အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Vemurafenib (ဗီမူရာဖီနစ်ဘ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Zelboraf®

ကလစ်ဘုတ် သင်္ကေတ

Vemurafenib (ဗီမူရာဖီနစ်ဘ်) ဆိုတာ ဘာလဲ။

Vemurafenib (ဗီမူရာဖီနစ်ဘ်) ဆိုသည်မှာ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးဟုခေါ်သည့် ဆေးဝါးအမျိုးအစားဖြစ်သည်။ ၎င်းသည် BRAF kinase ဟန့်တားဆေးလည်း ဖြစ်သည်။ ၎င်းဆေးသည် BRAF V600 မျိုးဗီဇသန္ဓေပြောင်းခြင်းရှိနေသည့် ကင်ဆာဆဲလ်များအပေါ်တွင်သာ အလုပ်လုပ်ပါသည်။ Vemurafenib (ဗီမူရာဖီနစ်ဘ်) ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။ ၎င်းဆေးကို မပေးမီ လူနာများတွင် BRAF V600 မျိုးဗီဇသန္ဓေပြောင်းခြင်းရှိမရှိကို စစ်ဆေးခြင်းခံရနိုင်ပါသည်။

လူနာများသည် သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်နှင့် ဓာတ်ဆားပမာဏကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ လူနာများသည် အရေပြားနှင့် နှလုံးလုပ်ဆောင်ချက်ပိုင်းဆိုင်ရာတွင် အပြောင်းအလဲရှိမရှိကို စောင့်ကြည့်နိုင်ရန်အတွက် စမ်းသပ်စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်သွားရပါမည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • အနီကွက်ထွက်ခြင်း၊ ယားယံခြင်း၊ အသားခြောက်ခြင်း၊ နီမြန်းခြင်း
  • ကြွက်နို့များထွက်ခြင်း
  • အရေပြားထူလာခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ချောင်းဆိုးခြင်း
  • နှလုံးခုန်သည့် စည်းချက်ပြောင်းလဲခြင်း
  • ကျောအောင့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • အသည်း ပြဿနာများ
  • ဆင့်ပွား အရေပြားကင်ဆာများ
  • မျက်စိရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Vemurafenib (ဗီမူရာဖီနစ်ဘ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • အလင်းဒဏ်မခံနိုင်ပါက နေကာမျက်မှန်များတပ်ထားခြင်းကလည်း အထောက်အကူရနိုင်ပါသည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၂ ပတ်အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။

Vemurafenib (ဗီမူရာဖီနစ်ဘ်) အိမ်တွင် သုံးမည်ဆိုပါက−

  • Vemurafenib (ဗီမူရာဖီနစ်ဘ်) ဆေးကို နေ့စဉ်ပုံမှန်အစာနှင့် ဖြစ်စေ၊ အစာမပါပြီးဘဲဖြစ်စေသောက်ပါ။ ရေတစ်ဖန်ခွက်နှင့်သောက်ပါ။
  • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ဆေးပြားများကို ထက်ခြမ်း ခြမ်းခြင်း သို့မဟုတ် ကြိတ်ခြေခြင်းများ မပြုလုပ်ပါနှင့်။
  • Vemurafenib (ဗီမူရာဖီနစ်ဘ်) ဆေးကို သောက်ပြီး အန်ပါက နောက်ထပ်ဆေးတစ်ခွက် ထပ်မသောက်ပါနှင့်။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးတစ်ခွက်စာ လွတ်သွားပြီး နောက်တစ်ကြိမ် ဆေးသောက်ချိန်သည် အနည်းဆုံး ၄ နာရီခြားနေသေးပါက ပထမဆေးတစ်ခွက်စာကို ချက်ချင်းသောက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ၄ နာရီမလိုတော့ပါက ပထမဆေးတစ်ခွက်စာကို မသောက်ဘဲထားပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။