အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာလူနာများတွင် ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်း

ကလေး၏ အရပ်ကို တိုင်းတာပေးနေသည့် ဆေးရုံလုပ်သား၏ပုံ

ကိုယ်အလေးချိန်တက်ခြင်းသည် ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါသည်။ 

ကုသမှုစတင်ချိန်တွင် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်တားဆီးရန်အတွက် အစီအစဉ်ကို ပြုလုပ်ရန် သင့်စောင့်ရှောက်မှုအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အကြောင်းမှာ အစောပိုင်းက အလွန်အမင်းကိုယ်အလေးချိန်တက်ခြင်းသည် မူလအတိုင်းပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ရန် ခက်ခဲနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ၎င်းသည် ကလေးသူငယ်ဘဝအတွင်းနှင့် လူကြီးဘဝသို့ ဝင်ရောက်သည့်အခါ ကျန်းမာရေးသက်ရောက်မှုများ ရှိစေနိုင်သည်။ 

 ဓာတ်စာပညာရှင်သည် ကိုယ်အလေးချိန်တက်ခြင်းကို  ကာကွယ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်းတွင် သင်၏လေ့လာသင်ယူရေးတွင် သင့်ကို အကူအညီပေးနိုင်သည်။  

ကင်ဆာကုသမှုသည် ကလေးများတွင် ကိုယ်အလေးချိန်တက်ခြင်း ဖြစ်စေနိုင်သလား။

ကိုယ်အလေးချိန်ကို တက်စေနိုင်သည့် အချို့ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်-

  • ကီမိုကုထုံး၊ ၎င်းသည် နုံးခွေခြင်းနှင့် မလှုပ်မရှားဘဲနေခြင်းကို ဖြစ်စေနိုင်သည်။
  •   Prednisone (ပရက်ဒနီဆုန်း) နှင့်  Dexamethasone (ဒက်ဆာမက်သစုန်း) ကဲ့သို့ စတီးရွိုက်ဆေးများသည် အစာစားချင်စိတ်ကို များပြားစေသည် 
  •  ဦးနှောက်ကို ချိန်ရွယ်ပြုလုပ်သည့်  ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများ

အချို့ကုသမှုများသည်လည်း ကလေးများ၏ ခန္ဓာကိုယ်တွင် ရေဝိတ်တက်စေနိုင်သည်။ ၎င်းသည် ကလေးများ၏ ကိုယ်အလေးချိန်ကို တိုးတက်စေပြီး ပွဖောင်းဖောင်းဖြစ်နေသလို ခံစားရစေသည်။ အခြား ကုထုံးများသည် အစာစားချင်စိတ်ကို တိုးတက်စေနိုင်သည်။ ကလေးများသည် ဆာလောင်သလို ခံစားရပြီး ၎င်းတို့ခန္ဓာကိုယ်ထက်ပိုလိုအပ်သည့် ကယ်လိုရီများကို ပိုမိုစားသုံးမိကြသည်။ 

ကုသမှုနှင့် ကင်ဆာကိုယ်တိုင်က ကလေးများကို မောပန်းနွမ်းနယ်စေပြီး လှုပ်ရှားမှုကို နည်းပါးသွားစေနိုင်သည်။ ထို့ကြောင့်လည်း ကိုယ်အလေးချိန်တက်လာခြင်းဖြစ်သည်။ ၎င်းသည် ပြဿနာဖြစ်လာသည့်အခါ သင့်  ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့်  ဆွေးနွေးပြောဆိုကြည့်ပါ။ 

ခန္ဓာကိုယ်ဒြပ်ထုအညွှန်းကိန်း (BMI) ကို နားလည်သဘောပေါက်ခြင်း

ခန္ဓာကိုယ်ဒြပ်ထုအညွှန်းကိန်း (BMI) သည် ပိုလျှံနေသည့် ကိုယ်အလေးချိန်ကို တိုင်းတာရန် နည်းလမ်းဖြစ်သည်။ ၎င်းသည် အရပ်အမောင်းကိုလည်း ထည့်သွင်းတွက်ချက်ပေးပါသည်။ BMI တန်ဖိုးကြီးလေလေ  ကိုယ်အလေးချိန်များလွန်းခြင်း နှင့် အဝလွန်ခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများအတွက် အန္တရာယ်မြင့်မားလေလေဖြစ်သည်။ 

