အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရှားပါးဦးနှောက်အကျိတ်ရောင်ရောဂါ

Cerebri gliomatosis multiforme ဟုလည်းခေါ်သည်

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ဆိုတာ ဘာလဲ။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင်သည် အလွန်ဖြစ်ခဲပြီး ကြီးထွားနှုန်းမြန်သည့် ဦးနှောက်ကင်ဆာတစ်မျိုးဖြစ်သည်။ ထင်ရှားပြတ်သားပြီး ပုံမှန်ဆဲလ်ကဲ့သို့ဖြစ်နေသော အချို့သောကင်ဆာများနှင့် မတူသည့်အချက်မှာဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင်သည် ပျံ့လွယ်ပြီး ဦးနှောက်တစ်ရှူးထဲအထိပင် ပျံ့သွားတတ်သည်။ ဤကင်ဆာသည် ဦးနှောက်မျှင်ထူ တစ်ရှူးမြင်းတစ်မျိုးဖြစ်သော်လည်း ၎င်းသည် ဦးနှောက်မြွာအနည်းဆုံး ၃ မြွာပါဝင်သည့် တစ်ရှူးမြင်းဖြစ်သည်။ 

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင်သွေးတွင်း နှင့် ရိုးတွင်းခြင်ဆီတွင်းရှိဥပဒ်ပေးတတ်သည့်ကင်ဆာဖြစ်ပြီး ကုထုံးအပေါ် တုံ့ပြန်မှုကောင်းကောင်းမပြတတ်ပါ။ ကြပ်ကြပ်မတ်မတ်ကုသသည့် ကုထုံးဖြစ်စေကာမူရောဂါကြိုတင်ခန့်မှန်းချက်မှန်အောင် ထုတ်၍မရပါ။ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်အတွက် ကုသမှုတွင်ပုံမှန်အားဖြင့် ဓာတ်ရောင်ခြည်ကုထုံး နှင့် ကီမိုဆေးသွင်းခြင်း ကုထုံးတို့ ပါဝင်တတ်သည်။ ကင်ဆာသည် နေရာအနှံ့အပြားသို့ ပျံ့သွားတတ်ပြီး ဦးနှောက်တစ်ရှူးထဲအထိ ထိုးဖောက်ဝင်ရောက်သွားတတ်သောကြောင့်ကင်ဆာရောဂါကိုခွဲစိတ်ကုထုံးသုံးပြီး ဖယ်ထုတ်ရန် မဖြစ်နိုင်ပါ။

ဓာတ်ရောင်ခြည်ကုထုံးတွင် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကိုသုံးပြီး ကင်ဆာဆဲလ်များကို ကျုံ့အောင် သို့မဟုတ် သေအောင်လုပ်ကြပါသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

ဓာတ်ရောင်ခြည်ကုထုံးတွင် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကိုသုံးပြီး ကင်ဆာဆဲလ်များကို ကျုံ့အောင် သို့မဟုတ် သေအောင်လုပ်ကြပါသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်သည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ကလေးများတွင် ၁၀−၂၀ နှစ်အကြားတွင်ရှိသော အသက်ပိုကြီးသောကလေးများနှင့် မြီးကောင်ပေါက်များတွင် အဖြစ်များသည်။ ရောဂါရှာဖွေဖော်ထုတ်မှုအရ ဖြစ်တတ်သည့် အလယ်အလတ်အသက်အရွယ်မှာ ၁၂ နှစ်ဖြစ်သည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်၏ရောဂါလက္ခဏာများ

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်၏ ရောဂါလက္ခဏာများသည် ကလေး၏အသက်အရွယ်နှင့် အကျိတ်တည်နေရာအပေါ် မူတည်သည်။ ကင်ဆာကျိတ်သည် ဦးနှောက်တစ်ရှူးအတွင်းအထိပျံ့သွားတတ်သောကြောင့် ရောဂါလက္ခဏာကိုခန့်မှန်းရခက်နိုင်သည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်၏ရောဂါလက္ခဏာများမှာ−

