အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရေဒီယိုဓာတ်ရောင်ခြည်အသုံးပြုခြင်း၏ ဘေးကင်းမှု

ရေဒီယိုဓာတ်ရောင်ခြည်အသုံးပြုခြင်း၏ ဘေးကင်းမှုနှင့်ပတ်သက်၍ မိဘများ သိထားရန် လိုအပ်သည့်အချက်များ

ကလေးသူငယ်ကင်ဆာရောဂါဖြစ်ပွားသူလူနာ၏ မိဘအနေဖြင့် သင့်ထံတွင် သင့်ကလေး၏ စောင့်ရှောက်မှု၊ ကုသမှုနှင့်ပတ်သက်သည့် မေးခွန်းများရှိနေနိုင်သည်။ စကန်ဖမ်းယူမှုများနှင့် စစ်ဆေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခြင်းသည် ကလေးများအတွက် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုများစွာဖြစ်နိုင်မဖြစ်နိုင်ကို သင်သိလိုနိုင်သည်။

သင့်ကလေးသည် (CT စကန် ကဲ့သို့) ပုံရိပ်ဖမ်းယူစစ်ဆေးမှုလိုအပ်ပြီး ဆေးကုသရေးအရ ပုံရိပ်ဖမ်းယူစစ်ဆေးမှုများကို လိုအပ်လျှင် ထိုသို့စစ်ဆေးမှုများပြုလုပ်ရသည့်အကျိုးကျေးဇူးများသည် အန္တရာယ်များထက် ပိုမိုသာလွန်ကြောင်း ကျွမ်းကျင်သူများက သဘောတူကြသည်။

သင့်ကလေးအနေဖြင့် စကန်ဖမ်းယူမှု သို့မဟုတ် စစ်ဆေးမှုမှ ရရှိသည့် ရေဒီယိုဓာတ်ရောင်ခြည်သည် အလွန်နည်းပါးပါသည်။ အမှန်တကယ်အားဖြင့် ၎င်းအဆင့်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ်သင်ရရှိသည့် ပုံမှန်နေ့စဉ်ဘဝအတွင်း ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှု၏ တူညီသောအဆင့်များနှင့် နှိုင်းယှဉ်နိုင်ပါသည်။

သုတေသနပြုချက်များအရ ၎င်းစစ်ဆေးမှုများမှ ထွက်ရှိသော ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုသည် သင့်ကလေးကို ထိခိုက်စေခြင်းမရှိပါ။ CT တစ်ကြိမ်ပြုလုပ်ခြင်းအားဖြင့် ဘဝတစ်သက်တာတွင် ကင်ဆာဖြစ်စေနိုင်သည့် အန္တရာယ်ကြီးကြီးမရှိပါ။ National Institutes of Health (အမျိုးသားကျန်းမာရေး ဆေးသိပ္ပံများအဖွဲ့)၏ အဆိုအရ ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုသည် စကန်ဖမ်းယူမှုအကြိမ် 10,000 လျှင် 1 ကြိမ်ခန့်သာရှိသည်။  

သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် ဖြစ်နိုင်ခြေရှိ ရေဒီယိုဓာတ်ရောက်ခြည်ဖြာထွက်မှု၏ အနိမ့်ဆုံးပမာဏအတိုင်းအတာကိုသာ ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ပါသည်။

X-Ray ရောင်ခြည်ဓာတ်မှန်ရိုက်ကူးမှုများ CT စကန်ဖမ်းယူမှုများ

ဆက်စပ် ဘလော့ဂ်ပို့စ်

သင့် ရေဒီယိုဓာတ်ရောင်ခြည်အသုံးပြုခြင်း၏ ဘေးကင်းမှုဆိုင်ရာ မေးခွန်းများအကြောင်းကို သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုခြင်း

သင်သည် ကလေးသူငယ်ကင်ဆာလူနာ၏ မိဘဖြစ်ပါက သင့်တွင် ပုံရိပ်ဖမ်းယူစစ်ဆေးမှုများနှင့်ပတ်သက်သည့်၊ အသုံးပြုမှုတွင်ပါဝင်သည့် ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုသည် သင့်ကလေးအတွက် ဘေးကင်းမကင်းနှင့်ပတ်သက်သည့် မေးခွန်းများရှိနိုင်ပါသည်။ ဤအကြံပေးချက်များသည် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုရာတွင် အထောက်အကူပြုနိုင်ပါသည်။

