သင် တွေ့ရမည့်အရာ
-
ကလေးဆိုင်ရာကင်ဆာအကြောင်း
ကလေးကင်ဆာများသည် ရှားပါးပြီး ရှုပ်ထွေးသော ရောဂါများဖြစ်ပြီး၊ မွေးစမှ ဆယ်ကျော်သက်ကာလ နှောင်းပိုင်းအထိ အချိန်မရွေး ဖြစ်ပွားနိုင်သည်။
ကလေးကင်ဆာအမျိုးမျိုးအကြောင်း လေ့လာပါ။





-
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
ရောဂါရှာဖွေဖော်ထုတ်မှုသည် ကလေးဆိုင်ရာကင်ဆာကို ကုသရာတွင် ပထမဆုံးအဆင့် ဖြစ်သည်။ ဆေးဝါးကုသမှုဆိုင်ရာအဖွဲ့သည် တိကျသော ရောဂါရှာဖွေဖော်ထုတ်မှုအပေါ် အခြေခံ၍ ကုသမှုအစီအစဉ်တစ်ခုကို ရွေးချယ်သည်။
ကင်ဆာ ရောဂါရှာဖွေခြင်းတွင် အသုံးပြုသော စစ်ဆေးမှုများနှင့် ကုထုံးအမျိုးအစားများအကြောင်း လေ့လာပါ။
-
ပြုစုစောင့်ရှောက်ခြင်းနှင့် ပံ့ပိုးခြင်း
ကင်ဆာရောဂါဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်း ဆိုသည်မှာ ကင်ဆာရောဂါကို ဆေးကုသ ပေးရုံ သက်သက်ထက် ပိုပါသည်။ ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ခြင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ခြင်းတို့သည် ကုသပျောက်ကင်းခြင်းနှင့် ဘဝ အရည်အသွေးတို့အတွက် အရေးကြီးသည်။
ကလေးကင်ဆာကို ရင်ဆိုင်ရန် မတူညီသော ဆေးဝါးပြုစုစောင့်ရှောက်ရေး ဆိုင်ရာအရင်းအမြစ်များက ကလေးနှင့် မိသားစုများအား မည်သို့ ကူညီနိုင် မည်နည်းဆိုတာကို လေ့လာပါ။




-
မိသားစုများအတွက်
ကလေးကင်ဆာသည် မိဘများနှင့် ၎င်းတို့၏ မိသားစုများ၏ ဘဝကို ထာဝရပြောင်းလဲလိုက်သည်။ ၎င်းတို့သည် ဘဝအားအင်ကို အခြားသူများ၏ ပံ့ပိုးမှုမှတဆင့် ရှာဖွေ နိုင်သည်။
ခံစားမှုများ၊ ပေါင်းသင်းဆက်ဆံမှုများတွင် အကူအညီရယူပြီး ထိုအတွေ့အကြုံများမှတစ်ဆင့် အဓိပ္ပါယ်ရှာဖွေပါ။
-
ကင်ဆာပြီးနောက် ဘဝ
ဆယ်ကျော်သက်များနှင့် လူငယ်များအပါအဝင် ကလေးကင်ဆာ အသက်ရှင်သူများသည် ဘဝအကူးအပြောင်းများနှင့် ကျန်းမာရေးဆိုင်ရာ ပူပန်မှုများကို ဖြတ်ကျော်ချိန်တွင် အများနှင့်မတူသော သီးသန့်စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။
နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာ နေထိုင်နိုင်သော နည်းများနှင့် စာသင်ကျောင်းနှင့် အလုပ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနည်းများအကြောင်း လေ့လာပါ။

