အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဂျမ်စိုက်တဘင်း

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Gemzar®

ကလစ်ဘုတ် သင်္ကေတ

ဂျမ်စိုက်တဘင်းဆိုတာဘာလဲ?

ဂျမ်စိုက်တဘင်းဆိုသည်မှာ ကီမိုဆေးသွင်းခြင်း ကုထုံးတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • တုပ်ကွေးကဲသို့သော ရောဂါလက္ခဏာများ (ဖျားခြင်း၊ ချမ်းခြင်း၊ ကိုက်ခဲခြင်း)
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • အရေပြားတွင် အနီကွက်ထွက်ခြင်း
  • အသက်ရှူမဝခြင်း
  • အသည်း ပြဿနာများ
  • ကျောက်ကပ်ပြဿနာများ
  • ခြေ/လက် ဖောရောင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အဆုတ်ပြဿနာများ
  • အရည်နှင့်ပရိုတင်းဓာတ်များ သွေးကြောငယ်များ၏ အပြင်ဘက်သို့ စိမ့်ထွက်သွားသည့် ရောဂါ

ဂျမ်စိုက်တဘင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • တုပ်ကွေးကဲ့သို့သောရောဂါလက္ခဏာများမှ ကာကွယ်ပေးနိုင်ရန် လူနာများအား ဒိုင်ဖန်ဟိုက်ဒရာမင်း (Benadryl®)၊ အက်စီတာမင်နိုဖန် (Tylenol®)၊ သို့မဟုတ် အခြားဆေးဝါးများ ပေးနိုင်သည်။
  • ဓာတ်ရောင်ခြည်ကုဖြင့်ကုသပြီးနောက် ဂျမ်စိုက်တဘင်းဆေးအား ပေးထားပါက၊ ဓာတ်ရောင်ခြည်ထိထားသောနေရာရှိအရေပြားမှာ ပြန်လည်နီမြန်းလာနိုင်ပါသည်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။