ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်အချို့သောကင်ဆာကုထုံးများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်အတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် သရက်ရွက်၏လုပ်ဆောင်ချက်ကို ပျက်စီးစေနိုင်သည် သို့မဟုတ် ရပ်တန့်စေနိုင်သည်။
သရက်ရွက်သည် ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်း၊ နံရိုးအောက်ကပ်လျက်တွင် တည်ရှိသည်။ ၎င်းမှာ လက်သီးဆုပ် အရွယ်ခန့်ရှိသည်။ သရက်ရွက်သည် ပဋိပစ္စည်းများကိုဖြစ်စေသည့် သွေးဖြူဥများကို ထုတ်လုပ်ပေးသည်။ ပဋိပစ္စည်းဆိုသည်မှာ ရောဂါပိုးများကိုတိုက်ခိုက်ရန် အထူးပြုလုပ်ထားသည့် ပရိုတင်းတစ်မျိုးဖြစ်သည်။ သရက်ရွက်သည် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်များနှင့် အခြားသော ခန္ဓာကိုယ်ပြင်ပမှဝင်လာသည့်ပစ္စည်းများကို သွေးတွင်းမှဖယ်ရှားနိုင်ရန် စစ်ထုတ်ပေးသည့်ပစ္စည်းအနေဖြင့်လည်း လုပ်ဆောင်သည်။
သရက်ရွက်သည် ပြန်ရည်စနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကူးစက်ရောဂါကိုတိုက်ခိုက်ပေးသည့် သွေးဖြူဥဆဲလ်များကို ခန္ဓာကိုယ်အနှံ့သို့ သယ်ယူပို့ဆောင်ပေးသည့် ပြန်ရည်ကြောများနှင့် ဂလင်းများ၊ ပြန်ရည်ကျိတ်များဖြင့် ဖွဲ့စည်းထားသောကွန်ရက်တစ်ခုဖြစ်သည်။
ချက်ချင်းမကုသပါက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသော ကူးစက်ရောဂါတစ်ခု ဖြစ်သွားနိုင်ခြေရှိသည်။
ကူးစက်ရောဂါတစ်ခု၏ လက္ခဏာများတွင် အောက်ပါတို့ပါဝင်ကြသည်-
အဖျား ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ကျော်လွန်နေသည့်အခါတွင်-
သွေးနမူနာတွင် ဘက်တီးရီယား မွေးမြူကြည့်ခြင်းနှင့် သွေးဥဆဲလ် အရေအတွက်တို့ကို စစ်ဆေးကြည့်ခြင်းအားဖြင့် ပြင်းထန်သောကူးစက်ရောဂါဆိုင်ရာလက္ခဏာတို့ကိုစစ်ဆေးနိုင်သည်။ ပြင်းထန်သော ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေ မရှိတော့သည်အထိ သွေးပြန်ကြော သို့မဟုတ် ကြွက်သားမှ ပဋိဇီဝဆေးပြင်းပြင်းဖြင့်ကုသရန် အကြံပြုထားပါသည်။
ကာကွယ်ဆေးများသည် ပြင်းထန်သော ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေတို့ကို လျှော့ချပေးနိုင်သည်။ ထိုးရန်အကြံပြုထားသော ကာကွယ်ဆေးများတွင် အောက်ပါတို့ပါဝင်သည်-
သင့်လျော်သောကာကွယ်ဆေးများ ထိုးပြီးကြောင်း သေချာစေရန် သင်၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးမြန်းပါ။ တစ်နှစ်တစ်ခါထိုးရသော တုပ်ကွေးကာကွယ်ဆေးကိုလည်း ထိုးရန်အကြံပြုထားသည်။
ကာကွယ်ဆေးများးသည် ၁၀၀ ရာခိုင်နှုန်း မထိရောက်နိုင်သောကြောင့် ၎င်းတို့ကိုထိုးထားသည့်တိုင်အောင် ပြင်းထန်ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အန္တရာယ်ရှိသေးကြောင်း သတိပြုမိရန် အရေးကြီးသည်။
ဘတ်တီးရီးယားကူးစက်နိုင်ခြေကိုလျှော့ချရန်အတွက် နေ့စဥ်ပဋိဇီဝဆေးတစ်မျိုး ဥပမာ-ပင်နဆီလင်ကိုအသုံးပြုရန် ကုသပေးသူတစ်ချို့မှ ညွှန်ကြားထားနိုင်သည်။ ဖျားနာမှု၏ ပထမဆုံးလက္ခဏာပြလာသည့်အခါနှင့် လုံလောက်သောကျန်းမာရေးကုသမှုမရှိသည့်နေရာသို့ ခရီးသွားရသည့်အခါသောက်ရန် ပဋိဇီဝဆေးများအသင့်လက်ဝယ်ထားရှိထားရန် အခြားကုသပေးသူများမှ ညွှန်ကြားထားနိုင်သည်။
ကင်ဆာရောဂါမှလွတ်မြောက်လာသူများတွင် အခြားရောဂါပိုးများ ကူးစက်ခံရနိုင်ခြေများနေနိုင်သည်။
အကယ်၍ သင့်အနေဖြင့် အရေးပေါ်ဌာနထံသို့ မဆက်သွယ်နိုင်သည့်အခြေအနေမျိုးဖြစ်လာသည့်အခါမျိုးတွင် သင့်သရက်ရွက်သည် ကျန်းကျန်းမာမာအလုပ်မလုပ်နိုင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများထံ အချက်ပေးရန်အတွက် ဆေးကုသမှု အချက်ပေးလက်ကောက် သို့မဟုတ် ဆွဲကြိုးတစ်ခုခုကို ဝတ်ဆင်ထားပါ။ ဆေးဝါးကုသပေးသူများအတွက် လမ်းညွှန်ချက်များပါရှိသည့် အိတ်ဆောင်ကတ်တစ်ခုကို ယူဆောင်သွားပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