  • အကြောဆွဲခြင်း၊ တက်ခြင်း
  • ခေါင်းကိုက်ခြင်း၊
  • ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် အမူအကျင့်ပြောင်းလဲခြင်း
  • မှတ်ဉာဏ် သို့မဟုတ် သိမြင်နိုင်စွမ်းများပြောင်းလဲလာခြင်း
  • အမြင်ဝေဝါးခြင်း
  • ဟန်ချက်မထိန်းနိုင်ခြင်း သို့မဟုတ် လမ်းလျှောက်ရခက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် လှုပ်ရှားသွားလာနိုင်သည့် အတိုင်းအတာပြောင်းလဲသွားခြင်းများ
  • ခန္ဓာကိုယ်၏ ဘယ်ခြမ်း သို့မဟုတ် ညာခြမ်း အားနည်းခြင်း၊ ထုံကျဉ်ခြင်း၊ စပ်ဖျဥ်းဖျဥ်းဖြစ်ခြင်း သို့မဟုတ် ခံစားမှုပြောင်းလဲခြင်း

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ကို ရှာဖွေဖော်ထုတ်မှု

ဆရာဝန်များသည် ဦးနှောက်အကျိတ်များကို နည်းပေါင်းစုံဖြင့် စမ်းသပ်စစ်ဆေးကြပါသည်။  

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။ 
    • ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ဖြစ်ရသည့် အကြောင်းရင်းကိုမသိရှိရသေးသော်လည်း ဆဲလ်များအတွင်းရှိ အချို့သောမျိုးဗီဇပြောင်းလဲမှုများသည် ဤအကျိတ်များနှင့် ဆက်စပ်မှုရှိသည်။ သို့ရာတွင် ဤအကျိတ်များနှင့် ဆက်စပ်နေသည့် မျိုးဗီဇပြောင်းလဲမှုများကို ဆရာဝန်များကလေ့လာနေကြပြီဖြစ်သည်။ 
  • အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုသည် ဦးနှောက်၊ ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးနှင့် အာရုံကြောများ၏ လုပ်ဆောင်ချက်ကို အကဲဖြတ်သုံးသပ်၍ရစေသည်။ ဤစမ်းသပ်စစ်ဆေးမှုများသည် မှတ်ဉာဏ်၊ အမြင်၊ အကြား၊ ကြွက်သားအင်အား၊ ဟန်ချက်၊ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းနှင့် တုံ့ပြန်မှုများပါဝင်သည့် ဦးနှောက်၏အမျိုးမျိုးသော လုပ်ဆောင်ချက်ရှုထောင့်များကို တိုင်းတာပေးပါသည်။ 
  • ပုံရိပ်ဖော်စမ်းသပ်စစ်ဆေးမှုများကို အကျိတ်ကို ဖော်ထုတ်နိုင်ရန်၊ အကျိတ်အရွယ်အစားကိုကြည့်ရန်နှင့် အဆိုပါအကျိတ်ကြောင့် ထိခိုက်သည့် ဦးနှောက်အစိတ်အပိုင်းများကို သိရှိရရန်အတွက် အထောက်အကူအဖြစ်သုံးပါသည်။ လူနာအများစုသည်ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT စကန်) နှင့် သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေခြင်း (MRI) များကိုသုံး၍ အကဲဖြတ်သုံးသပ်ကြပါသည်။ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်၌ အနားသတ်တိတိကျကျမရှိတတ်သောကြောင့် တစ်ခါတစ်ရံတွင် ၎င်းအကျိတ်ကို စကန်တွင် မြင်ရရန် ခဲယဥ်းပါသည်။ MRI သည် ဦးနှောက်အဖြူသားအတွင်းရှိ ပြောင်းလဲမှုများကို ပိုမိုကောင်းမွန်စွာ ထောက်လှမ်းနိုင်သောကြောင့် ၎င်းပုံရိပ်ဖော်နည်းကို သုံးစေလိုပါသည်။ အမ်အာအိုင်က ပြုလုပ်တဲ့ပုံရိပ်တွေဟာ အကျိတ်ရဲ့အမျိုးအစား၊ ရောဂါရဲ့ပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်လို့ အချက်အလက် ပိုပေးနိုင်ပါတယ်။
  • ကျောရိုးအရည်ထဲရှိ ကင်ဆာဆဲလ်များရှိမရှိကြည့်ရန် ခါးဆစ်ကြားဖောက်ခြင်း ကို ပြုလုပ်နိုင်သည်။
  • ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အသားစထုတ်ယူစစ်ဆေးခြင်း ကို ပြုလုပ်ရသည်။ ဓာတ်ခွဲစစ်ဆေးမှုမှာ အကျိတ်နမူနာအသေးလေးကို ခွဲစိတ်မှုအတွင်း ဖယ်ရှားတာဖြစ်ပါတယ်။ အဆိုပါတစ်ရှူးနမူနာကို ရောဂါဗေဒပညာရှင် က အဏုကြည့်ကိရိယာဖြင့် စစ်ဆေးပြီး အကျိတ်၏ အမျိုးအစားကိုဖော်ထုတ်ပါသည်။
ကျောရိုးဝင်ရိုး MRI က မှတ်သားဖော်ပြပေးနေသည့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်

