အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာရောဂါခံစားနေရစဉ်အတွင်း အစားအစာဘေးကင်းရေး

ကင်ဆာနှင့် ကုသမှုကြောင့် လူနာ၏ကိုယ်ခံအားစနစ်အားနည်းသောအခါတွင် ခန္ဓာကိုယ်သည် အစားအစာတွင်တွေ့ရှိနိုင်သော ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို ခုခံနိုင်စွမ်း နည်းသွားသည်။ အစားအသောက်နှင့် အဖျော်ယမကာတွင် ပါဝင်သော ရောဂါပိုးမွှားများသည် နေမကောင်းဖြစ်စေခြင်း သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်း (GI) သို့ ပိုးဝင်ခြင်း ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ နာမကျန်းဖြစ်ခြင်းကို အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှု သို့မဟုတ် အစာအဆိပ်သင့်ခြင်းဟု ခေါ်သည်။

အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှု၏ လက္ခဏာများ

အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှု၏ ယေဘုယျလက္ခဏာများမှာ ဗိုင်းရပ်စ်ကြောင့် အစာအိမ်နှင့်အူရောဂါဖြစ်သည့် လက္ခဏာများနှင့် ပုံစံတူသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-

  • ဝမ်းလျှောခြင်း
  • အစာအိမ်အောင့်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • အဖျား
  • ချမ်းတုန်ခြင်း
  • ခေါင်းကိုက်ခြင်း၊
  • ကြွက်သားများနာခြင်းနှင့် အားနည်းခြင်း

လူအများစုသည် ပိုးဝင်ပြီး ရက်အနည်းငယ်အတွင်း စတင်ဖျားနာကြသည်။ သို့သော် အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှု၏ လက္ခဏာများသည် နာရီပိုင်းအတွင်း ပေါ်ပေါက်နိုင်သည် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် ရက်သတ္တပတ် သို့မဟုတ် ထိုထက်ပို၍ ကြာနိုင်ပါသည်။ 

အစားအစာမှတစ်ဆင့်ဖြစ်ပွားသော နာမကျန်းဖြစ်ခြင်းကို ခံစားရသည်ဟု သံသယရှိပါက-

  • ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို အသိပေးပါ။ 
  • အရည်များများသောက်ပါ။
  • ဖြစ်နိုင်ပါက သံသယရှိသော အစားအစာနှင့် အထုပ်အပိုးများကို သိမ်းထားပါ။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ထိုအရာများကို စစ်ဆေးနိုင်သည်။ 
  • သံသယရှိသော အစားအစာကို စားသောက်ဆိုင် သို့မဟုတ် အခြားအများပြည်သူနေရာတွင် စားသုံးခဲ့ပါက ဒေသဆိုင်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် အခြားသူများ နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။
ကလေးကင်ဆာဝေဒနာသည်ကလေးမှ ပန်ကိတ်အနှစ်အိုးကို မွှေနေသည်။

အစားအစာ မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် လက်များကို အမြဲဆေးပါ။

အစားအစာမှတစ်ဆင့် ဖြစ်ပွားသော နာမကျန်းမှုကို ကာကွယ်ရန်နည်းလမ်းများ

အခြေခံအဆင့်များသည် အစားအစာမှတစ်ဆင့် ဖျားနာခြင်းကို ကာကွယ်ရာတွင် ကူညီပေးနိုင်သည်။ လူနာ၏ ကိုယ်ခံအားစနစ် အားနည်းနေပါက အထူးသဖြင့် အဆိုပါအချက်များသည် အရေးကြီးသည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် လိုက်နာရမည့် အခြား အစားအသောက်ဆိုင်ရာ ဘေးကင်းရေးအဆင့်များကို မိသားစုဝင်များသိရှိစေရန် ကူညီပေးနိုင်ပါသည်။

အစားအစာမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ရန်နည်းလမ်းများ-

  • အစားအစာကို မှန်ကန်စွာ ကိုင်တွယ်ပါ။
  • အမှုန်အမွှား/ညစ်ပေခြင်းကို ရှောင်ကြဉ်ပါ။
  • အစားအစာများကို သေချာချက်ပြုတ်ပါ။
  • လူရည်ပါးနပ်စွာ ဈေးဝယ်ပါ။
  • ညစာအပြင်ထွက်စားပါက ဂရုတစိုက်ရှိပါ။

အစားအစာကို မှန်ကန်စွာ ကိုင်တွယ်ပါ။

အစားအစာကို မှန်ကန်စွာ ကိုင်တွယ်ရန် ဂရုစိုက်ခြင်းသည် အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှုကို လျှော့ချရာတွင် အဓိကအချက်ဖြစ်သည်။ အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှုသည် အစားအစာများကို မှန်ကန်စွာ မဆေးကြော သို့မဟုတ် မသိမ်းဆည်းခြင်းတို့မှ စတင်ဖြစ်ပွားသည်။

  • လက်များကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် ဆေးကြောပါ။
    • အစားအစာ မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် နှစ်ချိန်စလုံးတွင် လက်များကိုဆေးကြောပါ။
    • အစာမစားမီ လက်များကို အမြဲဆေးပါ။
  • သင့်တော်သော အပူချိန်ကို ထိန်းသိမ်းထားပါ။
    • ပူသောအစားအစာများကို 140° F အထက်တွင်ထား၍ အေးသောအစားအစာများကို 40° F အောက်တွင် ထားပါ။ အစားအစာများကို အခန်းအပူချိန်တွင် ၁ နာရီထက်ပို၍ မထားပါနှင့်။
    • အသား၊ ငါး သို့မဟုတ် ကြက်ငှက်တို့ကို မိုက်ခရိုဝေ့ သို့မဟုတ် ရေခဲသေတ္တာထဲတွင် အရည်ပျော်အောင်လုပ်ပါ။ ရေစက်များကို ပန်းကန်ဖြင့် ခံပါ။
    • အေးခဲထားသော အစားအစာများကို အရည်ပျော်အောင်လုပ်ပြီးပါက ချက်ချင်းအသုံးပြုပါ၊ ပြန်လည်အေးခဲစေရန် မလုပ်ဆောင်ပါနှင့်။
    • ပျက်စီး (ပုပ်သိုး) နိုင်သော အစားအစာများကို ဝယ်ယူပြီး သို့မဟုတ် ပြင်ဆင်ပြီး ၂ နာရီအတွင်း ရေခဲသေတ္တာထဲသို့ ထည့်ပါ။
  • အသီးနှင့် ဟင်းသီးဟင်းရွက်များကို မနွှာမီ သို့မဟုတ် မလှီးမီ သေချာစွာ ဆေးကြောပါ။
    • အသီးအနှံများ၏ အရွက်များကို စီးဆင်းနေသော ရေအောက်တွင် သီးသန့်ဆေးပါ။
    • အညစ်အကြေးမှန်သမျှကို သန့်ရှင်းရေးသုံး ကိရိယာအသန့်ဖြင့် ဆေးပါ။
    • ကြိုတင်ဆေးကြောထားသည်ဟု အမှတ်အသားပြုထားသည့် ထုပ်ပိုးထားသော အသုပ်များနှင့် အခြား ကြိုတင်လုပ်ဆောင်ထားသော ထုတ်ကုန်များကို ဆေးကြောပါ။
  • အောက်ပါဟင်းသီးဟင်းရွက်များကို ရှောင်ကြဉ်ပါ-
    • ချွဲသော သို့မဟုတ် မှိုတက်သည့် ပုံစံရှိသော။
    • ကုန်စုံဆိုင်တွင် လှီးထားပြီးဖြစ်သော။
  • အခြားအကြံပြုချက်များ-
    • သံဗူးများကိုမဖွင့်မီ ထိပ်ပိုင်းကို ဆပ်ပြာ၊ ရေတို့နှင့် ဆေးပါ။
    • ကုန်စိမ်း အစို့အညှောင့်များကို ရှောင်ကြဉ်ပါ။
    • အစားအစာတွင် ပြန်ထည့်ပြီး မွှေမည့် သို့မဟုတ် အသုံးပြုမည့် ဇွန်း၊ ခရင်းတစ်ခုခုဖြင့် ဘယ်တော့မှ မမြည်းပါနှင့်။
    • အခွံအက်နေသော ဥများကို လွှင့်ပစ်ပါ။
    • ပုံစံ သို့မဟုတ် အနံ့ပုံမှန်မဟုတ်သော အစားအစာများကို မစားပါနှင့်။