ကိုယ်အလေးချိန်များလွန်းခြင်းနှင့်  အဝလွန်ခြင်းကို  ကျန်းမာရေးအတွက် အန္တရာယ်ကျရောက်စေနိုင်သည့် ပုံမမှန်သော သို့မဟုတ် ပိုလျှံလွန်ကဲသည့် အဆီစုဖွဲ့မှုအဖြစ် သတ်မှတ်ထားသည်။

  • ကိုယ်အလေးချိန်များလွန်းခြင်း
    • အသက် 2 နှစ်မှ 18 နှစ်အထိ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် -- 85 ရာခိုင်နှုန်း သို့မဟုတ် အထက်တွင်ရှိသည့် BMI 
    • လူကြီးများအတွက် – 25 သို့မဟုတ် အထက် BMI 
  • အဝလွန်ခြင်း 
    • အသက် 2 နှစ်မှ 18 နှစ်အထိ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် -- 95 ရာခိုင်နှုန်းသို့မဟုတ် အထက်တွင်ရှိသည့် BMI။ 
    • လူကြီးများအတွက် –  30  သို့မဟုတ် အထက် BMI။

https://www.nhlbi.nih.gov/health/educational/lose_wt/BMI/bmicalc.htm

အသက် 2 နှစ်မှစတင်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး၏ BMI ကို  ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာန၏ ကြီးထွားမှုပြကားချပ်ဖြင့် မှတ်တမ်းရယူနေကြောင်း သေချာပါစေ။ ဤနည်းအားဖြင့် သင့်ကလေး၏ BMI သည် စတင်မြင့်တက်လာလျှင် ကိုယ်အလေးချိန်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများဖြင့် အာရုံစိုက်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပါသည်။ သို့ရာတွင် BMI နံပါတ်သည် ဖြစ်ကြောင်းစုံလင်ကို ဖော်ညွှန်းနိုင်သည့်အရာမဟုတ်ကြောင်း သတိပြုပါ။ ထို့ပြင် ၎င်းသည် ကိုယ်အလေးချိန်တက်လာခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများကို တိုင်းတာရန် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။

ကိုယ်အလေးချိန်တက်ခြင်းနှင့်  အဝလွန်ခြင်းနှင့် ပတ်သက်သည့် ကိုယ်ကာယပိုင်းဆိုင်ရာ ပြဿနာများ

ပထမတွင် ရေတိုကာလအတွင်း ၎င်းသည် ကျန်းမာရေးနှင့်မညီသော အလေ့အထများကဲ့သို့ပုံပေါ်နိုင်သော်လည်း စိုးရိမ်ပူပန်စရာ မဟုတ်ပါ။ ကလေးသူငယ်ကင်ဆာအမျိုးအစားအချို့အတွက် ကုသမှုများသည် နှစ်အနည်းငယ်ကြာ  ဆက်ရှိနေနိုင်သည်။ ထို့ပြင် ကျန်းမာရေးနှင့်မညီသော အလေ့အထများသည် စွဲမြဲသွားသည်နှင့် ၎င်းအလေ့အထများသည် ကလေးများက လူကြီးအရွယ်ဘဝသို့ ရောက်ရှိသည်အထိ ဆက်လက်ပြုလုပ်နိုင်ခြေရှိပါသည်။

အကယ်၍ ကိုယ်အလေးချိန်သည် ဆက်လက်တိုးတက်နေပါက ၎င်းသည် ကျန်းမာရေးပြဿနာများကို ပိုမိုဦးတည်စေနိုင်သည်။ ဥပမာအားဖြင့် လေ့လာမှုတစ်ရပ်တွင်  အဝလွန်နေသည့် အသက် 5 နှစ်မှ 10 နှစ်ရှိသော ကလေးများတွင် နှလုံးရောဂါအန္တရာယ်ရှိကြောင်း တိုင်းတာဖော်ပြထားသည်။ ဤလေ့လာမှုအစီရင်ခံစာအရ ထိုကဲ့သို့ကလေး  10 ဦးအနက် 6 ဦးသည် နှလုံးရောဂါအန္တရာယ်ရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ 