ကျောရိုးဝင်ရိုး MRI က မှတ်သားဖော်ပြပေးနေသည့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်

ကျောရိုးဝင်ရိုး MRI က မှတ်သားဖော်ပြပေးနေသည့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်

ကျောရိုးဝင်ရိုး MRI က ဖော်ပြပေးနေသည့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်အဆင့်ခွဲခြားသတ်မှတ်မှု

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်သည် ရှာဖွေဖော်ထုတ်ချိန်တွင် ပျံ့နှံ့ သို့မဟုတ် ပြန့်ပွားသည့် အဆင့်ဖြစ်နေသည်။ ကင်ဆာအဆင့်များ၏ ဖြစ်ရိုးဖြစ်စဥ်အတိုင်း မလာပေ။ သို့သော်လည်း ဆဲလ်များကိုအဏုကြည့်ကိရိယာအောက်တွင် ထားပြီးစစ်ဆေးကြည့်ခြင်း (အဏုကြည့်စစ်ဆေးခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း) သည် ရောဂါအဆင့်ကို သိရအောင် လုပ်ပေးပါသည်။ အကျိတ်ဆဲလ်များ ဥပဒ်ပြုတတ်လေ၊ အဆင့်ပိုမြင့်လေဖြစ်သည်။ အဆင့်မြင့်အကျိတ်များသည် လျင်မြန်စွာကြီးထွားကြပြီး ပျံ့နှံ့နိုင်ခြေပိုများသည်။ ယေဘုယျအားဖြင့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ကို WHO က သတ်မှတ်သည့် အဆင့် ၃ ဦးနှောက်မျှင်ထူ တစ်ရှူးမြင်းအဖြစ် အမျိုးအစားခွဲခြားကြသော်လည်း ၎င်းသည် အဆင့် ၂ သို့မဟုတ် ၄ ဖြစ်နေနိုင်သည်။

ပုံရိပ်ဖော်စစ်ဆေးမှုအပေါ်အခြေခံ၍ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ကို နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်−

  • အမျိုးအစား ၁ရောဂါပျံ့နှံ့မှုနှင့် ဦးနှောက်တစ်ရှူးတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုရှိသော်လည်း အကျိတ်မှာ ထုလိုက်ထည်လိုက်အထင်အရှားမရှိသေးပါ။
  • အမျိုးအစား ၂ – အကျိတ်ကို အထင်အရှားမြင်ရသော်လည်း ရောဂါပျံ့နှံ့မှုမရှိသေးပါ။

သိပ္ပံပညာရှင်များကလည်း အကျိတ်များကြီးထွားပုံကို နားလည်ရန်နှင့် ကုထုံးများစီစဥ်မှုကို ထောက်ကူပေးနိုင်ရန်အတွက် ကင်ဆာဆဲလ်များအတွင်းရှိ မျိုးဗီဇပြောင်းလဲမှုများကို လေ့လာလျက်ရှိပါသည်။ ကလေးများတွင် ဖြစ်တတ်သည့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်အပါအဝင် အချို့သောဦးနှောက်မျှင်ထူ တစ်ရှူးမြင်းများရှိ မျိုးဗီဇဆိုင်ရာ ရောဂါသွင်ပြင်များကိုပါ ရှာတွေ့ထားပြီးဖြစ်သည်။ လက်ရှိလေ့လာလျှက်ရှိသည့် မျိုးဗီဇများတွင် IDH1R132H ၊ H3F3AG34 ၊ CDKN2A နှင့် PDGFRA တို့ပါဝင်သည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ရောဂါ ကြိုတင်ခန့်မှန်းချက်

