အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စီရိုလီမက်စ်

ရောဂါ၊ ဆေးဝါးကြောင့် ခုခံစွမ်းအားစနစ် ဖိနှိပ်ခံရခြင်း

ကုန်အမှတ်တံဆိပ်အမည်များ:

Rapamune®

သည်အခြားအမည်များ:

Rapamycin

ကလစ်ဘုတ် သင်္ကေတ

စီရိုလီမက်စ်ဆိုတာဘာလဲ?

စီရိုလီမက်စ်ဆေးသည် ကိုယ်ခံအားစနစ် ကိုဖိနှိမ်ပေးသည့် ဆေးတစ်မျိုးဖြစ်သည်။ (ကိုယ်ခံအားဖိနှိမ်ပေးသောပစ္စည်း) ၎င်းဆေးကို ခန္ဓာကိုယ်၏ သဘာဝကိုယ်ခံအားစနစ်ကို အားနည်းသွားစေရန်နှင့် ဟီမတိုပိုအီးတစ်ခ် ဆဲလ် အစားထိုးခြင်းပြီးနောက် GVHD မဖြစ်အောင် ကာကွယ် သို့ ကုသရာတွင်အသုံးပြုသည်။ ကိုယ်အင်္ဂါအစားထိုးကုသပြီးနောက် ထိုအစိတ်အပိုင်းကိုခန္ဓာကိုယ်မှလက်မခံခြင်းမဖြစ်စေရန် စီရိုလီမက်စ်ဆေးကိုအသုံးပြုနိုင်သည်။

သွေးဥဆဲလ် အရေအတွက်၊ ကိုလက်စရောဓာတ်၊ ထရိုင်ဂလစ်စရိုက်ဓာတ်တို့ကို စစ်ဆေးရန်နှင့် ကျောက်ကပ်နှင့် အသည်းတို့၏လုပ်ငန်းစွမ်းဆောင်ရည်တို့ကို စောင့်ကြည့်လေ့လာနိုင်ရန် လူနာများကိုပုံမှန်သွေးစစ်ဆေးပေးနိုင်သည်။ သွေးထဲရှိ စီရိုလီမက်စ်ဆေးပမာဏကို စောင့်ကြည့်လေလာနေမည်ဖြစ်ပြီး၊ သွေးထဲရှိပမာဏကိုလိုက်၍ ဆေးပမာဏမှာလည်း ပြောင်းလဲသွားနိုင်သည်။

tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးတိုးခြင်း
  • ကျောက်ကပ်ပြဿနာများ
  • ဖျားခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
  • သွေးအားနည်းရောဂါဖြစ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • လက်များနှင့် ခြေထောက်များဖောင်းလာခြင်း (ရောင်ရမ်းခြင်း)
  • အဆစ်အမြစ်နာကျဉ်ခြင်း
  • သွေးထဲရှိ ကိုလက်စရောဓာတ် သို့ ထရိုင်ဂလစ်စရိုက်ဓာတ်များနေခြင်း
  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း
  • ဝမ်းချုပ်ခြင်း
  • တုန်ယင်နေခြင်း (ခန္ဓာကိုယ်တုန်နေခြင်း)
  • ဝက်ခြံပေါက်လာခြင်း
  • နှာခေါင်း သို့ လည်ပင်းယားယံခြင်း
  • အနာကျက်နှေးခြင်း
  • ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်း
  • အဆုတ်ပြဿနာများ

စီရိုလီမက်စ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ စီရိုလီမက်စ်ဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • သွေးထဲရှိ စီရိုလီမက်စ်ဆေးပမာဏကို တိုင်းတာမည့်အချိန်ကို လူနာအားဝန်ထမ်းတစ်ဦးမှ အသိပေးပါလိမ့်မည်။ ထိုသို့စစ်ဆေးမည့်နေ့တွင်သွေးနမူနာမယူရသေးမီအထိ ဆေးမသောက်သင့်ပါ။
  • စီရိုလီမက်စ်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ဤဆေးအသုံးပြုနေစဉ် ဆေးသွင်းနေစဉ် စပျစ်သီး သို့မဟုတ် ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ လူနာများအနေဖြင့် ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • အကယ်၍ လူနာများအနေဖြင့် Cyclosporine (ဆိုင်ကလိုစပိုရင်း)ဆေးအသုံးပြုနေပါက ဆိုက်ကလိုစပိုရင်းဆေးပေးပြီး အနည်းဆုံး ၄ နာရီကြာပြီးမှသာ စီရိုလီမက်စ်ဆေးကိုပေးပါ။
  • ဤဆေးကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေကို များသွားစေနိုင်သည်။ လူနာများအနေဖြင့် အရေပြားကို နေရောင်မထိမိစေရန် အကာအကွယ်များပြုလုပ်ထားသည်။ နေလောင်ခံဆေးလိမ်းပါ။ လက်ရှည်ဝတ်ပါ။ ဖြစ်နိုင်ပါက နေရောင်ခြည်မထိပါစေနှင့်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၃ လ အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။ 
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