အချို့လူနာများသည် ၎င်းတို့၏ ကင်ဆာကုသမှုကြောင့် ဘဝ၏ နောက်ပိုင်းအချိန်များတွင် ကျန်းမာရေးပြဿနာများဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ ကိုယ်အလေးချိန်ပိုမိုလွန်ကဲခြင်း သည် ဤပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။

နုံးခွေခြင်းသည်  ကင်ဆာနှင့် ကုသမှုနှစ်ခုလုံးအတွက် အတွေ့ရများသော အခြားစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ကလေးများသည် လှုပ်လှုပ်ရှားရှားနေထိုင်ရန်အတွက် ပိုမိုမောပန်းစွာ ခံစားရနိုင်သည်။ "ပုံမှန်နုံးခွေခြင်း"နှင့်မတူသည်မှာ အနားယူခြင်းနှင့် အိပ်စက်မှုသည် ၎င်းကို သက်သာလျော့ပါးစေရန်အတွက် လုံလောက်ခြင်းမရှိပါ။ ထို့ကြောင့် ကင်ဆာကုသမှုပြုလုပ်နေသည့် ကလေးများသည် အခြားကလေးများမဟုတ်သည့် လှုပ်ရှားနည်းနည်းပြုလုပ်ပြီးသည့်နောက် မောပန်းနွယ်နယ်နေနိုင်သည်။ 

 ကိုယ်အလေးချိန်တက်ခြင်း နှင့် အဝလွန်ခြင်း နှင့်ပတ်သက်သည့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ပြဿနာများ

ကင်ဆာကုသမှုကို ခံယူနေသည့် ကလေးများ သည် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု နှင့် ကြောက်ရွံ့မှုရှိပြီးသားဖြစ်သည်။ ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများသည် ၎င်းတို့၏ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပိုများစေနိုင်သည်။ 

ကိုယ်အလေးချိန်တက်ခြင်းသည် ခန္ဓာကိုယ်၏ ပုံရိပ်ကို ပုံပျက်နေသည်။ ရလာဒ်အနေဖြင့် ကလေးများ သည် မစားဖူးသည့် အစာများကို စမ်းစားနိုင်သည်၊ အစာစားချိန်များ လွတ်သွားနိုင်သည် သို့မဟုတ် အစာအုပ်စုများကိုလုံးဝ အစားဘဲဖြစ်နေနိုင်သည်။ တခါတရံတွင် ၎င်းတို့သည် အစာစားခြင်းနှင့်ဆိုင်သည့် ချွတ်ယွင်းမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ကျန်းမာရေးနှင့် မသင့်တော်သည့်နည်းလမ်းများဖြင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်ရန် ကြိုးစားသည့်အခါ ဖြစ်ပေါ်နိုင်သည်။ 

သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် အဆိုပါ စိတ်လှုပ်ရှားခံစားမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပေးနိုင်သည်။ အချို့သော ကလေးများသည် ဆွေးနွေးတိုင်ပင်မှုပြုလုပ်ခြင်းမှ အကျိုးကျေးဇူးကို ရရှိနိုင်သည်။ 

