အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Paclitaxel (ပါကလီတက်ဆယ်)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Abraxane®, Taxol®

သည်အခြားအမည်များ:

Onxol

မကြာခဏအတှကျအသုံးပွု:

ရင်သားကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အဆုတ်ကင်ဆာ၊ မျိုးပွားနိုင်သည့် ဆဲလ်အကျိတ် ပြန်လည်ဖြစ်ပွားခြင်း

ကလစ်ဘုတ် သင်္ကေတ

Paclitaxel (ပါကလီတက်ဆယ်) ဆိုတာ ဘာလဲ။

Paclitaxel (ပါကလီတက်ဆယ်) ဆိုသည်မှာ ကီမိုဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။

Paclitaxel (ပါကလီတက်ဆယ်) ကို ရက်သတ္တပတ် ၃ ပတ်လျှင်တစ်ခါ သွင်းပေးရလေ့ရှိပါသည်။ လူနာများတွင် ဆေးသွင်းခြင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများရှိမရှိကို စောင့်ကြည့်စစ်ဆေးသွားရပါမည်။ လူနာတွင် ကုထုံးမစတင်မီ ဓာတ်မတည့်တုံ့ပြန်မှုများကို ကာကွယ်ပေးမည့်ဆေးဝါးများကိုပေးရပါမည်။

Paclitaxel (ပါကလီတက်ဆယ်) သည် သွေးပြန်ကြောမှ ယိုစိမ့်မည်ဆိုပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း (မပြင်းတတ်ပါ)
  • ခံတွင်းပျက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ခြေ သို့မဟုတ် လက်များ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း (ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော နာဗ်ကြောများ ပျက်စီးနေခြင်း)
  • ရောင်ရမ်းခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းများ အပါအဝင် ရေထိန်းခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • လက်သည်းများအတွင်း ပြောင်းလဲမှုများ
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း
  • အရေပြားတွင် အနီကွက်ထွက်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်းများ
  • အသည်း ပြဿနာများ

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင် အင်ပျဉ်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း နှင့်/သို့မဟုတ် အစာရေစာမျိုချရခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်းများပါဝင်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Paclitaxel (ပါကလီတက်ဆယ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Paclitaxel (ပါကလီတက်ဆယ်) ကြောင့် ဖြစ်တတ်သည့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ-

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည် Paclitaxel (ပါကလီတက်ဆယ်) ဆေးမသွင်းမီ DexamethasoneDiphenhydramine၊ Cimetidine၊Famotidine သို့မဟုတ် Ranitidine များကိုပေးလေ့ရှိပါသည်။
  • အချို့သော Docetaxel (ဒါစီတက်ဆယ်) ဖော်မြူလာများတွင် အရက်ပါတတ်သဖြင့် အိပ်ငိုက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်းများဖြစ်နိုင်ပါသည်။ လူနာများသည် ဤဆေးသွင်းပြီးနောက်တွင် ယာဉ်မောင်းခြင်း သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သော အလုပ်များကို မလုပ်ဆောင်သင့်ပါ။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ၎င်းဆေးသည် ကာကွယ်ဆေးများ၏အာနိသင်ကို ပျက်ယွင်းစေတတ်ပါသည်။ ၎င်းဆေးကို လက်ခံနေရချိန်တွင် ကာကွယ်ဆေးသုံးရမရနှင့် ပတ်သက်ပြီး သင့်အား ကျန်းမာရေးစောင့်ရှောက်ပေးနေသူထံပြောပါ။