အမှုန်အမွှား/ညစ်ပေခြင်းကို ရှောင်ကြဉ်ပါ။

မချက်ပြုတ်ရသေးသော အစားအစာများမှ ဘက်တီးရီးယားပိုးမွှားများသည် အခြားအစားအစာများ သို့မဟုတ် မျက်နှာပြင်များသို့ အလွယ်တကူ ကူးပြောင်းနိုင်သည်။ မီးဖိုချောင် ဘေးကင်းရေးကို အထောက်အကူပြုနိုင်သည့် လွယ်ကူသောနည်းလမ်းများမှာ-

  • မီးဖိုချောင်သုံးပစ္စည်းများ၊ စားပွဲတင်ခုံများနှင့် စဉ်းနှီတုန်းများကို သန့်ရှင်းစွာထားပါ။
    • အစားအစာအမျိုးမျိုးကို လှီးရာတွင် သန့်ရှင်းသောဓားကိုသုံးပါ။
    • စားပွဲတင်ခုံနှင့် စဉ်းနှီတုန်းများကို ဆပ်ပြာရည်ပူနှင့် ဆေးပါ သို့မဟုတ် အရောင်ချွတ်ဆေး 1 ဆ၊ ရေ 10 ဆ ရောထားသော ဆေးရည်ကို အသုံးပြုပါ။
    • အစားအစာနှင့်တွဲသုံးရန် ပြုလုပ်ထားသော ပိုးသတ်ဆေးရည်ကို သုံးပါ။
  • အစားအစာများကို ခွဲထားပါ။
    • အသားစိမ်းကို အလုံပိတ်ထုပ်ပိုးထားပြီး ရေခဲသေတ္တာရှိ အသင့်စား အစားအစာများ၏ အဝေးတွင်ထားပါ။
    • စားပွဲတင်ခုံပေါ်တွင် အစားအစာများကို ခွဲခြားထားပါ။
    • အသားစိမ်း၊ အသီးအနှံနှင့် အသီးအရွက်များအတွက် စဉ်းနှီတုန်းတစ်ခုစီသုံးပါ။
  • အသားငါးများကို ကင်သည့်အခါ ချက်ပြုတ်ပြီးသည့်အသားများအတွက် ပန်းကန်အသန့်ကို သုံးပါ။

အစားအစာများကို သေချာချက်ပြုတ်ပါ။

အစားအစာများ အထူးသဖြင့် အသားနှင့် ကြက်ငှက်တို့ကို ဘေးကင်းသည့်အပူချိန်တွင် ချက်ပြုတ်ခြင်းသည် အစားအစာမှတစ်ဆင့် ဖြစ်ပွားသော ဖျားနာမှုကို လျှော့ချနိုင်သည်။

  • အသား အပူချိန်တိုင်းကိရိယာကို သုံးပါ။ အစားအစာ၏အထူဆုံးအပိုင်းရှိ အလယ်သို့ အသားအပူချိန်တိုင်းကိရိယာကို ထည့်ပါ။
    • အသားများကို 165° F တွင်ချက်ပါ။
    • ကြက်ငှက်များကို 180° F တွင်ချက်ပါ။
  • အသားကို ပန်းရောင်ပျောက်သွားသည်အထိ ချက်ပါ။
  • အသားမှထွက်သော အရည်သည် ကြည်လင်နေပါစေ။

မိုက်ခရိုဝေ့ထဲတွင် ချက်သောအခါ၊ ဘက်တီးရီးယားများ ရှင်သန်နေနိုင်သည့် မကျက်သောနေရာများမရှိစေရန် လုပ်ဆောင်ပါ။

