုထိတွေ့ခြင်းအတွက် ၎င်းသည် နှာခေါင်းစည်းများ တပ်ထားသည်ဖြစ်စေ၊ မတပ်ထားသည်ဖြစ်စေ ထိတွေ့မှုဟု ယူဆသည်။

အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ထိတွေ့မှုအန္တရာယ်ရှိသည့်ကာလသည် ရောဂါလက္ခဏာမပြမီ ၂ ရက်အလို သို့မဟုတ် ရောဂါစမ်းသပ်တွေ့ရှိမှုမတိုင်မီ ၂ ရက်အလိုတွင်ဖြစ်ပြီး အိမ်တွင်းသီးသန့်နေထိုင်ခြင်းပြီးဆုံးရန် သတ်မှတ်ချက်များနှင့်ကိုက်ညီသည်အထိ ဆက်လက်အကြုံးဝင်သည်။

အနီးကပ်ထိတွေ့မှုနှင့် အနီးကပ်ခြေရာခံခြင်းအကြောင်းကို ပိုမိုဖတ်ရှုရန်

 

COVID-19 လူနာကို ပြုစုစောင့်ရှောက်ခြင်းအတွက် ထပ်ဆောင်း အရင်းအမြစ်များ

---
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