ကင်ဆာဝေဒနာသည်ကလေးများတွင် အနာများကို ပိုမိုဂရုစိုက်ရန် လိုအပ်သည်။ ကင်ဆာနှင့် ကင်ဆာကုသမှုများသည် အနာကျက်စေမှုကို နှေးကွေးစေသည်။ ပိုးဝင်နိုင်သည့်အပြင် အခြားရောဂါများ ဖြစ်ပွားနိုင်သည်။ အနာအကျက်မြန်စေရန် အသုံးများသည့် နည်းလမ်းတစ်ခုမှာ အနာအလုံပိတ် တစ်နည်းအားဖြင့် အနုတ်ဖိအားသုံး အနာကုထုံး ဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို V.A.C.® ကုထုံး သို့မဟုတ် လေဟာနယ် အထောက်အကူပြု အနာကျက်စေနည်းဟုလည်း ခေါ်ပါသည်။ ထိုကုသနည်းကို အနာသစ်များ၊ မပျောက်ကင်းသေးသော အနာဟောင်းများ သို့မဟုတ် ခွဲစိတ်ဖြတ်တောက်မှုများတွင် အသုံးပြုနိုင်သည်။
ဤအနာအလုံပိတ် ကုသနည်းအရ အနာပေါ်၌ ပတ်တီးစည်းခြင်းနှင့် စုပ်ခြင်းတို့ ပြုလုပ်ရပါသည်။ အဆက်မပြတ် စုပ်ထုတ်ရခြင်း ဖြစ်နိုင်သလို သတ်မှတ် အချိန်ဇယားတစ်ခုဖြင့် စုပ်ထုတ်ရခြင်းလည်း ဖြစ်နိုင်သည်။ စုပ်ထုတ်ခြင်းသည် အနာကျက်စေရန်အတွက် အရေးပါသည့် အရာများစွာကို လုပ်ဆောင်ပေးသည်-
အချို့အခြေအနေများတွင် စိတ်ငြိမ်အောင် လုပ်၍ဖြစ်စေ၊ အထွေထွေမေ့ဆေးပေး၍ဖြစ်စေ အနာကို ပတ်တီးစည်းခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်သည်။
စုပ်စက်ကို ပါဝါဖွင့်လိုက်သည့်အခါ အနာပေါ်ရှိ လေကိုစုပ်ထုတ်သည်။ ပတ်တီးသည် ကျုံ့သွားသဖြင့် အနည်းငယ် ကျပ်သွားပါမည်။ အနာမှ အရည်များကို ပြွန်မှတစ်ဆင့် စုပ်ယူပြီး စုပ်စက်တွင် တပ်ဆင်ထားသောဘူးထဲသို့ ပို့လိုက်ပါမည်။
အနာအလုံပိတ် ကုသနည်းသည် လူနာအများစုတွင် ပို၍ နာကျင်စေခြင်းမျိုး ဖြစ်လေ့မရှိပါ။ စတင် စုပ်ယူချိန်တွင် အနည်းငယ်ဆွဲယူသကဲ့သို့ ခံစားရနိုင်သော်လည်း ပုံမှန်အားဖြင့် မိနစ်အနည်းငယ်အကြာတွင် ထိုသို့ ခံစားရတော့မည် မဟုတ်ပါ။ အနာကျက်လာသည်နှင့်အမျှ ထိုနေရာတွင် ယားယံခြင်း၊ ယွစိယွစိဖြစ်ခြင်းမျိုး ခံစားရနိုင်သည်။
ပို၍ နာကျင်လာခြင်း၊ စိတ်မသက်မသာဖြစ်လာခြင်း သို့မဟုတ် ပိုမိုနီမြန်းလာခြင်း၊ ဖူးရောင်ခြင်း သို့မဟုတ် အဖျားဝင်ခြင်းကဲ့သို့ ပိုးဝင်မှုလက္ခဏာများရှိပါက သင့်ဆရာဝန်ကို အသိပေးပါ။
သင်၏ ကုသရေး အဖွဲ့က စုပ်စက်၏အခြေခံလုပ်ဆောင်ပုံအား သင့်ကို သင်ကြားပေးပါမည်။ စုပ်အား မရှိတော့ခြင်း၊ ဘက်ထရီအားနည်းခြင်း သို့မဟုတ် ဘူးပြည့်ခြင်းကဲ့သို့ အဖြစ်များသော ပြဿနာများအတွက် အသံမြည်၍ အသိပေးပါမည်။