ဘလော့ဂ်ပို့စ်ကို ဖတ်ရှုပါ

ရုပ်ပုံဖမ်းယူစစ်ဆေးမှုများသည် မည်သည့်အတွက် အရေးကြီးသနည်း။

ဤစစ်ဆေးမှုများသည် ကင်ဆာကို ရှာဖွေစစ်ဆေးပြီး ကုသရာတွင် ဆရာဝန်အတွက် အထောက်အကူပြုသည့် အချက်အလက်အမြောက်အမြားကို ရရှိစေသည်။ ၎င်းသည် သမားတော်များအတွက် ခန္ဓာကိုယ်အတွင်းပိုင်း၏ 3D ရုပ်ပုံကို စစ်ဆေးကြည့်ရှုရန် နည်းလမ်းဖြစ်သည်။ ဆရာဝန်များသည် ကင်ဆာကို ရှာဖွေရန် ယင်းရုပ်ပုံများကို အသုံးပြုပါသည်။ အဆိုပါ ရုပ်ပုံများသည် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့အတွက် ကင်ဆာကုသနည်းလမ်းနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သည့် အကြံအစည်ကို ရရှိစေသည်။

ဥပမာအားဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အရိုးများ၊ တစ်ရှူးနှင့် သွေးကြောများ ၏ CT  ရုပ်ပုံများသည် X-ray ရောင်ခြည်ဓာတ်မှန်ထက်ပို၍ အသေးစိတ်သည်။

မိဘများအနေဖြင့် အရန်စစ်ဆေးမှုနည်းလမ်းသည် အလုပ်ဖြစ်မဖြစ် မေးမြန်းသင့်ပါသလား။

သင့်အနေဖြင့် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့၏ မေးခွန်းများကို မေးမြန်းရာတွင် အမြဲစိတ်အေးလက်အေးရှိသင့်ပါသည်။

စစ်ဆေးမှု သို့မဟုတ် စကန်ဖမ်းယူမှုမှ ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းလျှင် မေးမြန်းနိုင်ပါသည်။ တခါတရံတွင် အရန်စစ်ဆေးမှုနည်းလမ်းလည်း ရှိပါသည်။ အခြားဖြစ်စဉ်မှုများတွင် CT စကန်ဖမ်းယူမှုအား ရွေးချယ်ခြင်းသည် အကောင်းဆုံး ရွေးချယ်စရာဖြစ်နိုင်ပါသည်။

ဤတွင် ဥပမာကို ဖော်ပြထားသည်-

သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု၏ ပုံရိပ်ကို လိုအပ်ပါက CT စကန်နှင့် စတင်ပြုလုပ်ခြင်းသည် တခါတရံတွင် ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုကို လျော့နည်းစေပြီး စစ်ဆေးမှုများ၏ အရေအတွက်ကို ပိုမိုနည်းပါးစေသည်

အကြောင်းရင်းမှာ X-ray ရောင်ခြည်ဓာတ်မှန်သည် စောင့်ရှောက်မှုအဖွဲ့က မြင်တွေ့လိုသည့်အရာကို ဖော်ပြပေးမရနိုင်သည့်အတွက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သင့်ကလေးသည် CT စကန်ဖမ်းယူမှုကို လိုအပ်နေနိုင်ပါသည်။

ကျွန်ုပ်၏ ကလေးတွင် မျိုးရိုးဗီဇနှင့်ဆိုင်သည့် ကင်ဆာဖြစ်စေနိုင်သည့်အကြောင်းအချက်ရှိပါက ကျွန်ုပ်ဘာလုပ်သင့်သလဲ။

သင့်ကလေးတွင် Li-Fraumeni ရောဂါလက္ခဏာစု (LFS) သို့မဟုတ် DICER1 ရောဂါလက္ခဏာစုကဲ့သို့ မျိုးရိုးဗီဇနှင့်ဆိုင်သည့် ကင်ဆာဖြစ်စေနိုင်သည့်အကြောင်းအချက်ရှိလျှင် သင့်တွင်သင့်ဆရာဝန်ထံ မေးမြန်းရန် နောက်ထပ်မေးခွန်းများ ရှိနေနိုင်ပါသည်။ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ရှိ လူတိုင်းက သင့်ကလေးတွင် ဤအခြေအနေများအနက် တစ်ခုခုရှိနေသည်ကို သိရှိထားရန် အရေးကြီးပါသည်။

ဥပမာအားဖြင့် LFS သည် ရေဒီယိုဓာတ်ရောင်ခြည်နှင့်ဆက်နွယ်သည့် ကင်ဆာရောဂါများဖြစ်စေနိုင်သည့် အန္တရာယ်ကို ပိုများစေနိုင်သည်။ ထို့ကြောင့် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် ဖြစ်နိုင်ပါက စကန်ဖမ်းယူမှုများနှင့် စစ်ဆေးမှုများကို ကန့်သတ်စေလိုမည်ဖြစ်ပါသည်။

