အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Rasburicase (ရက်စဘျူရီကေ့စ်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Elitek®

သည်အခြားအမည်များ:

Urate oxidase, recombinant urate oxidase

မကြာခဏအတှကျအသုံးပွု:

သွေးတွင် ယူရစ်အက်ဆစ်လွန်ကဲခြင်း (Hyperuricemia)

ကလစ်ဘုတ် သင်္ကေတ

Rasburicase (ရက်စဘျူရီကေ့စ်) အကြောင်း

Rasburicase (ရက်စဘျူရီကေ့စ်) သည် သွေးထဲရှိ ယူရစ်အက်ဆစ်ကိုလျော့ကျစေရန် ပေးသောဆေးဖြစ်သည်။ အချို့သော ကင်ဆာဆေးများကြောင့် သွေးထဲတွင် ယူရစ်အက်ဆစ် လွန်ကဲခြင်းများဖြစ်နိုင်ပါသည်။ ယူရစ်အက်ဆစ်လွန်ကဲခြင်းသည် ဂေါက်ရောဂါ တိုက်ခိုက်မှုများ သို့မဟုတ် ကျောက်ကပ်တွင်း ကျောက်တည်မှုများကို ဖြစ်စေနိုင်သည်။ ကင်ဆာဆေးကုထုံးကြောင့် ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာ ပေါ်နေသည့် လူနာများသည် Rasburicase (ရက်စဘျူရီကေ့စ်) ကို အခါအားလျော်စွာ လိုအပ်နိုင်ပါသည်။ ဤဆေးကို ဆေးရုံတွင်ဖြစ်စေ၊ ဆေးခန်းတွင်ဖြစ်စေ ပေးနိုင်သည်။

Rasburicase (ရက်စဘျူရီကေ့စ်) ကို စမပေးမီ လူနာတွင် G6PD ခေါ် အင်ဇိုင်းတစ်မျိုးချို့တဲ့နေခြင်းရှိမရှိကို စစ်ကြည့်ခြင်းခံရနိုင်ပါသည်။ G6PD ချို့တဲ့မှုဖြစ်နေသည့် အခြေအနေတွင် အချို့သော ဆေးဝါးများကို အသုံးပြုခြင်းသည် သွေးနီဥများကို ပျက်စီးစေတတ်ပါသည်။ G6PD ချို့တဲ့နေသည့် လူနာတွင် Rasburicase (ရက်စဘျူရီကေ့စ်) ကို မပေးသင့်ပါ။

Rasburicase (ရက်စဘျူရီကေ့စ်) ကို တစ်နေ့တစ်ကြိမ်သာ ပေးလေ့ရှိပါသည်။ လူနာများတွင် ဓာတ်မတည့်တုံ့ပြန်မှုဆိုင်ရာ လက္ခဏာများပေါ်လာခြင်းရှိမရှိကို စောင့်ကြည့်စစ်ဆေးသွားပါမည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ဝမ်းချုပ်ခြင်း
  • အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အနီကွက်ဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း
  • လည်ချောင်းနာခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင်− အဖျားတက်ခြင်း၊ အဖုအပိမ့်၊ အနီကွက်ထွက်ခြင်း၊ နုံးခွေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ မောခြင်းနှင့် အင်ပျဉ်ထခြင်းများပါဝင်သည်။

သွေးနီဥပြဿနာများ (သွေးနီဥကြေပျက်ခြင်း၊ သွေးထဲ၌ မက်ဟီမိုဂလိုဘင်တက်ခြင်း)− နှုတ်ခမ်းများ၊ လက်သည်းများ၊ အသားအရေများ ပြာခြင်း သို့မဟုတ် မီးခိုးရောင်သန်းနေခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရုတ်တရက်တက်ခြင်းများ၊ ခေါင်းမူးဝေခြင်း၊ သတိလစ်ခြင်း သို့မဟုတ် နုံးခွေခြင်း။ ၎င်းဘေးထွက်ဆိုးကျိုးမှာ ဖြစ်ခဲသော်လည်း အသက်အန္တရာယ်ဖြစ်စေတတ်ပါသည်။

ဤဘေးထွက်ဆိုးကျိုးများကို Rasburicase (ရက်စဘျူရီကေ့စ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • G6PD ချို့တဲ့မှုဖြစ်နေသည့် အခြေအနေတွင် Rasburicase (ရက်စဘျူရီကေ့စ်) ဆေးကို အသုံးပြုခြင်းသည် သွေးနီဥများကို ပျက်စီးစေတတ်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Rasburicase (ရက်စဘျူရီကေ့စ်) ရင်းမြစ်များ