လူငယ်ထုသည် ကင်ဆာနှင့် ပတ်သက်ပြီး တစ်မူထူးသော အတွေ့အကြုံများ ရှိသည်။ သူတို့၏ ကင်ဆာဖြစ်ခဲ့သော ဇာတ်လမ်းများကို ဝေမျှခြင်းသည် သူတို့၏ စိတ်အခြေအနေကို တိုးတက်စေရန် ကူညီပေးနိုင်သည်။
သုတေသနသမားနှင့် ကင်ဆာရောဂါကုဆရာဝန် တစ်ယောက်အဖြစ် ကျွန်ုပ်သည် လူငယ်ကင်ဆာဝေဒနာရှင်များအကြောင်း ရေးသားခြင်းသည် မည်သို့သက်ရောက်မှုများ ရှိသလဲဟု လေ့လာနေခဲ့သည်။ ကျွန်ုပ်သည် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များ၏ အတွေ့အကြုံများနှင့် သူတို့၏ တိုးတက်လာသော ကိုယ်ပိုင်ဇာတ်လမ်းများ အကြောင်း ရေးသားခြင်းဖြင့် သူတို့ကို လမ်းပြကူညီပေးနိုင်ရန် သူတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
လေ့လာမှုအချို့သည် ရေးသားခြင်းအားဖြင့် ကင်ဆာရောဂါရှိသော လူငယ်ထုအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိသလဲဟု စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သောနှစ်မှစ၍ ကျွန်ုပ်၏အဖွဲ့နှင့် ကျွန်ုပ်တို့သည် ရေးသားခြင်းအားဖြင့် ထိရောက်သော သက်ရောက်မှုကို နားလည်ရန် သူတို့၏ အတွေ့အကြုံများကို ပြန်ပြောပြပြီးသည့်နောက်မှာ ကင်ဆင်ဝေဒနာရှင်များအား မေးမြန်းကြည့်ခဲ့သည်။
သူတို့၏ အကြောင်းများကို ပြောပြချင်သော ကင်ဆာရောဂါ ခံစားနေရသည့်လူငယ်ထု အများအပြားကို လေ့လာခြင်းသည် စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ အများစုသည် အခြားသော ဝေဒနာရှင်များ၊ ပိုကျယ်ပြန့်သော အသိုင်းအဝိုင်းများထံ သူတို့၏အကြောင်းများကို ဝေမျှရန် စိတ်ဝင်စားမှုတစ်ခု ရှိကြောင်းကိုပင် ဖော်ပြကြသည်။
လူသားတို့သည် ဇာတ်ကြောင်းပြန်ပြောပြသော သတ္တဝါများ ဖြစ်သည်။ ဘဝဇာတ်ကြောင်းများသည် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဖော်ပြသော နည်းလမ်းတစ်ခု ဖြစ်သည်။ တခြားသူတစ်ယောက်က ကျွန်ုပ်တို့ကို ပြောပြသော ဇာတ်ကြောင်းများကို နားထောင်ခြင်းသည် တစ်ယောက်ကိုတစ်ယောက် ပိုကောင်းမွန်စွာ နားလည်ရန် မည်သို့ တိုးတက်အောင် လုပ်သနည်း ဟူ၍ ဖြစ်သည်။
ဘဝဇာတ်ကြောင်းပြန်ပြောခြင်းသည် ကျွန်ုပ်တို့ မည်သို့မည်ပုံ ဆက်ဆံကြသနည်း ဟူ၍ ဖြစ်သည်။ အတွေးများ၊ ခံစားချက်များနှင့် အတွေ့အကြုံများကို ဝေမျှခြင်းသည် ခက်ခဲနိုင်ပါသည်။ သို့သော် ဤသည်မှာ ကုစားမှုလည်း ဖြစ်နိုင်၏။ ဘဝဇာတ်ကြောင်းများမှ တစ်ဆင့် ကျွန်ုပ်တို့သည် ချိတ်ဆက်၍ ရသည်။
ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီး လူငယ်များအတွက် သူတို့ကိုယ်သူတို့ ဖော်ပြရန်နှင့် သူတို့၏ဇာတ်ကြောင်းများကို ဝေမျှရန် နည်းလမ်းများစွာ ရှိပါသည်။ ရေးသားခြင်းသည် ၎င်းနည်းလမ်းများထဲမှ တစ်ခုမျှသာ ဖြစ်သည်။
