အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) နှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူတစ်ဦး အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ (COVID-19) ကမ္ဘာ့ကပ်ရောဂါသည် သင့်အတွက် စိုးရိမ်ပူပန်စရာ နောက်တစ်ခု ဖြစ်နိုင်သည်။ ထိုအချက်က ပုံမှန်ပါပဲ။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူ အချို့သည် ၎င်းတို့တွင်ရှိသော ဆေးကုသမှုဆိုင်ရာ အခြေအနေအချို့ကြောင့် COVID-19 ၏ နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေ ပိုမိုများပြားနိုင်သည်။ များစွာသော အဖြစ်အပျက်များတွင် ကလေး သို့မဟုတ် အရွယ်ရောက်ကာစ ကာလတွင် ခံယူခဲ့သော ကင်ဆာကုသမှုများကြောင့် ၎င်းတို့တွင် ထိုအခြေအနေများ ဖြစ်ပွားသည်။ ၎င်းတို့ကို နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများ ဟုခေါ်သည်။

ပြင်းထန် COVID-19 နောက်ဆက်တွဲရောဂါများကို ဘယ်သူဖြစ်နိုင်လဲ။

အသက်ကြီးသူများနှင့် ပြင်းထန်သော ဆေးဝါးကုသမှု အခြေအနေရှိသည့် အရွယ်မရွေး မည်သူမဆို COVID-19 နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်ဟု ရောဂါထိန်းချုပ်ရေး ဌာနများ က ဆိုသည်။

CDC ၏ အဆိုအရ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ-

  • နာတာရှည် အဆုတ်ရောဂါ သို့မဟုတ် အသင့်အတင့်မှ ပြင်းထန်သော ရင်ကျပ်ပန်းနာရောဂါ
  • ပြင်းထန်သော နှလုံးရောဂါ အခြေအနေများ
  • ကိုယ်ခံအားစနစ်များ ဆုံးရှုံးခြင်း
  • များစွာ အဝလွန်ခြင်း (အရပ်နှင့် ကိုယ်အလေးချိန် ညွှန်းကိန်း (BMI) ၄၀ သို့မဟုတ် အထက်)
  • သွေးချိုဆီးချို၊ ကျောက်ကပ်ပျက်စီးခြင်း သို့မဟုတ် အသည်းရောဂါကဲ့သို့ ရောဂါအခံ အခြေအနေများ
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူ အချို့သည် ၎င်းတို့တွင်ရှိသော ဆေးကုသမှုဆိုင်ရာ အခြေအနေအချို့ကြောင့် COVID-19 ၏ နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေ ပိုမိုများပြားနိုင်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူ အချို့သည် ၎င်းတို့တွင်ရှိသော ဆေးကုသမှုဆိုင်ရာ အခြေအနေအချို့ကြောင့် COVID-19 ၏ နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေ ပိုမိုများပြားနိုင်သည်။

COVID-19 ၏ ရောဂါလက္ခဏာများနှင့် ဖြစ်နိုင်သော ပြင်းထန် နောက်ဆက်တွဲရောဂါများမှာ အဘယ်နည်း။

COVID-19 ၏ အပျော့စားနှင့် အသင့်အတင့် ရောဂါလက္ခဏာများမှာ-

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • ခန္ဓာကိုယ်ယားယံခြင်း
  • အနံ့နှင့် အရသာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်း

ပြင်းထန် နောက်ဆက်တွဲရောဂါများမှာ-

  • အဆုတ်အအေးမိခြင်း
  • အသက်ရှူရခက်ခြင်း
  • အဆက်မပြတ် ရင်ဘတ် အောင့်ခြင်း သို့မဟုတ် နာခြင်း
  • စိတ်ရှုပ်ထွေးမှုအသစ်များ ခံစားရခြင်း သို့မဟုတ် အိပ်နေရာမှထရန် ခက်ခဲခြင်း
  • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း