ကိုယ်အလေးချိန်တက်ခြင်းနှင့်  အဝလွန်ခြင်းနှင့် ပတ်သက်သည့် လူမှုရေး ပြဿနာများ

 ကိုယ်အလေးချိန် များလွန်းခြင်း သို့မဟုတ် အဝလွန်ခြင်း၏ လူမှုရေးအမည်းစက်သည် ကိုယ်ကာယနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ပြဿနာများအတိုင်းပင်ဖြစ်သည်။ အသက် 6 နှစ်အရွယ်အချိန်လောက်မှစ၍ ကလေးများသည် အဝလွန်နေသည့်သူများနှင့် ပတ်သက်၍ အပျက်သဘောဆောင်သည့် စိတ်ကူးအတွေးများ စတင်ရှိလာနိုင်သည်။ ၎င်းတို့အနေဖြင့် အဝလွန်နေသူများသည် နှစ်လိုဖွယ်မရှိနိုင်သူများဖြစ်သည်ဟူ၍ပင် ယုံကြည်နိုင်သည်။ 

လူမှုရေးဖွံ့ဖြိုးမှုအများစုသည် ကလေးသူငယ်ဘဝတွင် ဖြစ်ပေါ်သဖြင့် ကိုယ်အလေးချိန်တက်ခြင်းသည် ကလေးများအတွက် စိန်ခေါ်မှုများကို ဖြစ်စေနိုင်သည်။ ကိုယ်အလေးချိန်တက်နေသည့် သို့မဟုတ် အဝလွန်နေသည့်  လူများသည် အောက်ပါတို့အတွက် ဖြစ်နိုင်ခြေပိုများပါသည်-

  • ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး  ပို၍အရှက်ရခြင်း သို့မဟုတ် မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု နည်းသွားခြင်း 
  • မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း၊ ၎င်းသည် ကျောင်းတွင်းစွမ်းဆောင်ရည်ကို ညံ့ဖျင်းစေနိုင်သည်
  • ကိုယ်အလေးချိန်များလွန်းခြင်းသည် ၎င်းတို့၏ အပြစ်ဖြစ်ကြောင်း အခြားသူများ (လူကြီးများအပါအဝင်)၏ ပြောဆိုမှုကို ခံရခြင်း
  •  အနိုင်ကျင့်ခြင်း နှင့် နာမည်ခေါ်ဆိုခြင်း၏ ပစ်မှတ်ဖြစ်ခြင်း
  • ယခင်ရှိခဲ့သည့် မိတ်ဆွေများ ဆုံးရှုံးရခြင်း သို့မဟုတ် မိတ်ဆွေသစ်များရှာရာတွင် ခက်ခဲခြင်း
  • လူတောမတိုးခြင်း၊ အထီးကျန်သကဲ့သို့ ခံစားရခြင်း နှင့် အချိန်ကြာလာသည့်အခါ စိတ်ဓာတ်ကျဆင်းခြင်း

ကင်ဆာဖြစ်နေစဉ် ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းကို စီမံဆောင်ရွက်ခြင်း- မိသားစုများအတွက် အကြံပြုချက်များ

သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး၏ ဖွံ့ဖြိုးမှုအဆင့် နှင့် အဆင်ပြေသည့် နည်းလမ်းများကို ရှာဖွေရာတွင် အထောက်အကူပြုပေးနိုင်သည်။ ဤတွင် အထွေထွေ အကြံပေးချက်အချို့ကို ဖော်ပြပေးထားသည်-

  • အစားအစာကို ချီးမြှင့်မှုတစ်ရပ်အဖြစ် သဘောထားသည့်စိတ်ကူးကို စွန့်လွတ်ပြီး ဤသို့ကျင့်သုံးပါ- အစားအစာကို ဆုလာဘ်အနေဖြင့် ကျင့်သုံးမှုအား ပြုလုပ်ခြင်းသည် သကြား၊ အဆီနှင့် ကယ်လိုရီမပါသော (အာဟာရမပါ) အစားအစာများအား အလွန်အကျွံစားခြင်းကို ဦးတည်စေသည်။ ၎င်းသည် ကလေးများကို အစားအစာနှင့်ပတ်သက်၍ ၎င်းတို့ ဆာလောင်မှုမရှိသည့်အခါ၌ပင် ကိုယ်တိုင်ချီးမြှင့်မှုပြုလုပ်ရန်လည်း သင်ကြားလေ့ကျင့်ပေးနိုင်သည်။ ချီးမြှင့်မှုများအတွက် အခြားစိတ်ကူးအကြံအစည်များကို ရှာဖွေရန်အတွက် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ပူးပေါင်းဆာင်ရွက်ပါ—အရည်အသွေး ပြည့်ဝချိန်သည် စတင်ရန် နေရာကောင်းဖြစ်သည်။