ရေးသားရန် နည်းလမ်းများစွာ ရှိပါသည်။ အချို့သူများသည် ဖောင်တိန် သို့မဟုတ် ခဲတံဖြင့် ဗလာစက္ကူ သို့မဟုတ် မျဉ်းကြောင်းပါသော စက္ကူတို့ပေါ်တွင် ရေးရတာ သဘောကျကြသည်။ အချို့သူများသည် ကွန်ပျူတာပေါ်တွင် ရေးရတာ ပိုနှစ်သက်ကြသည်။ အများစုသည် သွားရင်းလာရင်းဖြင့် လွယ်လွယ်ကူကူရေးသားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သော ဖုန်းတစ်ပေါ်ရှိ အက်ပ်၌ ရေးကြသည်။ ရေးသားရန် မှားသောနည်းလမ်း သို့မဟုတ် မှန်သောနည်းလမ်း ဟူ၍ မရှိချေ။
သူတို့၏ ဇာတ်ကြောင်းကို ပြောပြသော ဆယ်ကျောက်သက် သို့မဟုတ် အရွယ်ရောက်ပြီးလူငယ်တစ်ယောက်ကို ကူညီပေးနိုင်ရန် အကြံပြုချက်အချို့ကို ဤတွင် ဖော်ပြထားပါသည်။
ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များသည် သူတို့၏ ဇာတ်ကြောင်းများကို ဝေမျှရန် အခွင့်အရေးရဖို့ ထိုက်တန်ပါသည်။ သူတို့သည် ကင်ဆာရှိလာသည့် ခက်ခဲသော အချိန်များ၊ မရေမရာလုပ်ဆောင်မှုများနှင့် သူတို့၏ကိုယ်ပိုင် အတွေ့အကြုံများကို သဘောပေါက်အောင် ပြုလုပ်နိုင်သည်။
ကျွန်ုပ်တို့သည် လူငယ်ထုအတွက် ကင်ဆာနှင့်ပတ်သက်သော သူတို့၏ အတွေ့အကြုံများကို မျှဝေရန် လွတ်လွတ်လပ်လပ်နေရာ ပို၍ ဖန်တီးပေးနိုင်လေ သူတို့ထံမှ ပို၍ သင်ယူနိုင်လေ ဖြစ်သည်။
ဧပြီလသည် ဆယ်ကျော်သက်နှင့်အရွယ်ရောက်ပြီး လူငယ်တို့ကို ကင်ဆာနှင့် ပတ်သက်ပြီး အသိပညာပေးသော လတစ်လ ဖြစ်သည်။ St. Jude နှင့် အတူတကွ™ Teens&20s ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များ၌ ပိုမို အဖြစ်များသော ကင်ဆာနှင့် ပတ်သက်ပြီး သင်ယူနိုင်ရန် ကဏ္ဍကို လာကြည့်ရမည်။
St. Jude Children's Research Hospital ၏
သွေးနှင့်ကင်ဆာရောဂါကု ဒေါက်တာ
ဒေါက်တာ Trisha K. Paul သည် St. Jude တွင် ကင်ဆာလူနာကလေးများ နှင့် ရောဂါပြင်းထန်သော နာတာရှည်လူနာများကို ကုသပေးနေသော ဆရာဝန်တစ်ဦး ဖြစ်သည်။ သူမသည် Michigan တက္ကသိုလ်တွင် ဘွဲ့ရခဲ့ပြီး ၎င်းတက္ကသိုလ်၌ ဆေးကျောင်း တက်ခဲ့ပြီးနောက်မှာ Minnesota တက္ကသိုလ်၌ ကလေးနှင့် ပတ်သက်သော ဆေးပညာအတန်းကို ပြီးမြောက်ခဲ့သည်။ လက်ရှိ၌ သူမသည် ပဲရစ်မြို့ရှိ စာရေးသူအလုပ်ရုံ - New York University တွင် သုတစာပေရေးသားခြင်း၌ အနုစိတ်အနုပညာရပ်များဒီဂရီအတွက် ဘွဲ့လွန်ရရန် လေ့လာလိုက်စားနေပါသည်။ St. Jude တွင် သူမ၏ သုတေသနသည် narrative ဆေးပညာရပ်၏ ထိရောက်သော သက်ရောက်မှု အထူးသဖြင့် ကလေးဘဝတွင် ကင်ဆာရောဂါ ခံစားခဲ့ရသော လူနာများနှင့် ရောဂါစုံစမ်းလေ့လာရာတွင် ကျွမ်းကျင်သော ဆရာဝန်များနှင့် ပတ်သက်ပြီး ရေးသားခြင်းနှင့် ဇာတ်ကြောင်းပြန်ပြောခြင်းတို့ကို လေ့လာရာ၌ အာရုံစိုက်ထားသည်။ သူမသည် Rhodes College ၌ Narrative ဆေးပညာရပ်နှင့် ကျန်းမာရေးမညီမျှမှုတို့နှင့် ပတ်သက်ပြီး ဘွဲ့ကြိုသင်ရိုးတစ်ခုကို သင်ကြားသည်။ Paul သည် ကလေးဘဝကင်ဆာမှတ်တမ်းစာအုပ်ကိုထုတ်ဝေထားသည်။ ကင်ဆာရောဂါသည် ကလေးသူငယ်နှင့်ဆယ်ကျော်သက်များ၏ ကိုယ်ရေးဇာတ်ကြောင်းများ စုစည်းမှုတစ်ခု။ သူမသည် ကင်ဆာရောဂါသည်လူငယ်ထုနှင့် သူတို့ကို ပြုစုစောင့်ရှောက်ပေးသော ဆရာဝန်များ၏ အသံများကို မြှင့်တင်ပေးရန်နှင့် လှုံ့ဆော်ပေးရန် ရည်ရွယ်ထားသည်။