အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရနံ့အဆီများနှင့် ရနံ့ကုထုံး

ဆီပုလင်းနှင့်အတူ လာဗင်ဒါပန်းကန်တစ်လုံး

ရနံ့အဆီများသည် သင့်ကလေး ပိုမိုနေထိုင်ကောင်းစေရန်၊ စိတ်ဖိစီးမှု လျော့ကျစေရန်နှင့် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ သက်သာသွားစေရန် ကူညီပေးနိုင်သည်။

ရနံ့အဆီများဆိုတာ ဘာလဲ။

ရနံ့အဆီများသည် ပန်းများ၊ အသီးများ၊ သစ်ရွက်များ၊ သစ်ခေါက်များနှင့် ခွာထားသည့် အခွံများကဲ့သို့သော သစ်ပင်များ၏အစိတ်အပိုင်းများမှ ရရှိသည်။ အရည်မှ ရေကို ဖယ်ရှားလိုက်သောအခါ အဆီအနှစ် ကျန်ခဲ့သည်။

ရနံ့ကုထုံးဆိုတာ ဘာလဲ။

ရနံ့ကုထုံးသည် စိတ်ခံစားမှု၊ အပြုအမူနှင့် မှတ်ဉာဏ်ကို ထိန်းညှိပေးသည့် လင်းဘစ်စနစ်ဟုခေါ်သော ဦးနှောက်၏အစိတ်အပိုင်းတစ်ခုအပေါ် သက်ရောက်စေသည့် ရနံ့များဖန်တီးပေးရန် ရနံ့အဆီများအသုံးပြုသည်။

ဦးနှောက်၏ ထိုအစိတ်အပိုင်းကို လှုံ့ဆော်ပေးခြင်းသည် စိတ်ခံစားချက်များ သို့မဟုတ် အမှတ်တရများကို အစဖော်ပေးနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများကို ထွက်လာစေနိုင်သည်။ ဤအချက်များသည် စိတ်ဖိစီးမှု လျော့ကျစေရန် နှင့်/သို့မဟုတ် ခန္ဓာကိုယ်ကို ပြေလျော့စေရန် အတူတကွလုပ်ဆောင်နိုင်သည်။

ရနံ့အဆီများ၏ အကူအညီပေးနိုင်ပုံ

ရနံ့ကုထုံးသည် အခြားဆေးကုသမှုများနှင့် တွဲဖက်အသုံးပြုသော ပေါင်းစပ်ကုထုံးတစ်မျိုး ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် စိုးရိမ်စိတ်၊ စိတ်ဖိစီးမှု၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနာကျင်ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းကဲ့သို့ ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် စိတ်ကြည်လင်စေရန်  ရနံ့ကုထုံးကို အသုံးပြုနိုင်သည်။ အသုံးပြုနိုင်သော အဆီများ၏ ဥပမာမှာ လာဗင်ဒါ၊ ပူဒီနာ၊ မန်ဒရင်းလိမ္မော်၊ ဂျင်းနှင့် သံပရိုသီးတို့ဖြစ်သည်။

ရနံ့အဆီများ အသုံးပြုခြင်းသည် ဆေးကုသမှုကိုအစားထိုးရန် နည်းလမ်းတစ်ခု မဟုတ်ပါ။ ဤကုထုံးများသည် မည်မျှထိရောက်ကြောင်း ပြသနိုင်သည့် စမ်းသပ်စစ်ဆေးမှုအလုံအလောက် မရှိသေးပါ။

အချို့ရနံ့အဆီများသည် ဆေးဝါးများနှင့် တုံ့ပြန်ဓာတ်ပြုတတ်သည်။ ထို့ကြောင့် ၎င်းတို့ကိုအသုံးမပြုမီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းအတည်ပြုကြည့်ပါ။