ဘိုးဘွားများနှင့် မိသားစု၏ အခြား စောင့်ရှောက်မှုပေးသူများက အစားအစာသည် ကျန်းမာရေးအတွက် လောင်စာဖြစ်ပြီး ချီးမြှင့်မှုဆုလာဘ်မဟုတ်ကြောင်း နားလည်သဘောပေါက်အောင် ပြုလုပ်ပါ။ ၎င်းတို့အနေဖြင့် အဆိုပါ ပြောင်းလဲမှုများအတွက် အကြောင်းရင်းများကို နားလည်ပြီး သဘောတူရန် လိုအပ်သည်။

  • စိတ်လှုပ်ရှားခံစားမှုနှင့်ဆိုင်သည့် အစာစားမိခြင်းကို သတိပြုပါ။ ကလေးများအပါအဝင် အချို့သော လူများသည် စိတ်ဖိစီးချိန်များတွင် စိတ်သက်သာရာရရန် အစားအစာစားကြခြင်းသည် သဘာဝဖြစ်ပါသည်။ ကင်ဆာကုသမှုများ၏ ပြင်းအားအတက်နှင့် အကျသည်လည်း စားသောက်မှု အလေ့အထများနှင့် ဦးစားပေးနှစ်သက်မှုများအတွင်း အပြောင်းအလဲများ ဖြစ်စေရန် ပိုမိုလွယ်ကူစေနိုင်သည်။ 
  • သင့်ကလေးအတွက် အလယ်အလတ်အဆင့်မှ အားသွန်ခွန်စိုက်ပြုလုပ်ရသည့် လှုပ်ရှားမှုကို  တစ်နေ့စီအတွက် အနည်းဆုံး မိနစ် 60 ခန့် ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ထားပါ။ နုံးခွေခြင်းသည် ကင်ဆာနှင့် ၎င်းအတွက် ကုသမှုနှစ်မျိုးလုံး၏ ဘေးထွက်ဆိုးကျိုးဖြစ်သည်။ သို့ရာတွင် တက်တက်ကြွကြွရှိနေခြင်းသည် ကလေးများအတွက် ပိုမိုအားရှိစေပြီး ပို၍နေထိုင်ကောင်းစေရန် အထောက်အကူပြုသည်။ ကင်ဆာကုသစဉ်နှင့် ကုသပြီးနောက်တွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ချရလေ့ရှိပါသည်။ သင့် ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့်  အရင်ဆုံး ဆွေးနွေးပြောဆိုပါ။ 
  • သင့်ကလေး ကြိုက်နှစ်သက်ပြီး လုပ်ဆောင်နိုင်သည့်အရာကို သိရှိနိုင်ရန်အတွက် အချိန်ပေးပါ။ ကလေးများသည် ၎င်းတို့နှစ်သက်ပြီး လုပ်ဆောင်လိုသည့်အရာတစ်ခုခုကို စွဲလမ်းမိရန် ပိုမိုလွယ်ကူပါသည်။ ၎င်းတို့၏ ဦးစားပေးသတ်မှတ်ချက်များသည် အချိန်ကြာလာသည့်အခါ ပြောင်းလဲသွားမည်ဖြစ်သည်။
  • ဖုန်းကွန်ပျူတာကြည့်ချိန်ကို သတိပြုပါ။ အထူးကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန် လိုအပ်သည့် ကလေးများသည် အခြားကလေးများထက် TV ကို ပို၍ကြည့်ပြီး ဗီဒီယိုဂိမ်းများ ပိုမိုကစားခြင်းဖြင့် မလှုပ်မရှားဘဲ နေလိုကြသည်။ အဆိုပါ အလေ့အထများသည် အဝလွန်ခြင်းအန္တရာယ်ကို ပိုတိုးစေသည်။ American Academy of Pediatrics (အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ) က အသက် 2 နှစ်နှင့်အထက်ကေလးများအတွက် တစ်နေ့လျှင် ဖုန်းကွန်ပျူတာကြည့်ချိန်ကို  2  နာရီအထိ ကန့်သတ်သင့်ကြောင်း အကြံပြုထားသည်။ ထို့ပြင် မွေးကင်းစကလေးများနှင့် ကလေးငယ်များသည် အသက် 2 နှစ်အထိ ဖုန်းကွန်ပျူတာကြည့်ချိန် မရှိသင့်ပါ။ 
  • ကျန်းမာရေးလိုက်စားသည့် အလေ့အထများကို မိသားစုကိစ္စအဖြစ် ရောက်ရှိအောင်ပြုလုပ်ပါ။ ကျန်းမာရေးလိုက်စားသည့် အလေ့အထများသည် လူတိုင်းအတွက် အကြံအစည်ကောင်းဖြစ်သည်။ မိသားစုကို ကျန်းမာရေးနှင့် ညီညွတ်စွာ  စားသုံးကြရန်နှင့် ပို၍ လှုပ်လှုပ်ရှားရှားနေထိုင်ရန် လူတိုင်းကို တိုက်တွန်းပါ။ အခြားမိသားစုဝင်များက ထိုသို့လုပ်ဆောင်ကြလျှင် သင့်ကလေးသည် အပြောင်းအလဲများကို ပိုမိုပြုလုပ်နိုင်ခြေရှိပါသည်။