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်သည် ဥပဒ်ပေးတတ်ပြီး လျင်မြန်စွာကြီးထွားသည့် ရောဂါဖြစ်သည်။ အကျိတ်သည် လက်ရှိကုထုံးများကို ခံနိုင်ရည်ရှိသည့်အားလျော်စွာ ရောဂါကြိုတင်ခန့်မှန်းရလည်း ခက်တတ်ပါသည်။ ရောဂါအခြေအနေတိုးတက်မှုကို လွှမ်းမိုးသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • အကျိတ်၏ မော်လီကျူးနှင့် မျိုးဗီဇ ဆိုင်ရာ ရောဂါသွင်ပြင်များ
  • အဏုကြည့်စစ်ဆေးခြင်းက ရရှိလာသည့် အကျိတ်အဆင့်နှင့် ကုထုံးအပေါ်တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းမှုပြ အမှတ်အသားများ 
  • အသက်အရွယ် (အသက်ငယ်သည့် လူနာများသည် ရလဒ်ပိုကောင်းတတ်သည်။)
  • ကနဦးကုထုံးအပေါ် တုံ့ပြန်မှုနည်းခြင်း
  • ရောဂါရှာဖွေဖော်ထုတ်ချိန်တွင် ရောက်နေသည့် ရောဂါအတိုင်းအတာ  
  • ရောဂါရှာဖွေဖော်ထုတ်ချိန်တွင် သိမြင်မှုနှင့် အပြုအမူပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ပြောင်းလဲမှုနှင့် ကုထုံးဖော်ဆောင်နေချိန်တွင် ပြဿနာများပေါ်ထွက်လာမှု

အကျိတ်နှင့်ရောဂါ နှစ်ခုစလုံးအဆင့်မြင့်နေပါက ရလဒ်ကောင်းရန်မရှိပါ။ 

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ဝေဒနာရှင် ကလေးလူနာများတွင် အသက်ရှင်ရန် ပျမ်းမျှအချိန်သည် အဆိုပါရောဂါစစ်တမ်းထုတ်ပြီး ၁၇ လဖြစ်သည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ကုထုံး

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်သည် ဖြစ်ခဲပြီး ဥပဒ်ပေးတတ်သည့် ကင်ဆာဖြစ်ပြီး ၎င်းအတွက် စံကုထုံးအစီအစဥ်မရှိသေးပါ။ ရွေးချယ်နိုင်သည့် ကုထုံးများအပေါ် လွှမ်းမိုးသည့် အချက်များတွင် ရောဂါအတိုင်းအတာ၊ အကျိတ်တည်နေရာ၊ ကလေးအသက်နှင့် ပြုစုစောင့်ရှောက်မှု ဦးတည်ချက်များအပေါ်မူတည်သည်။ လူနာများသည် စမ်းသပ်ကုသမှု သုတေသနလုပ်ငန်း၌ ပါဝင်ချိန်တွင် ကုသမှုကို ရရှိနိုင်ပါသည်။

ထက်ဝက်ခန့်သော လူနာများသည် ကုထုံးအပေါ် တုံ့ပြန်မှုအချို့ပြပါလိမ့်မည်။ ကုထုံးအပေါ် တုံ့ပြန်မှုတွင် အကျိတ်အရွယ်အစားသေးသွားမှု နှင့်/သို့မဟုတ် ရောဂါလက္ခဏာကုသမှုအပိုင်းတွင် တိုးတက်မှု၊ လူနေမှုဘဝအရည်အသွေးတိုးတက်မှုများပါဝင်နိုင်သည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်အတွက် အထောက်အကူပြုစောင့်ရှောက်မှု