အဓိကအချက်များ

  • စကန်ဖမ်းယူမှုများနှင့် စစ်ဆေးမှုများသည် ကင်ဆာဖြစ်ပွားမှုကို စစ်ဆေးရှာဖွေခြင်းနှင့် ကုသခြင်းအတွက် အထောက်အကူပြုနိုင်သည့် တန်ဖိုးရှိအချက်အလက်များကို ဖော်ထုတ်ပေးနိုင်ပါသည်။
  • ဤစစ်ဆေးမှုများမှ ရရှိသည့် ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုအဆင့်သည် အလွန်နည်းပါးပါသည် (ပုံမှန်နေ့စဉ်ဘဝအတွင်းရှိ အဆင့်များနှင့် နှိုင်းယှဉ်နိုင်ပါသည်)
  • သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုပမာဏကို နည်းနိုင်သမျှနည်းနည်းဖြစ်စေရန်အတွက် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါသည်။
  • သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ဝင်များအနေဖြင့် ကလေးတွင် Li-Fraumeni ရောဂါလက္ခဏာစုကဲ့သို့ မျိုးရိုးဗီဇနှင့်ဆိုင်သည့် ကင်ဆာဖြစ်စေနိုင်သည့်အကြောင်းအချက်ရှိပါက အသိပေးထားကြောင်း သေချာပါစေ။
  • ပဏာမစစ်ဆေးမှုများ သို့မဟုတ် စစ်ဆေးမှုများနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။

သင့်ကလေး၏ ဆရာဝန်ကို မေးမြန်းရမည့် မေးခွန်းများ

သင့်အနေဖြင့် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းနိုင်သည့် မေးခွန်းအချို့ကို ဖော်ပြပေးထားပါသည်- 

  1. ဘာကြောင့် ဒီစစ်ဆေးမှုကို လုပ်ဖို့လိုတာလဲ။ 
  2. အဖြေများက ကုသမှုဆုံးဖြတ်ချက်များကို ပြောင်းလဲနိုင်မည်လား။ 
  3. အခြား ဓါတ်ရောင်ခြည်မပါဝင်သော ရွေးချယ်စရာ စစ်ဆေးမှု တစ်ခုခုရှိပါသလား။

ALARA လမ်းညွှန်ချက်များဆိုတာဘာလဲ။

ALARA ဆိုသည်မှာ “အတတ်နိုင်ဆုံး အကင်းရှင်းဆုံးဖြစ်စေရေး” ဟုဆိုလိုသည်။ ဓာတ်မှန်ဆရာဝန်များ၊ အနုမြူဆေးသိပ္ပံပညာရှင်များနှင့် အခြားပံ့ပိုးသူများသည် လူနာများအတွက် ရေဒီယိုဓာတ်ရောင်ခြည်ဖြာထွက်မှုပမာဏများကို ထိန်းချုပ်ရန် ၎င်းကို အသုံးပြုပါသည်။ အခြေခံစည်းမျဉ်းမှာ ရေဒီယိုဓာတ်ရောင်ခြည်ပမာဏသည် အကျိုးကျေးဇူးမရှိပါက ၎င်းကို သင့်အနေဖြင့် ရှောင်ရှားသင့်ပါသည်။

စောင့်ရှောက်မှုအဖွဲ့ဝင်များအနေဖြင့် ရေဒီယိုဓာတ်ရောင်ခြည်ပမာဏကို နည်းပါးစေပြီး လိုအပ်သည့်အခါတွင်သာ အသုံးပြုရန်နှင့် အခန်းတွင်းရှိ အခြားသူများအား အကာအကွယ်အသုံးပြုထားကြောင်း သေချာစေရန်အတွက် လမ်းညွှန်ချက်သုံးခုကို အသုံးပြုပါသည်။

  • အချိန် – ရေဒီယိုဓာတ်ရောင်ခြည်ထွက်ရှိသည့်ရင်းမြစ်အနီးတွင် အချိန်နည်းနိုင်သမျှ နည်းနည်းသာရှိနေပါစေ။
  • အကွာအဝေး – ရေဒီယိုဓာတ်ရောင်ခြည်ထွက်ရှိသည့်ရင်းမြစ်နှင့် လှမ်းနိုင်သမျှ လှမ်းလှမ်းတွင် ရှိနေပါစေ။
  • ဖုံးကာခြင်း – သင်နှင့် ရောင်ခြည်ထွက်ရှိသည့်နေရာအကြားတွင် တစ်စုံတစ်ခုကို ဝတ်ဆင်အသုံးပြုပါ။ ဝတ်စုံများသည် စောင့်ရှောက်မှုအဖွဲ့ဝင်များအသုံးပြုသည့် ဖုံးကာနည်းအတွက် ဥပမာဖြစ်ပါသည်။

လက်ရှိ လမ်းညွှန်ချက်များအရ လူနာများကို ဖုံးကာပေးထားရန် အကြံပြုပေးထားခြင်းမရှိသော်လည်း အခန်းတွင်းရှိ မိဘများနှင့် အဖွဲ့ဝင်များကမူ ဖုံးကာမှုပြုလုပ်သင့်ပါသည်။ ဖုံးကာခြင်းနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။


Together
သည် ဤဆောင်းပါးအတွင်း ဖော်ပြထားသော မည်သည့်တံဆိပ်ရှိ ထုတ်ကုန်များကိုမှ ထောက်ခံအတည်ပြုခြင်းမရှိပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- နိုဝင်ဘာလ 2021 ခုနှစ်