အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဂျင်းနီ အကြောင်း- ဘဝတွင် မည်သည့်အရာက ကောင်းသည်ဆိုသည့်အချက်ပေါ် အာရုံစိုက်ခြင်းဖြင့် ကလေးနှင့် ပတ်သက်သော စိတ်ပူပန်မှုကို ကျော်လွှားပါ

ဂျင်းနီသည် ဘဝကို အကောင်းမြင်တတ်သော ခံယူချက်တစ်ခုနှင့် နေထိုင်ပါသည်။

သူ၏သမီး မေဘရီက ခီမိုဆေးသွင်းခြင်း ကုထုံး ပြီးသည့်အချိန်တွင် သူမသည် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့သည်။ သူ၏သမီးသည် အခြားကလေးများနှင့်အတူ ကစားကွင်းတွင် ပြန်လည် ကစားနိုင်သည်။ သူသည် စားသောက်ဆိုင်များတွင် ထမင်းကြော်နှင့် လက်ဖက်​ရည် သောက်စားနိုင်သည်။ မေဘရီကို ၂၀၁၄ ခုနှစ် သူမအသက် ၂ နှစ်တွင် အဖြစ်အများဆုံး ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အမျိုးအစားဖြစ်သည့် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၁၇ တွင် ကုထုံးပြီးဆုံးပြီး ကင်ဆာ မရှိဖြစ်နေခဲ့သည်။

ကင်ဆာ အသက်ရှင်ကျန်ရစ်သူ ဂျင်းနီနှင့်အတူ သူမ၏ ခင်ပွန်းနှင့် ကလေးနှစ်ယောက်။

မေဘရီ၏ ကင်ဆာကုသမှု ပြီးဆုံးသောအခါ ဂျင်းနီတွင် စိုးရိမ်မှုများရှိခဲ့သည်။ ကင်ဆာ ပြန်ဖြစ်လာနိုင်မလား။ သူက စိုးရိမ်နေရမှာကို ကြောက်နေခဲ့တယ်။

“လူတွေကို ကျွန်မအတွက် ဆုတောင်းခိုင်းတယ်၊ ဒါဆို ကျွန်မ စိုးရိမ်စရာ မလိုတော့ဘူး” ဟု ဂျင်းနီက ပြောသည်။ “စိုးရိမ်မှုက လုံးဝ ပျောက်ကွယ်သွားမယ်လို့ ကျွန်မ မထင်ဘူး။ ကိုယ်ပိုင်နည်းလမ်းနဲ့ ဒီအရာကိုဖြေရှင်းဖို့ သင်ယူရတယ်– ဆုတောင်းပြီးတော့ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ပြောပြီးတော့ဖြစ်ဖြစ်။ ကောင်းတဲ့အကြောင်းတွေကို တွေးရတယ်။ ယုံကြည်မှုကြောင့်ပဲ ဒီခရီးကို ဖြတ်သန်းနိုင်ခဲ့တာ။

စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ရန် မည်မျှအရေးကြီးကြောင်း လေ့လာပါ။ သင်၏ကလေး ကုထုံး ပြီးဆုံးပြီးနောက် စိုးရိမ်မှုသည် အမြဲရှိနေနိုင်သည်။ ဆုတောင်းခြင်း နှင့် ကောင်းသောအရာပေါ်တွင် အာရုံစူးစိုက်ခြင်းက စိုးရိမ်ပူပန်မှုကို အဝေးရောက်စေသည်ဟု ဂျင်းနီက ဆိုသည်။

“မေဘရီ ဖြတ်သန်းခဲ့ရတဲ့ အရာတွေအတွက် ကျွန်မ ဝမ်းမသာပါဘူး၊ ဒါပေမဲ့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်" ဟု ဂျင်းနီကပြောသည်။ “ကျွန်မတို့ ဘဝကို မတူတဲ့နေရာက ကြည့်တယ်။ အဲဒါက ကျွန်မတို့ကို ပိုပြီး မေတ္တာကရုဏာတရားကြီးမားအောင် ကူညီပေးခဲ့တယ်။ လူတိုင်းမှာ ဇာတ်ကြောင်းကိုယ်စီရှိတယ်ဆိုတာကို ကျွန်မသိခဲ့ရတယ်။ လူတိုင်းမှာ တစ်စုံတစ်ခုတော့ ဖြစ်နေတာချည်းပဲ။ ကလေးတွေကို စာနာရိုင်းပင်းမှုကို သင်ပေးဖို့ သိခွင့်ရမှုတစ်ခုအနေနဲ့ ကြည့်ပါတယ်။"