  • ချက်ပြုတ်နေစဉ်အတွင်း ပန်းကန်ကို လှည့်ပါ။
  • ထမင်းကျန်ဟင်းကျန်များကို အဖုံး သို့မဟုတ် လေရှုပေါက်ပါသော ပလက်စတစ်အပိတ်ဖြင့် အပူပေးပါ။
  • မကြာခဏမွှေပါ။  

လူရည်ပါးနပ်စွာ ဈေးဝယ်ပါ။

အစားအစာမှတစ်ဆင့် ဖြစ်ပွားသော နာမကျန်းမှုကို ကုန်စုံဆိုင်မှစတင်၍ ကာကွယ်တားဆီးပါ။

  • "ရောင်းချသည့်" နှင့် "အသုံးပြုရန်" နေ့စွဲများကို စစ်ဆေးပါ။ သက်တမ်းလွန်နေသော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
  • လတ်ဆတ်သော ထုတ်ကုန်များကိုသာ ရွေးချယ်ပါ။ အောက်ပါတို့ကို ဂရုတစိုက်ကြည့်ပါ-
    • အသား၊ ကြက်ငှက်နှင့် ပင်လယ်စာတို့၏ ထုပ်ပိုးသည့်နေ့စွဲများ
    • အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၏ အမှတ်အသားများ
    • ဘူးထဲတွင်ထည့်ထားသော အစားအစာများအတွက် အလုံပိတ်ထားသော အထုပ်အပိုး
  • အောက်ပါ အစားအစာများကို ရှောင်ပါ-
    • ပျက်စီး၊ ဖောင်းကား၊ သံချေးတက် သို့မဟုတ် ချိုင့်ဝင်နေသော ဆီသွပ်ဘူးများ
    • နိုင်ငံခြားမှလာသော အသင့်စား အစားအစာများ
    • ရေခဲမထားသော မလိုင်နှင့် ပူတင်းပါဝင်သော အချိုပွဲနှင့် မုန့်များ။
    • ကိုယ်တိုင်ယူ စားသုံးရသော သို့မဟုတ် ကြီးမားသောသံဗူးထဲမှ အစားအစာများ
    • မခဲတခဲ ပြုလုပ်ထားသော ဒိန်ချဉ်နှင့် ရေခဲမုန့်
    • အမြည်းကျွေးသည့် အစားအစာ
    • ကွဲနေသော သို့မဟုတ် အေးခဲမထားသော ဥများ
  • အခြားသောဈေးဝယ်ခြင်းဆိုင်ရာအကြံပြုချက်များ-
    • အေးခဲပြီး ရေခဲသေတ္တာထဲထည့်ထားသော အစားအစာများကို အထူးသဖြင့် ပူအိုက်သော ရာသီတွင် ငွေရှင်းခါနီးမှ ယူပါ။
    • ဈေးဆိုင်မှ ပြန်ရောက်ရောက်ချင်း သစ်သီးဝလံများကို ရေခဲသေတ္တာထဲသို့ ထည့်ပါ။  

အပြင်ဆိုင်တွင် ဘေးကင်းစွာ စားသုံးပါ။

အစားအစာကို သိုလှောင်ခြင်းနှင့် ပြင်ဆင်ခြင်းနည်းလမ်းကို မသိရှိသောကြောင့် အပြင်ဆိုင်၌ ထွက်စားခြင်းတွင် ထပ်တိုးစိန်ခေါ်မှုများ ရှိနိုင်ပါသည်။ မိသားစုများသည် စားသောက်ဆိုင်များရှိ အစားအစာမှတစ်ဆင့် ဖြစ်ပွားသော နာမကျန်းမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်သည့်အရာများအား လုပ်ဆောင်နိုင်ပါသည်။

