အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Vismodegib (ဗစ်စမိုဒီဂစ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Erivedge®

မကြာခဏအတှကျအသုံးပွု:

အခြေခံဆဲလ်မြင်း ကာဆီနိုမာ၊ ဦးနှောက်ကင်ဆာ (SHH မျိုးကွဲ)

ကလစ်ဘုတ် သင်္ကေတ

Vismodegib (ဗစ်စမိုဒီဂစ်) ဆိုတာ ဘာလဲ။

Vismodegib (ဗစ်စမိုဒီဂစ်) ဆိုသည်မှာ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးတစ်မျိုး ဖြစ်ပါသည်။ ၎င်းဆေးသည် hedgehog လမ်းကြောင်းဟန့်တားဆေးလည်းဖြစ်ပါသည်။ ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။

ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ်တွင် ရောက်နေသော အမျိုးသမီးလူနာများကို ဤဆေးအား စတင်မပေးမီ ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါသည်။ လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ သွေးဥဆဲလ်အရေအတွက်နှင့် ဇီဝကမ္မလုပ်ဆောင်ချက်များကို ကြည့်ရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အရသာခံနိုင်စွမ်းပြောင်းလဲခြင်း သို့မဟုတ် အရသာခံ၍မရတော့ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
  • ကြွက်တက်ခြင်းများ
  • ဆံပင်ကျွတ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • မောခြင်း၊ ချောင်းဆိုးခြင်း
  • ကျောက်ကပ်ပြဿနာများ
  • ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Vismodegib (ဗစ်စမိုဒီဂစ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Vismodegib (ဗစ်စမိုဒီဂစ်) ကြောင့် ဖြစ်တတ်သည့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ-

  • အရိုးကြီးထွားမှုကို ဖြစ်စေသည့် အဓိကနေရာ အပိတ်စောခြင်းများအပါအဝင် အရိုးကြီးထွားမှုဆိုင်ရာ ပြဿနာများ
  • မျိုးအောင်မှုပြဿနာများ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • လိင်မှုကိစ္စ လုပ်ဆောင်သော အမျိုးသမီးလူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် 24 လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။ လိင်မှုကိစ္စ လုပ်ဆောင်သော အမျိုးသားလူနာများသည် ကုသမှုကာလနှင့် နောက်ဆုံးဆေးတစ်ခွက်စာကုထုံးကာလအလွန် ၃ လအတောအတွင်းတွင် ကွန်ဒုံးဆောင်ထားသင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • လူနာများအနေဖြင့် ကုထုံးပြီးဆုံးပြီးနောက် ၂၄ လအကြာမှသာ နို့ချိုတိုက်ခြင်း သို့မဟုတ် သွေးလှူခြင်း သို့မဟုတ် သွေးတွင်းပါဝင်ပစ္စည်းများလှူဒါန်းခြင်းများကို ပြုလုပ်သင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။

Vismodegib (ဗစ်စမိုဒီဂစ်) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • Vismodegib (ဗစ်စမိုဒီဂစ်) ဆေးကို နေ့စဉ်အချိန်မှန်အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်ပါ။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။ ဆေးသည် အသားပေါ်ကျသွားပါက ဆေးထိသည့် နေရာကို ချက်ချင်းဆေးပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက မသောက်ဘဲထားလိုက်ပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်း နှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။