အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Siltuximab (ဆစ်တူလ်ဇီမတ်ဘ်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Sylvant®

မကြာခဏအတှကျအသုံးပွု:

ဆိုက်တိုကိုင်းန်အထုတ်များမှုကြောင့် ဖြစ်ရသည့် ရောဂါလက္ခဏာစုကို ကုသခြင်း (CRS)

ကလစ်ဘုတ် သင်္ကေတ

Siltuximab (ဆစ်တူလ်ဇီမတ်ဘ်) အကြောင်း

ခုခံစွမ်းအားကုထုံးအတွက် အသုံးပြုရန် တီလင်ဖိုဆိုက် အာရုံခံပစ္စည်းကို ဖန်တီးရန် ဗီဇအားဖြင့် ကူးပြောင်းပေးထားသော တီလင်ဖိုဆိုက် ရောဂါပြီးကုထုံးဖြင့် ကုသနေချိန်တွင် ကုထုံးဆေးအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်သည့် ရောဂါလက္ခဏာစု (CRS) ကို ကုသရန် Siltuximab (ဆစ်တူလ်ဇီမတ်ဘ်) ကို အသုံးပြုသည်။ ဤဆေးသည် interleukin-6 (IL-6) ခေါ် ပရိုတင်းကို ဟန့်တားပေးပြီး ခန္ဓာကိုယ်ခုခံအားစနစ်၏ တုံ့ပြန်မှုကိုလျော့နည်းစေခြင်းမှတစ်ဆင့် ဆိုင်တိုကိုင်းထုတ်လွှတ်မှုကို လျော့ကျစေသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ် လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။ ဆေးသွင်းနေချိန်တွင် သက်ဆိုင်ရာဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်းရှိမရှိကို စောင့်ကြည့်ရန်အတွက် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် အပူချိန်များကို ပုံမှန်တိုင်းတာစစ်ဆေးသွားရပါမည်။

၎င်းဆေးသည် ကူးစက်ရောဂါဝင်ရောက်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ အထူးသဖြင့် လူနာကိုယ်ခံအား နည်းနေပါက ပိုဖြစ်နိုင်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ရောင်ကိုင်းခြင်း၊ ဖောရောင်ခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ရိုးရိုးအအေးမိလက္ခဏာများ (နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်းနှင့် လည်ချောင်းကျိန်းစပ်ခြင်း)
  • အနီကွက်ဖြစ်ခြင်း
  • ယားယံခြင်း
  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
  • ပါးစပ် သို့မဟုတ် လည်ချောင်းနာကျင်ကိုက်ခဲခြင်း
  • အသားခြောက်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အသည်း ပြဿနာများ
  • သွေးတွင်း ကိုလက်စထရော သို့မဟုတ် ထရီဂလေဆရိုက် ပမာဏမြင့်တက်ခြင်း
  • အစာအိမ် သို့မဟုတ် အူပေါက်ခြင်းများ
  • ဆေးသွင်းခြင်းဆိုင်ရာ တုံ့ပြန်မှုများ− ချမ်းတုန်ခြင်းများ၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးဝေခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်း

Siltuximab (ဆစ်တူလ်ဇီမတ်ဘ်) သုံးသူတိုင်းသည့် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရသည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်သေးသည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • ကုသမှုမစတင်မီ ကာကွယ်ဆေးများအားလုံးသည် စံနှုန်းမီဖြစ်ကြောင်း စစ်ကြည့်ပါ။ လူနာများသည် ဤဆေးဝါးကို လက်ခံရရှိပြီးနောက် ၃ လတိုင်အောင် အချို့ သော ကာကွယ်ဆေး (သက်ဆိုင်ရာဗိုင်းရပ်စ်ကို အားနည်းအောင် လုပ်ပြီး ပြန်သုံးသော ကာကွယ်ဆေး) များကို မသုံးသင့်သေးပါ။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုထုံးဆေး နောက်ဆုံးတစ်ခွက်စာကို အသုံးပြုပြီး ၃ လတိုင်အောင် ကိုယ်ဝန်မရရှိစေရန် စီစဉ်သင့်သည်။
  • Siltuximab (ဆစ်တူလ်ဇီမတ်ဘ်) သည် ကိုယ်ဝန်တားဆေးများနှင့် ဟော်မုန်းကို အခြေခံပြီး ထုတ်ထားသော အခြားကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို လျော့ကျစေနိုင်ပါသည်။ လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကွန်ဒုံးကဲ့သို့သော အခြားနည်းလမ်းဖြင့် ကိုယ်ဝန်တားထားသင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။