ကျွန်ုပ်တွင် COVID-19 ဖြစ်နိုင်သည်ဟု သံသယရှိပါက ဘာလုပ်သင့်လဲ။

  • ဆေးဝါးဆိုင်ရာ အကြံဉာဏ်ရယူရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို ဦးစွာ ဖုန်းခေါ်ဆိုပါ။ သင်၏ စောင့်ရှောက်သူက နောက်အဆင့်များကို ဆုံးဖြတ်ပေးပါမည်။
  • စောင့်ရှောက်သူများသည် လူသစ်များဖြစ်ပါက သင်သည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူဖြစ်ကြောင်း ၎င်းတို့ကို သတိပေးပါ။ သင့်တွင်ရှိသော နာတာရှည် ကျန်းမာရေးပြဿနာတိုင်းကို ၎င်းတို့အား အသိပေးပါ။ အဆုတ် သို့မဟုတ် နှလုံးပြဿနာများ ဖြစ်နိုင်ခြေများသော ကင်ဆာကုထုံးများ (ဥပမာ ရင်ဘတ်ကို ဓာတ်ကင်ခြင်း သို့မဟုတ် ကီမိုဆေးသွင်းခြင်း ကုထုံးတွင်သုံးသည့် ဆေးဝါးအချို့) ကို ခံယူထားပါကလည်း သင်၏ဝန်ဆောင်မှုပေးသူကို ပြောပြပါ။
  • ဖုန်းမခေါ်ဆိုပဲ လူကိုယ်တိုင် မသွားရောက်ပါနှင့်။
  • ဆေးခန်း သို့မဟုတ် ဆေးရုံသို့သွားရောက်ခိုင်းပါက ရှင်သန်သူဂရုစိုက်မှု အစီအစဉ် ကို သင်နှင့်အတူ ယူဆောင်သွားပါ။
ကျန်းမာစွာနေနိုင်ရန် ရိုးရှင်းသောနည်းလမ်းများမှာ- လက်များကို ဆပ်ပြာ၊ ရေနှင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးပါ။ သင့်မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။ ချောင်းဆိုး သို့မဟုတ် နှာချေခြင်းကို တစ်ရှူးဖြင့် ဖုံးအုပ်၍ တစ်ရှူးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ပါ။ လူစုလူဝေးနေရာများ၊ နေမကောင်းဖြစ်နေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ မကြာမကြာ ထိကိုင်တတ်သည့် အရာဝတ္ထုများနှင့် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။ နေထိုင်မကောင်း ဖြစ်သောအခါ သင်၏ ပင်မ ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို ခေါ်ဆိုပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ မိမိကိုယ်ကို ဘယ်လိုကာကွယ်နိုင်လဲ။

နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ထိတွေ့မှုမဖြစ်အောင် ရှောင်ကြဉ်ခြင်းဖြစ်သည်။

COVID-19 သည် အဓိကအားဖြင့် တစ်စုံတစ်ယောက် နှာချေ သို့မဟုတ် ချောင်းဆိုးခြင်းမှ ထွက်လာသော ရောဂါအမှုန်များမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ပျံ့နှံ့သည်ဟု ယူဆသည်။ အချို့အခြေအနေများတွင် ပိုးရှိသူများသည် ရောဂါလက္ခဏာများ မပြသမီ ကိုရိုနာဗိုင်းရပ်စ်ကို ပျံ့နှံ့စေနိုင်သည်။

ဗိုင်းရပ်စ်ရှိသော မျက်နှာပြင် သို့မဟုတ် အရာဝတ္ထုကို ထိတွေ့ပြီးနောက် ၎င်းတို့၏ ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်လုံးတို့ကို ထိမိခြင်းဖြင့်လည်း COVID-19 ဖြစ်နိုင်သည်။ ၎င်းကို ဗိုင်းရပ်စ် အဓိကပျံ့နှံ့ပုံနည်းလမ်းအဖြစ် မယူဆပါ။

လက်ဆေးခြင်း- မိမိကိုယ်တိုင်နှင့် အခြားသူများကို မဖျားနာအောင် ကာကွယ်ပါ။ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။ ၁) ရေနှင့် ဆပ်ပြာ။ ၂) လက်ဖဝါးအချင်းချင်း။ ၃) လက်ချောင်းများကြား။ ၄) လက်မများ ၅) လက်ဖမိုး ၆) လက်ကောက်ဝတ်များ။

တားဆီးရေး နည်းလမ်းများ-

  • တတ်နိုင်သမျှ အိမ်မှာနေပါ။
  • နေမကောင်းသူမှန်သမျှနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
  • သင်နှင့် အခြားသူများကြားတွင် ၆ ပေခွာ၍ နေပါ။
  • ဘတ်စ်ကားနှင့် မြေအောက်ရထားများနှင့် အခြား အများသုံး ပို့ဆောင်မှုများကို ရှောင်ကြဉ်ပါ။
  • လက်များကို ဆပ်ပြာ၊ ရေနှင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ မကြာခဏဆေးပါ။ သင်သည် အများပြည်သူနေရာများတွင် အလုပ်လုပ်ပါက သို့မဟုတ် လည်ပတ်ပါက ၎င်းသည် အထူးသဖြင့် အရေးကြီးသည်။ 
  • ဆပ်ပြာနှင့်ရေ မရှိပါက အရက်ပြန် ၆၀% အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်ကို သုံးပါ။ လက်ပြင်အနှံ့ ဆေးကြောပြီး ခြောက်သွေ့သည်အထိ လက်နှစ်ဖက်ကို ပွတ်ပါ။
  • သင်၏ မျက်နှာ၊ ပါးစပ်နှင့် မျက်လုံးတို့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
  • သင် ချောင်းဆိုးသည့်အခါ သို့မဟုတ် နှာချေသည့်အခါ တံတောင်ဆစ်ကွေးဖြင့် သို့မဟုတ် တစ်ရှူးဖြင့် ဖုံးကာပါ။ တစ်ရှူးကို အမှိုက်ပုံးထဲသို့ ချက်ချင်းလွှင့်ပစ်ပါ။ 
  • ဖုန်း၊ ကီးဘုတ်၊ တံခါးလက်ကိုင်ဘု၊ မီးခလုတ်နှင့် စားပွဲကောင်တာများကဲ့သို့ မကြာခဏ ထိတွေ့သော မျက်နှာပြင်များကို အနည်းဆုံးတစ်နေ့တစ်ကြိမ် သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။
  • သင်ကိုယ်တိုင် နေထိုင်မကောင်းသောအခါ သို့မဟုတ် အဖျားရှိသော သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိသော တစ်စုံတစ်ယောက်ကို ပြုစုစောင့်ရှောက်သော အချိန်မှသာ နှာခေါင်းစည်း ဝတ်ဆင်ပါ။ လိုအပ်သော နှာခေါင်းစည်း အမျိုးအစားနှင့် အသုံးပြုနည်းလမ်းညွှန်တို့ အကြောင်းကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူသို့ မေးမြန်းပါ။

ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ရေရှည်လုပ်ဆောင်ရမည့် ဆရာဝန်ထံသို့ ပုံမှန်သွားရောက်ပြသရန် ချိန်းဆိုမှုများကို ဆက်လက်လုပ်ဆောင်သင့်သလား။

ရွေးချယ်နိုင်သည့် ကျန်းမာရေးစစ်ဆေးမှု ရက်ချိန်းများကို အိမ်တွင်း၌သာနေထိုင်ရန် အမိန့်များ ပယ်ဖျက်လိုက်သည်အထိ ရွှေ့ဆိုင်းသင့်သည်။

ကျန်းမာရေးပြဿနာအချို့နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိပါက သင်၏ ကျော်ဖြတ် အသက်ရှင်လာသူများအဖွဲ့နှင့် ဆက်သွယ်ပါ။ သင်၏ ဆေးဘက်ဆိုင်ရာ စိုးရိမ်မှုများသည် ချက်ချင်းကုသရန် လိုအပ်ခြင်းရှိ မရှိ ထိုအဖွဲ့က အကြံပေးနိုင်သည်။

လှုပ်လှုပ်ရှားရှားနေပြီး အာဟာရမျှတ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားခြင်းဖြင့် သင့်ကိုယ်သင် ဂရုစိုက်ပါ။

လှုပ်လှုပ်ရှားရှားနေပြီး အာဟာရမျှတ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားခြင်းဖြင့် သင့်ကိုယ်သင် ဂရုစိုက်ပါ။

သင့်ကိုယ်သင် ဂရုစိုက်ပါ

  • ဖြစ်နိုင်ပါက အပြင်ဘက်တွင် လမ်းလျှောက်ပါ သို့မဟုတ် လှုပ်လှုပ်ရှားရှား နေရန် အခြားနည်းလမ်းများ ရှာပါ။ သင်နှင့် အခြားသူများကြားတွင် ၆ ပေခွာ၍ နေသည့် အမူအကျင့်ကို လုပ်ဆောင်ပါ။
  • အသီးအရွက်နှင့် အသီးအနှံများ၊ အစေ့အဆံများ၊ နို့ထွက်ပစ္စည်း/ ကယ်ဆီယမ်နှင့် ဗီတာမင် ဒီ အတွက် အခြားစားစရာများ၊ အဆီနည်းသောအသားနှင့် ပင်လယ်စာများ/ ပရိုတင်းရရှိနိုင်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အခြားစားစရာဖြင့် အာဟာရ မျှတ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကို စားပါ
  • အိပ်ရေးဝဝ အိပ်ပါ။
  • စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ဂရုပြုပါ။ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် လူများစွာကို စိတ်ဖိစီးစေသည်။ ထိုစိတ်ဖိစီးမှုသည် ကလေးနှင့် အရွယ်ရောက်ပြီးသူများတွင် စိတ်ခံစားမှုများ ပြင်းထန်ခြင်းကို ဖြစ်စေနိုင်သည်။ စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကသည် သင်၏ နေ့စဉ်ဘဝ ပုံမှန်လည်ပတ်နိုင်စွမ်းအပေါ် အနှောင့်အယှက်ပေးပါက အကူအညီရှာဖွေပါ။ ရောဂါထိန်းချုပ်ရေး ဌာနများတွင် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း စိတ်ဖိစီးမှုနှင့် စိုးရိမ်သောက စီမံဖြေရှင်းခြင်းအတွက် အကြံပြုချက်နှင့် အရင်းအမြစ်များ ရှိသည်။

ထပ်ဆောင်း အရင်းအမြစ်များ

---
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်- ၂၀၂၀ ခုနှစ် မတ်လ