စီရိုလီမက်စ်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • စီရိုလီမက်စ်ဆေးကို အစားဖြင့် သို့မဟုတ် အစာမစားမီသောက်နိုင်သည်။ သို့သော်လည်း ဤဆေးကို နေတိုင်းအသုံးပြုနေကျအချိန်တွင်အသုံးပြုရန် အ‌ရေးကြီးသည်။ ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင်သောက်ခြင်းအပြင် အစာစားချိန်နှင့်ပတ်သတ်၍လည်း သတ်သတ်မှတ်မှတ်ထားရှိပါက ခန္ဓာကိုယ်ထဲရှိ စီရိုလီမက်စ်ဆေးပမာဏကို တသမတ်ထဲဖြစ်စေနိုင်ပါသည်။
  • ဆေးပြားများ-
    • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ချိုးဖဲ့ခြင်း၊ အမှုန့်ခြေခြင်း၊ သို့ ဝါးစားခြင်း မပြုလုပ်ရ။
    • စီရိုလီမက်စ်ဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သောက်ဆေးရည်-
    • စီရိုလီမက်စ်ဆေးရည်ကို အသုံးမပြုမီ ဆေးရည်ကိုကောင်းစွာလှုပ်ပေးပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ (သောက်ဆေးချိန်ရန် ဆေးထိုးပြွန်) တစ်ကြိမ်စာသောက်စာကို တိုင်းတာလိုက်ပြီး၊ ခွက်ထဲသို့ရေ သို့မဟုတ် လိမ္မော်ရည် ¼ ထည့်လိုက်ပါ (ကမ္ဗလာသီး ခါးသောလိမ္မော်သီးထံမှ မဖြစ်စေရ။) ကောင်းစွာရောနှောသွားပါစေ။ ထိုနောက် ချက်ချင်းသောက်ပါ။ ထို့နောက် ခွက်ထဲသို့အရည်အနည်းငယ်ထပ်ဖြည့်လိုက်ပါ။ ကျင်းပေးလိုက်ပြီး ထပ်သောက်ချလိုက်ပါ။ သောက်ဆေးချိန်ရန်အသုံးပြုထားသော ဆေးထိုးပြွန်ကို စွန့်ပစ်လိုက်ပါ။ နောက်တစ်ကြိမ်ပြန်လည်အသုံးမပြုရ။
    • စီရိုလီမက်စ်ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ ရေခဲသေတ္တာထဲထည့်ပြီးနောက် ဆေးရည်အရောင်နောက်သွားနိုင်သည်။ စီရိုလီမက်စ်ဆေးရည်ကို အခန်းအပူချိန်တွင် ၁၅ ရက်ကြာအထိ သိမ်းဆည်းထားနိုင်သည်။ အသုံးမပြုဘဲကျန်ရှိနေသောဆေးရည်ကို ၃၀ ရက်ကြာပြီးနောက် စွန့်ပစ်လိုက်ပါ။
  • အကယ်၍ စီရိုလီမက်စ်ဆေးသောက်ပြီး မိနစ် ၂၀ အတွင်းအန်ထွက်သွားပါက၊ နောက်တစ်ကြိမ်ပြန်သောက်သင့်သည်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်နှင့် (၄ နာရီအတွင်းဖြစ်ပါက) မသောက်ဘဲကျော်လိုက်နိုင်သည်။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။ အကယ်၍ဆေးများအရေပြားပေါ် သို့ မျက်လုံးများထဲသို့ဝင်ရောက်သွားပါက ချက်ချင်းဆေးပစ်ပါ။
  • စီရိုလီမက်စ်ဆေးကို အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာ ကိုင်တွယ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။