ရနံ့အဆီ သက်သာစေနိုင်သည်များ
လာဗင်ဒါ အိပ်မပျော်ခြင်း
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု
ချောင်းဆိုးခြင်း
ဗိုက်အောင့်ခြင်း
ပူဒီနာ မအီမသာဖြစ်ခြင်း
ဗိုက်မကောင်းခြင်း
ချောင်းဆိုးခြင်း
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု
လိမ္မော်သီး အိပ်မပျော်ခြင်း
ဗိုက်မကောင်းခြင်း
စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်
ဂျင်း မအီမသာဖြစ်ခြင်း
စားချင်စိတ်မရှိခြင်း
ချောင်းဆိုးခြင်း
လည်ချောင်းနာခြင်း
သံပရိုသီး အိပ်မပျော်ခြင်း
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု

ရနံ့အဆီ၏ ဘေးထွက်ဆိုးကျိုးများ

ရနံ့အဆီအများစုကို မှန်ကန်စွာ အသုံးပြုလျှင် ဘေးကင်းသော်လည်း အောက်ပါတို့အပါအဝင် အန္တရာယ်အချို့ ရှိပါသည်-

  • အဆီ သို့မဟုတ် ဓာတုပစ္စည်း မသန့်စင်မှုများနှင့် ဓာတ်မတည့်မှုများ
  • သင့်ကလေးက အနံ့ကို မကြိုက်ခြင်း သို့မဟုတ် ယင်းကြောင့် မနှစ်မြို့ဖွယ် အဖြစ်အပျက် တစ်ခုခုကို သတိရနိုင်ခြင်း

သင်သည် အောက်တွင်ဖော်ပြထားသည့် လူများအတွက် ရနံ့အဆီများကို အသုံးမပြုသင့်ပါ-

သင့်ကလေးသည် ရနံ့အဆီများကို မကြာခဏ အသုံးပြုလျှင် ဓာတ်မတည့်မှုပို၍ဖြစ်လာနိုင်သည် သို့မဟုတ် အဆီသည် ပထမဆုံး စသုံးချိန်ကကဲ့သို့ ထိရောက်တော့မည်မဟုတ်ပါ။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ

  • ရနံ့ကုထုံးက ကျွန်ုပ်ကလေး၏ ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသလား။
  • ရနံ့အဆီများက ကျွန်ုပ်၏ကလေးအတွက် အန္တရာယ်ကင်းပါသလား။
  • မည်သို့သော ရနံ့အဆီအမျိုးအစားက အကူအညီဖြစ်စေနိုင်ပါသလဲ။
  • ကျွန်ုပ်ကလေး၏ ရောဂါလက္ခဏာများကို သက်သာစေနိုင်ရန် ၎င်းအတွက် အကောင်းဆုံး ရနံ့ကုထုံးအသုံးပြုနည်းက ဘာလဲ။
  • ကျွန်ုပ်ကလေး၏ ဆေးဝါးများ သို့မဟုတ် ကုထုံးများထဲမှ တစ်ခုခုသည် အဆီများနှင့် တုံ့ပြန်ဓာတ်ပြုနိုင်သလား။
  • ယားယံကျိန်းစပ်ခြင်း၏ လက္ခဏာများက ဘာတွေလဲ။

နောက်ထပ်အချက်အလက်များသိရှိရန်

ရနံ့အဆီများနှင့်ပတ်သက်သော အဓိကအချက်များ

  • ရနံ့ကုထုံးသည် စိုးရိမ်စိတ်၊ စိတ်ဖိစီးမှု၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို သက်သာစေမည့် ရနံ့များကို ဖန်တီးရန် ရနံ့အဆီများကို အသုံးပြုသည်။
  • ရနံ့အဆီများကို ဆေးကုသမှုနှင့်အတူ အသုံးပြုသည်။ ၎င်းတို့သည် ပုံမှန်ဆေးကုသမှုကို အစားထိုးရန် နည်းလမ်းတစ်ခု မဟုတ်ပါ။
  • ရနံ့အဆီများကို အသုံးမပြုမီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- နိုဝင်ဘာလ 2023 ခုနှစ်