ကုထုံးရပ်နားခြင်း အကူးအပြောင်းကို ပြုလုပ်ရန်အတွက် ဂျင်းနီ၏ အကြံပြုချက်— မိသားစုများအတွက် ရရှိနိုင်သော အရင်းအမြစ်အမျိုးမျိုးအကြောင်းလေ့လာပါ၊ ၎င်းတို့ကို အသုံးပြုပါ။ မတူညီသော အဖွဲ့အစည်းများမှ ကူညီပေးနိုင်သော အစီအစဉ်များစွာ ရှိပါသည်။ – စခန်းများ၊ ဆန္ဒကို ဖြည့်ဆည်းပေးသည့် အဖွဲ့အစည်းများ မှသည် ကင်ဆာလူနာများအတွက် အထူးပြုလုပ်ထားသော အရုပ်များအထိ ဖြစ်သည်။ ကင်ဆာစင်တာများရှိ လူမှုရေး လုပ်ငန်း ဌာနတွင် အရင်းအမြစ်အမျိုးအစားများ အားလုံးနှင့် ပက်သက်၍ သတင်းအချက်အလက်များရှိသည်။

ကင်ဆာ အသက်ရှင်ကျန်ရစ်သူ ဂျင်းနီနှင့်အတူ သူမ၏ ခင်ပွန်းနှင့် ကလေးနှစ်ယောက်။

ဂျင်းနီနှင့် သူမိသားစုသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများ၏ မိသားစုများအတွက် စခန်းအချို့ သို့ တက်ရောက်ပြီးဖြစ်သည်။ မေဘရီကုသနေစဉ်အတောအတွင်း ၎င်းတို့သည် ဖလော်ရီဒါတွင် Lighthouse မိသားစု အပန်းဖြေနေရာသို့သွားခဲ့သည်။ သူ့ကုထုံးပြီးနောက် မိသားစုသည် မိန်း(Maine) ရှိ Sunshine စခန်းသို့ လည်ပတ်ခဲ့သည်။ (မှတ်ချက်- Together သည် သီးခြားစခန်းများကို မကြော်ငြာပါ။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် စခန်းသွင်းသင်တန်းများ များစွာ ရှိသည်။)

ဂျင်းနီနှင့် မိသားစုသည် တူညီသော အတွေ့အကြုံများ ကို ဖြတ်သန်းပြီးခဲ့သော အခြားမိသားစုများနှင့် ဆက်သွယ်ခြင်းကို နှစ်သက်ခဲ့သည်။ စခန်းများတွင် မိဘများအတွက် လုပ်ဆောင်ချက်များပါဝင်သည်။ တစ်ဦးနှင့် တစ်ဦး ဝေမျှနိုင်ပြီး စကားပြောနိုင်သည်။ 

"အပန်းဖြေနေချိန်အတွင်း မိဘတစ်ဦးဦးကပြောခဲ့သည်မှာ အခြားသူများအတွက် ဤအရာကို ကျွန်မတို့ ဖြတ်သန်းနေခြင်း ဖြစ်နိုင်သည်" ဟု ဂျင်းနီကဆိုသည်။ "လူများအတွက် အလင်းပေးရန် ကျွန်မတို့စွမ်းဆောင်နိုင်သည်။ သင်သည် စိတ်ပျက်စရာတစ်ခုခုကို ကြုံတွေ့ပြီးနောက် တူညီသော အခြေအနေတစ်ခုကို ကြုံတွေ့နေရသော အခြားတစ်ယောက်ယောက်အား ကူညီရန် စွမ်းဆောင်နိုင်သည်။ သင်သည် လူများအား ၎င်းတို့ဖြတ်သန်းနေသည့်အရာကို ကိုင်တွယ်ရန် ကောင်းသောနည်းလမ်းများ ရှာဖွေရာတွင် ကူညီပေးနိုင်သည်။”

---
ပြန်လည်သုံးသပ်ပြီး- ဧပြီလ၊ ၂၀၁၉ ခုနှစ်