  • စားသောက်ဆိုင်၏ ကျန်းမာရေး စစ်ဆေးမှုအဆင့်ကို စစ်ဆေးပါ။ ၎င်းမှာ စားသောက်ဆိုင်သည် အစားအစာ ဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းနှင့် လိုအပ်ချက်များကို မည်မျှလိုက်နာကြောင်းသိရှိရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
  • ရောင်းချသူကို စကားပြောဆိုပါ။ လိုအပ်ချက်အသေးစိတ်ကို ကြိုတင်၍ ရှင်းပြပါ။
    • အစားအစာကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ခိုင်းပါ။
    • ဟင်းခတ်မှုန့်များကို တစ်ယောက်စာအတွက်သာ သီးသန့်အသုံးပြုပေးရန် တောင်းဆိုပါ။
    • အပူပေး၍ပိုးသတ်ထားသော အသီးဖျော်ရည်များကိုသာ သောက်ပါ၊ ၎င်းသည် ဘက်တီးရီယားများကို လျှော့ချပေးသည်။
    • အသားများကို သေချာကျက်သည့်အထိ ချက်ခိုင်းပါ။
  • အချို့သော မီနူး ရွေးချယ်စရာများကို ရှောင်ကြဉ်ပါ။
    • အသုပ်တန်းနှင့် ဘူဖေးများကဲ့သို့ ကိုယ်တိုင်ယူ သို့မဟုတ် အများနှင့် မျှဝေသော အစားအစာကို ရှောင်ကြဉ်ပါ။
    • ဟင်းသီးဟင်းရွက်အစိမ်းများကို ကန့်သတ်ပါ။
    • လတ်လတ်ဆတ်ဆတ်ညှစ်ထားသော အသီးဖျော်ရည်ကို သောက်သုံးပါ။
  • အခြားသော ထမင်းစားခြင်းဆိုင်ရာ အကြံပြုချက်များ-
    • ဇွန်း၊ ခရင်းများကို စားပွဲပေါ်တွင်ထက် လက်သုတ်ပဝါ၊ စားပွဲခင်းအသန့် သို့မဟုတ် အောက်ခံအခင်းများပေါ်တွင် တင်ထားပါစေ။ ၎င်းတို့မရှိပါက အသစ်များကို တောင်းပါ။
    • ထမင်းကျန်ဟင်းကျန်များအတွက် ထည့်စရာကိုတောင်းပြီး အစားအစာကို သင်ကိုယ်တိုင်ထည့်ပါ။
    • ထမင်းကျန်ဟင်းကျန်များကို ရေခဲသေတ္တာထဲသို့ အမြန်ဆုံးထည့်ပါ။

ဆေးရုံခန်းရှိ အစားအစာဘေးကင်းရေး

  • အစာမစားမီနှင့် စားပြီးနောက် လက်များဆေးကြောပါ။
  • ဖွင့်ပြီးသော သို့မဟုတ် ပုပ်သိုးနိုင်သော အစားအစာကို တစ်နာရီကြာပြီးနောက် ဖယ်ရှားပါ၊ အစားအစာပေါ်တွင် ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။
  • သတ်မှတ်ထားသော အမှိုက်ပုံးများသို့ အစားအစာကို စွန့်ပစ်ပါ။
  • ကလေး၏အခန်းတွင် အစားအစာကို မသိမ်းဆည်းပါနှင့်။ သတ်မှတ်ထားသော ရေခဲသေတ္တာကို အသုံးပြုပါ။
  • ရေခဲသေတ္တာထဲ ထည့်ထားသော အစားအစာပေါ်တွင် ကလေးအမည်နှင့် နေ့စွဲကို ရေးပါ။

နောက်ထပ် အချက်အလက်များ

နောက်ထပ်အချက်အလက်များအတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး၏ ဝဘ်ဆိုက်ရှိ ကင်ဆာဝေဒနာသည်အတွက် FDA ၏ အစားအစာ ဘေးကင်းရေး စာမျက်နှာ သို့ ဝင်ကြည့်ပါ။

အစားအစာ ဘေးကင်းရေးအတွက် သန့်ရှင်း၊ ခွဲခြား၊ ချက်ပြုတ်၊ အအေးခံပုံကို ပိုမိုလေ့လာပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018