သုံးသပ် လေ့လာကြပါစို့

  • ကင်ဆာကုသစဉ် ကိုယ်အလေးချိန်တက်ခြင်းသည် ကလေးသူငယ်ဘဝအတွင်းနှင့် အရွယ်ရောက်သည့်ဘဝသို့ ဝင်ရောက်မှုတွင် ကျန်းမာရေးသက်ရောက်မှုများကို ရှိစေနိုင်သည်။
  • ခန္ဓာကိုယ်ဒြပ်ထုအညွှန်းကိန်း (BMI) သည် အဝလွန်ခြင်းကို တိုင်းတာနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သလို အရပ်အမောင်းကိုလည်း ထည့်သွင်းတွက်ချက်ပါသည် ။
  • ကိုယ်အလေးချိန်တက်ခြင်းသည် ကီမိုကုထုံး၊ စတီးရွိက်များနှင့် ဦးနှောက်ကို ချိန်ရွယ်ပစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးဖြစ်သည်။
  • နုံးခွေခြင်း သည် ကင်ဆာနှင့် ကင်ဆာကုသမှုနှစ်မျိုးလုံး၏ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးဖြစ်သည်။ သို့ရာတွင် တက်တက်ကြွကြွရှိအောင်နေခြင်းသည် ပို၍အင်အားရှိစေပြီး ပိုမိုနေထိုင်ကောင်းစေရန် အထောက်အကူပြုပေးသည်။ 
  • ကိုယ်အလေးချိန်များလွန်းခြင်း သို့မဟုတ် အဝလွန်နေသည့် လူမှုရေးအမည်းစက်သည် ကလေး၏ ယုံကြည်မှု၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားမှုနှင့် လူမှုရေးဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေနိုင်သည်။
  • အစားအစာကို ဆုလာဘ်အဖြစ် ကျင့်သုံးမှုမပြုလုပ်ဘဲ သင့်ကလေးအတွက် တစ်နေ့တာလျှင် ကိုယ်လက်လှုပ်ရှားမှုအတွက် 60 မိနစ်အချိန်ပေးရန် ရည်ရွယ်ပြီး ဖုန်းကွန်ပျူတာအသုံးပြုချိန်ကို သတိပြုပါ။
  • ကျန်းမာရေးလိုက်စားသည့် အလေ့အထများကို မိသားစုကိစ္စအဖြစ် ရောက်ရှိအောင်ပြုလုပ်ပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- 2021 ခုနှစ်၊ ဇွန်လ