ပတ်တီးကို မလဲမချင်း စုပ်စက်ကို ပါဝါဖွင့်ထားသည်။ ပတ်တီးနှင့် ပြွန်များကို ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ် အနာအခြေအနေများအပေါ် မူတည်၍ တစ်ကြိမ်ထက်ပို၍) လဲလှယ်သည်။ သင်၏ ကုသရေးအဖွဲ့က ပတ်တီးလဲလှယ်စဉ် နာကျင်မှု သက်သာစေရန် ဆေးဝါးနှင့် အခြားအရာများကို အကြံပြုနိုင်ပါသည်။
အနာအလုံပိတ် ကုထုံး၏ ပျမ်းမျှကြာချိန်သည် လူနာလိုအပ်ချက်များပေါ် မူတည်၍ များစွာကွဲပြားသည်။ အချို့လူနာများသည် ကုထုံးကို ရက်အနည်းငယ် လုပ်ဆောင်ရသည်။ အခြားလူနာများသည် အနာအလုံပိတ် ကုထုံးကို လနှင့်ချီ၍ လုပ်ဆောင်ရန် လိုအပ်နိုင်သည်။
လုပ်ဆောင်ရလွယ်သော အနာအလုံပိတ် ကုထုံးစနစ်များကို ခံယူနေစဉ် လူနာသည် ကုသရေးအဖွဲ့က သတ်မှတ်ပေးသော ပုံမှန်လုပ်ငန်းဆောင်တာ အများစုကို လုပ်နိုင်ပါသည်။ လူနာများသည် ပြွန်ကိုညှပ်ပြီး စုပ်စက်ကို ခဏတာဖြုတ်ထား၍ ရေချိုးနိုင်သည်။
မိသားစုများသည် ၎င်းတို့ အသုံးပြုသော အနာအလုံပိတ်ကုထုံး စနစ်နှင့် ပတ်သက်ပြီး အကူအညီ ရရှိစေရန်အသုံးပြုသူလက်စွဲစာအုပ်များကို ဖတ်ရှုလေ့လာသင့်ပါသည်။ သို့သော် အိမ်တွင် စက်ပြဿနာကို ရှာဖွေ ပြင်ဆင်ရန်အတွက် အထွေထွေ အကြံပြုချက်နှင့် အကြံဉာဏ်အချို့ကို ဤတွင် ဖော်ပြထားပေးပါသည်။
အိမ်သုံး အနာအလုံပိတ် ကုသစက်အများစုတွင် ပါဝင်သည့် အဓိကအစိတ်အပိုင်းများမှာ-
မိသားစုသူနာပြုများသည် စက်ပစ္စည်းကို မကြာခဏ စစ်ဆေးပြီး အောက်ပါတို့ကို လုပ်ဆောင်ရမည်-
ပြဿနာတစ်ခုခု ရှိနေလျှင် စက်က အသံ သို့မဟုတ် သတိပေးချက် မြည်ပါမည်။ ကုသရေး အဖွဲ့က စနစ်အသုံးပြုပုံကို ရှင်းပြပါမည်။ သို့သော် သတိပေးချက် အများစု ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာကုထုံးကို မဖွင့်ထားခြင်း၊ ဘက်ထရီ အားနည်းနေခြင်း၊ ယိုစိမ့်မှုရှိခြင်း သို့မဟုတ် ဘူးပြည့်နေသဖြင့် လဲလှယ်ရန် လိုအပ်ခြင်းတို့ကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် ဆေးခန်းရှိ ကုသရေး အဖွဲ့က အရည်ပြည့်နေသောဘူးကို လဲလှယ်ပေးလေ့ရှိပါသည်။ သို့သော် လိုအပ်ပါက ဘူးကို ဖယ်ရှားပုံနှင့် အစားထိုးပုံကို မိသားစုသူနာပြုအား သင်ကြားပေးနိုင်ပါသည်။ အဝတ်စတွင် ယိုစိမ့်နေပါက မည်သို့ လုပ်ဆောင်ရမည်ကိုလည်းသူနာပြုများအား သင်ကြားပေးနိုင်ပါသည်။
အောက်ပါ တစ်ခုခုဖြစ်ပွားပါက သင့်ဆရာဝန်ကို ဆက်သွယ်ပါ-
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018