အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Procarbazine (ပရိုကာဘာဇင်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Matulane®, Natulan®

သည်အခြားအမည်များ:

PCB, PCZ. Procarbazine Hydrochloride

ကလစ်ဘုတ် သင်္ကေတ

Procarbazine (ပရိုကာဘာဇင်း) ဆိုတာ ဘာလဲ။

Procarbazine (ပရိုကာဘာဇင်း) သည် ကီမိုဆေးသွင်းခြင်း ကုထုံးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ Procarbazine (ပရိုကာဘာဇင်း) ကို အခြားဆေးဝါးများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ Procarbazine (ပရိုကာဘာဇင်း) ဆေးချိန်သည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ပြောင်းလဲနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ခံတွင်းပျက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခေါင်းမူးဝေခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းကိုက်ခြင်း
  • အိပ်မပျော်ခြင်း
  • အရိုး၊ အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • အာခြောက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အရေပြားအရောင် ပြောင်းလဲမှုများ
  • အရေပြားနီမြန်းခြင်း
  • တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာများ (အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်းများ)
  • ချောင်းဆိုးခြင်း
  • ဆီးများများသွားခြင်း
  • အသည်း ပြဿနာများ
  • ကျောက်ကပ်ပြဿနာများ
  • အဆုတ်ပြဿနာများ
  • မျိုးအောင်မှုပြဿနာများ

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင် အင်ပျဉ်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း နှင့်/သို့မဟုတ် အစာရေစာမျိုချရခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်းများပါဝင်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Procarbazine (ပရိုကာဘာဇင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Procarbazine (ပရိုကာဘာဇင်း) ကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ−

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Procarbazine (ပရိုကာဘာဇင်း) သည် အအေးမိဝေဒနာပျောက်ဆေးနှင့် အစားအစာတော်တော်များများတွင် တွေ့ရလေ့ရှိသော တိုင်ယာမင်း ခေါ် ဓာတုပစ္စည်းနှင့် ဓာတ်ပြုနိုင်သည်။ ၎င်းဓာတ်ပြုမှုသည် သွေးပေါင်တက်ခြင်းကဲ့သို့သော ပြဿနာများကိုဖြစ်စေနိုင်သည်။ ၎င်းဆေးကို သုံးနေသည့် လူနာများသည် အရက်ပါသည့် အဖျော်ယမကာများနှင့် ဒိန်ခဲ၊ ပြုပြင်ထားသော အသားများ၊ တဆေး၊၊ ပဲသီးတောင့်နှင့် ပဲငံပြာရည်များအပါအဝင် တိုင်ယာမင်းကြွယ်ဝစွာ ပါဝင်သည့် အစားအစာများကို ရှောင်ကျဥ်သင့်ပါသည်။ ကဖိန်းပါသော အစားအသောက်များနှင့် အဖျော်ယမကာများကိုလည်း ကန့်သတ်သင့်ပါသည်။ အလွယ်တကူဝယ်၍ရသော ချောင်းဆိုးပျောက်ဆေး သို့မဟုတ် အအေးမိပျောက်ဆေးများအပါအဝင် မည်သည့်ဆေးဝါးကိုမဆို မသောက်မီ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများအနေဖြင့် ကီမိုဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်၊ စွန့်ပစ်ရန်နှင့် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

Procarbazine (ပရိုကာဘာဇင်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။ လှေကားများကို အတက်အဆင်းပြုလုပ်နေစဉ် သို့မဟုတ် လှဲလျောင်းနေရာမှ သို့မဟုတ် ထိုင်နေရာမှ ရုတ်တရက်ထလိုက်လျှင် သတိထားပါ။
  • Procarbazine (ပရိုကာဘာဇင်း) ကို အစာနှင့် ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ နေ့စဉ်အချိန်မှန်သောက်ပါ။ ရေတစ်ဖန်ခွက်နှင့်သောက်ပါ။
  • အိပ်ရာဝင်ချိန်၊ ဗိုက်ထဲတွင် အစာမရှိသော အချိန်တွင် Procarbazine (ပရိုကာဘာဇင်း) သောက်ခြင်းသည် မအီမသာဖြစ်ခြင်းကို ကာကွယ်နိုင်ရန် ထောက်ကူပေးပါသည်။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။ ဆေးသည် အသားပေါ်ကျသွားပါက ဆေးထိသည့် နေရာကို ချက်ချင်းဆေးပါ။
  • Procarbazine (ပရိုကာဘာဇင်း) ဆေးရည်− ဆေးမသောက်မီ ပုလင်းကို သေသေချာချာလှုပ်ပါ။
  • Procarbazine (ပရိုကာဘာဇင်း) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။