ကုထုံးကြောင့် လူနာများတွင် တိုးတက်မှုပြနေသော်လည်း ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်သည် လျင်မြန်စွာကြီးထွားပြီး အဟုန်တရွေ့ရွေ့တက်တတ်သည်။ မိသားစုများကလည်း မိမိတို့ကိုစောင့်ရှောက်ပေးနေသည့် အဖွဲ့အား ရောဂါအဆင့်တက်လာသည်နှင့်အမျှ ကြိုတင်မျှော်လင့်ထားရမည့် ပြဿနာများကိုမေးထားသင့်သည်။ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်ဝေဒနာရှင် လူနာများသည် ၎င်းတို့နာမကျန်းဖြစ်နေသည့် ကာလအတောအတွင်းတွင် ရုတ်တရက်တက်ခြင်းများကြုံရနိုင်သည်။ ဤ ရောဂါလက္ခဏာကို ထိန်းချုပ်ရန် အတက်ကျ ဆေးဝါးများကို သင့်တော်သလို အသုံးပြုသွားရပါမည်။ အာရုံကြောဆိုင်ရာဆေးပညာ ပါရဂူများကလည်း ရုတ်တရက်တက်ခြင်းအား စီမံခန့်ခွဲနိုင်ရန် ကူညီကြပါမည်။ နောက်ထပ်အဖြစ်များသည့် ရောဂါလက္ခဏာမှာ ခေါင်းကိုက်ခြင်းဖြစ်ပြီး ခေါင်းခွံတွင်း ဖိအား သို့မဟုတ် ဦးနှောက်အတွင်း ဖိအားကြောင့် ဖြစ်နိုင်သည်။ ၎င်းကို စတီးရွိုက်ဆေးများဖြင့် ဖြစ်စေ၊ အရည်လွှဲလမ်းကြောင်းကို ခွဲစိတ်ထည့်သွင်း၍ဖြစ်စေ ထိန်းနိုင်ပါသည်။ အရည်လွှဲလမ်းကြောင်းဆိုသည်မှာ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်များ ဦးနှောက်ထဲတွင် မအောင်းနိုင်အောင် စစ်ထုတ်ပေးသည့် ပြွန်ငယ်ဖြစ်သည်။ ရောဂါလက္ခဏာကိုထိန်းချုပ်ရန်လိုအပ်ချက်အပေါ် မူတည်၍ အရည်လွှဲလမ်းကြောင်းကို ယာယီထည့်သွင်းနိုင်သလို အပြီးထည့်ရခြင်းလည်းရှိနိုင်သည်။

ဤပုံတွင် အရည်လွှဲလမ်းကြောင်းထည့်ထားသည့် မိန်းကလေးတစ်ယောက်၏ပုံကို ပြထားသည်။ အရည်လွှဲလမ်းကြောင်းကို ခန္ဓာကိုယ်၏ရှေ့ပိုင်းသို့ထုတ်ထားပုံနှင့် နောက်ပိုင်းသို့ထုတ်ထားပုံများကို မတူညီသော ပုံစံများဖြင့် ပြသထားသည်။ အဆို့ရှင်၊ အရည်ထုတ်ပြွန်၊ ပြွန်ချောင်းစသည့် စက်အစိတ်အပိုင်းများကိုလည်း စာတန်းထိုးဖော်ပြထားသည်။ အရည်လွှဲလမ်းကြောင်းထည့်ထားရာ ဦးနှောက်သွေးပြန်ကြောနှင့် အရည်စီးဆင်းရာ ဝမ်းတွင်းမြှေးနေရာကိုလည်း စာတန်းထိုးဖော်ပြထားသည်။

အရည်လွှဲလမ်းကြောင်းဆိုသည်မှာ ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးနှောက်ရေဝင်ခြင်း) ကို ဟန့်တားရန်သုံးသည့် ပြွန်ငယ်ဖြစ်ပါသည်။

ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်နှင့် စပ်လျဥ်း၍ ရောဂါကြိုတင်ခန့်မှန်းချက်အပြည့်အစုံမထုတ်နိုင်မှုကို ထောက်ချင့်ပါက ကုထုံးရည်မှန်းချက်များနှင့် လူနေမှုဘဝအရည်အသွေးများအကြောင်းကို တိုင်ပင်ဆွေးနွေးမှုသည်လည်း အရေးကြီးပါသည်။ ဤတိုင်ပင်ဆွေးနွေးမှုများကို ပြုစုစောင့်ရှောက်မှုလုပ်ငန်းစဥ်အစောပိုင်းကပင် စတင်သင့်ပါသည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုကို ပေါင်းစပ်ဖော်ဆောင်ခြင်း သို့မဟုတ် လူနေမှုဘဝအရည်အသွေးဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းသည် လူနာနှင့် မိသားစုများအား ရောဂါလက္ခဏာများကို ထိန်းနိုင်ပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ကာ ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချ၍ရနိုင်စေပါသည်။

အခြားဆက်လက်လေ့လာရန်− ဦးနှောက်အကျိတ်များဖြစ်ပြီး နောက်ပိုင်းဘဝ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018