အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဒါဘရာဖီးနစ်

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Tafinlar®

မကြာခဏအတှကျအသုံးပွု:

မယ်လန်နိုးမား၊ အဆုတ်ကင်ဆာ၊ ဦးနှောက်အကျိတ်များ

ကလစ်ဘုတ် သင်္ကေတ

ဒါဘရာဖီးနစ်ဆိုတာဘာလဲ?

ဒါဘရာဖီးနစ်ဆေးသည် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးအမျိုးအစားတစ်မျိုးဖြစ်သည်။ ဤဆေးသည် BRAF ကိုတားဆီးပေးသည့်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဒါဘရာဖီးနစ်ဆေးမှာ BRAF V600 မျိုးရိုးဗီဇတွင်ပြောင်းလဲနေခြင်းရှိသောကင်ဆာရောဂါမျိုးတွင်သာ အာနိသင်ပြသည်။ ဒါဘရာဖီးနစ်ဆေးသည် ဆဲလ်များကိုကြီးထွားစေသည့် တစ်ချို့သောအချက်ပြမှုများကို တားဆီးပေးသည်။ ဤဆေးမပေးမီ လူနာများတွင် BRAF V600 မျိုးရိုးဗီဇတွင်ပြောင်းလဲနေခြင်းရှိ/မရှိကို အရင်စစ်ဆေးပါလိမ့်မည်။

သွေးထဲရှိ သွေးဥဆဲလ် အရေအတွက်၊ သကြားဓာတ်နှင့် ဓာတ်ဆားများပါဝင်မှုကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် လူနာအားပုံမှန် သွေးစစ်ဆေးခြင်း ပြုလုပ်မည်။ လူနာများသည် အရေပြားနှင့် မျက်စိကို ပုံမှန်စစ်ဆေးရပါမည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • သွေးထဲရှိဓာတ်ဆားများ ပုံမမှန်ဖြစ်ခြင်း
  • သွေးဆဲလ်အရေအတွက်နည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း/ချမ်းတုန်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • နုံးခွေခြင်း၊ အားနည်းခြင်း
  • ခေါင်းမူးဝေခြင်း
  • အရေပြားတွင် အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း
  • အရေပြားထူလာခြင်း
  • အရေပြားပေါ်တွင် အသားမာများ သို့ အတက်များပေါ်လာခြင်း
  • ခြေ-လက်ရောဂါလက္ခဏာစု (ခြေနှင့်လက်များ ထုံကျဉ်ခြင်း၊ အရေပြားနီမြန်းခြင်းနှင့် အရေပြားအဖတ်များကွာကျခြင်း)
  • ဝမ်းလျှောခြင်း
  • ချောင်းဆိုးခြင်း
  • သွေးတွင်းသကြားဓာတ်များနေခြင်း (ဟိုင်ပါဂလိုက်စီးမီးယား)
  • ကျောအောင့်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • မျက်စိပြဿနာများ
  • နှာခေါင်း သို့ လည်ချောင်းယားခြင်း
  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • အသည်း ပြဿနာများ
  • ကျောက်ကပ်ပြဿနာများ
  • ပန်ကရိယရောင်ရမ်းခြင်း (ပန်ကရိယရောင်ခြင်း)
  • ဆင့်ပွားအရေပြားကင်ဆာများ
  • အမျိုးသားများတွင် ကလေးမရနိုင်တော့ခြင်း

ဒါဘရာဖီးနစ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဒါဘရာဖီးနစ်ဆေးကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေကို များသွားစေနိုင်သည်။ အနာများ၊ အသားပိုများ၊ ကြွက်နို့များ သို့ အရေပြားပေါ်တွင်အခြားပြောင်းလဲမှုတစ်ခုခုဖြစ်လာပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • လိင်မှုကိစ္စဆောင်ရွက်နေသည့် လူနာများတွင် ဆေးကုသနေစဉ်နှင့် ဆေးကုသမှုပြီးသွားပြီးနောက် ၂ ပတ်ကြာသည်အထိ ကိုယ်ဝန်မရစေရန်နည်းလမ်းများကို လုပ်ဆောင်ထားသင့်သည်။
  • ဒါဘရာဖီးနစ်ဆေးကြောင့် ကိုယ်ဝန်တားဆေးများနှင့် အခြားဟော်မုန်းအခြေခံသည့် ကိုယ်ဝန်တားဆေးများ၏ထိရောက်မှုကို လျော့ကျသွားစေနိုင်သည်။ လိင်မှုကိစ္စဆောင်ရွက်နေသည့် လူနာများတွင် ကွန်ဒုံးအသုံးပြုခြင်းကဲ့သို့သော ကိုယ်ဝန်တားသည့်နည်းလမ်းကို လုပ်ဆောင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။

ဒါဘရာဖီးနစ်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဒါဘရာဖီးနစ်ဆေးကို နေ့တိုင်းသောက်နေကျအချိန်တွင် သောက်ပါ။
  • အစားမစားဘဲသောက်ပါ။ အစာမစားမီ ၁ နာရီ သို့ အစာစားပြီးနောက် ၂ နာရီအကြာတွင်သောက်ပါ။
  • ဆေးတောင့်များကို အတောင့်လိုက်သောက်ပါ။ ဖွင့်ခြင်း၊ အမှုန့်ခြေခြင်း သို့ ဝါးစားခြင်းမပြုလုပ်ရ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • အကယ်၍ ဆေးသောက်ရန်မေ့သွားပါက နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်မှာအနည်းဆုံး ၆ နာရီကျန်ရှိနေသေးပါက မေ့သွားသောဆေးကို ချက်ချင်းသောက်လိုက်ပါ။ အကယ်၍ နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်မှာ ၆ နာရီအောက်သာ ကျန်ရှိတော့ပါက မေ့သွားသောဆေးကို မသောက်ပါနှင့်တော့။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။

ဒါဘရာဖီးနစ်ဆေးအကြောင်းရေးသားထားသော ရင်းမြစ်များ