အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အူအသေးနှင့် အူလမ်းကြောင်း အပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်း

ဓာတ်ရောင်ခြည်အဖွဲ့သည် အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းကို အူလမ်းကြောင်းအပေါ်ပိုင်း (အစာအိမ်နှင့် အူလမ်းကြောင်း) အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းသည်ဖြင့် ကြည့်ရှုနိုင်သည်။ ၎င်းတွင် အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် (အူ၏အစပိုင်း) ၏အပေါ်ပိုင်း တို့ပါဝင်သည်။

အူအသေးနှင့် အူလမ်းကြောင်းအပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းဆိုတာ ဘာလဲ။

အူအသေးနှင့် အူလမ်းကြောင်းအပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းတွင် အစာမျိုပြွန်၊ အစာအိမ်နှင့် အူအသေး တစ်ခုလုံးတို့ ပါဝင်သည်။

အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်း (အူအသေးနှင့် အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်း) သည် မည်ကဲ့သို့ အလုပ်လုပ်သနည်း။

၎င်းလုပ်ငန်းစဉ်သည် ခန္ဓာကိုယ်အတွင်းနှင့် ကိုယ်တွင်းအင်္ဂါများ ‌ရွေ့လျားသည်ကို ကြည့်ရန် ဓါတ်မှန်နှင့် ဖလူရိုဆင့် အရောင်တွဲထားသည့် စမ်းသပ်ပုံရိပ်ဖော်ခြင်း နည်းပညာကို အသုံးပြုသည်။ ၎င်းသည် “အရှင်” ဓာတ်ရောင်ခြည် တစ်ခုကဲ့သို့ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် မြင်ရသည်။ လူနာသည် ဘယ်ရီယမ် ခေါ်သော ပစ္စည်းပါဝင်သည့် ခွဲခြားမြင်နိုင်သော ပစ္စည်း အရည်တစ်ခုကို မျိုချပါသည်။ ၎င်း၏နို့ကဲ့သို အဖြူရောင် အရည်သည် အစာရေမျို၊ အစာအိမ်နှင့် အူများကို ပိုမိုကြည်လင်အောင် ကူညီပေးသည်။ ဓာတ်ရောင်ခြည် အဖွဲ့သည် ဘယ်ရီယမ်က အစာအိမ်နှင့် အူလမ်းကြောင်းကို ဆင်းသွားသောကြောင့်ကို မြင်ရသည်။ အချို့သော လူနာများအား မုန့်ဖုတ် ဆိုဒါ အစိုင်အခဲလေးများ(Alka-Seltzer® နှင့်တူသော) ကို ပုံရိပ်များ ပိုကောင်းစေရန် အသုံးပြုခိုင်းသည်။ ၎င်းလုပ်ငန်းစဉ်ကို လေ-ခွဲခြားမြင်နိုင်သောပစ္စည်း သို့မဟုတ် နှစ်ဆ-ခွဲခြားမြင်နိုင်သော ပစ္စည်း အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်းဟု ခေါ်သည်။

လူနာများသည် အောက်ပါ ရောဂါလက္ခဏာများ၏ အကြောင်းရင်းကို ရှာရာတွင် ကူညီရန် အစာအိမ်နှင့် အူလမ်းကြောင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်သည်-

  • ဝမ်းဗိုက်နာကျင်မှု
  • အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစီးခြင်း
  • ဆက်တိုက် အန်ခြင်း
  • ကိုယ်အလေးချိန်မတိုးခြင်း
အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းတွင် အစာ‌မျိုပြွန်၊ အစာအိမ်နှင့် အူသိမ် (အူ၏အစပိုင်း) တို့ ပါဝင်သည်။

အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းတွင် အစာ‌မျိုပြွန်၊ အစာအိမ်နှင့် အူသိမ် (အူ၏အစပိုင်း) တို့ ပါဝင်သည်။

စမ်းသပ်မှုသည် မည်မျှကြာမည်နည်း။

အပေါ်ပိုင်း အစာအိမ်နှင့် အူလမ်းကြောင်းအတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းသည် မိနစ် ၂၀ မှ ၁ နာရီတိုင်အောင် ကြာနိုင်သည်။

အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်း အူ သိမ် အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းသည် ၂ နာရီမှ ၆ နာရီတိုင်အောင် ကြာနိုင်သည် သို့မဟုတ် ထိုထက် ပိုကြာနိုင်သည်။ ကြာချိန်သည် ခွဲခြားမြင်နိုင်သောအရည်က အူသိမ်ကို ဖြတ်၍ ၎င်း၏လမ်းကြောင်း ဖြစ်စေရန် ကြာသောအချိန်ပေါ်မူတည်သည်။

အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းအတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းကို မည်သူ လုပ်ဆောင်သနည်း။

ဓာတ်မှန်ကျွမ်းကျင်ပညာရှင်နှင့် ဓာတ်မှန်ဆိုင်ရာ နည်းပညာရှင်သည် စမ်းသပ်မှုကို လုပ်ဆောင်မည်။

အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းသည် ဘေးကင်းပါသလား။

အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်းသည် ဓာတ်မှန်အမျိုးအစား တစ်မျိုးဖြစ်သည်။ ၎င်းသည် အိုင်ယွန်နစ်ဖြာထွက်ခြင်း ပမာဏအနည်းငယ်ကို ပုံရိပ်များထုတ်လုပ်ရန် အသုံးပြုသည်။ ဆေးဆိုင်ရာ ကောင်းကျိုးများသည် ဓါတ်ရောင်ခြည်ထိတွေ့မှု ပမာဏအနည်းငယ်ထက် ပိုအားသာသည်။ မိသားစုများသည် မည်သည့်စိုးရိမ်ထိတ်လန့်မှုကိုမဆို ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

ပြင်ဆင်ရန်လူနာများမည်သည်ကို လုပ်ဆောင်ရမလဲ။

  • လူနာများသည် စစ်ဆေးမှုအတွက် အစာအိမ်၌ အစာမရှိရသောကြောင့် စမ်းသပ်မှု မပြုလုပ်မီ နာရီများစွာတိုင်အောင် မစားရပါ သို့မဟုတ် မသောက်ရပါ။
  • ဝန်ထမ်းသည် မိသားစုကို လိုက်နာရန် ညွှန်ကြားချက်များ ပေးမည်။ ညွှန်ကြားချက်များသည် လူနာ၏ အသက်ပေါ်တွင် မူတည်သည်။ မိသားစုများသည် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာသင့်သည် သို့မဟုတ်ပါက စမ်းသပ်မှုကို ထပ်မံလုပ်ဆောင်ရပါမည်။

လူနာကို ပြင်ဆင်ရာတွင် မိဘများက မည်သို့ ကူညီနိုင်သနည်း။

မိဘများသည် လူနာကို အောက်ပါအတိုင်း သေချာစေသင့်သည်-

  • စမ်းသပ်မှုနှင့် ဖြစ်လာမည့်အရာကို နားလည်စေပါ။ ကလေးအထူးကု များသည် ရှင်းပြမှုများနှင့် ကူညီနိုင်သည်။
  • လဲရ ဝတ်ရ လွယ်သော ချောင်ပြီး သက်သောင့်သက်သာရှိသည့် အဝတ်ကို ဝတ်ဆင်ပါ။ လူနာသည် ဆေးရုံ ဝတ်ရုံကို ဝတ်ဆင်ရနိုင်သည်။

စမ်းသပ်မှု မပြုလုပ်မီ မည်သည့်အသေးစိတ်များကို ဂရုစိုက်သင့်သနည်း။

  • ဆေးရုံပေါ်မူတည်ပြီး လုပ်ငန်းစဉ်အတွက် မည်မျှလောက် ကုန်ကျမည်ကို ရှာဖွေရန် မိဘများသည် ၎င်းတို့၏ အာမခံကုမ္ပဏီနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်နိုင်သည်။
  • မိဘများသည် ဆေးဝါးကူညီမှု အသင်းကို အောက်ပါအရာတို့အား ပြောပြသင့်သည်-
    • ဆေးစာမဲ့ ဝယ်ရလွယ်ကူသော လူနာသောက်သည့် ဆေးဝါးများ။
    • ဓာတ်မတည့်မှုများ အထူးသဖြင့် ခွဲခြားမြင်နိုင်သော အရည် (ဘယ်ရီယမ်)
    • လူနာသည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ရှိနိုင်ပါက။
  • စင်တာသို့ ရောက်ရှိရန် အချိန်များစွာ ပေးထားပါ။ ချိန်းဆိုမှုကို အချိန်မှန်ရောက်ရှိရန် အရေးကြီးပြီး စာရင်းသွင်းရန်အတွက် အချိန်ပေးရန် မိနစ်အနည်းငယ် စောစောရောက်ရှိပါ။
  • မိဘနှင့် လူနာသည် လုပ်ငန်းစဉ်အတွက် အချိန်မရောက်မီတွင် နားနေသည့် နေရာတွင် ရှိပါမည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဆိုပါက ပြုလုပ်နိုင်သည့် အရာများကို စီစဉ်လာပါ။
  • မိဘသည် ကိုယ်ဝန်မရှိပါက ပုံမှန်အားဖြင့် စမ်းသပ်မှု ပြုလုပ်နေစဉ်အတွင်း လူနာနှင့်အတူ နေနိုင်သည်။ လိုအပ်ပါက မိဘများသည် အခြားသော အရွယ်ရောက်ပြီးသော လူကြီးအဖော်ကို လူနာအတွက်လိုက်ပေးရန် စီစဉ်သင့်သည်။
  • ပုံမှန်အားဖြင့် မောင်နှမများကို ဓာတ်မှန်ခန်းတွင် နေခွင့်မပေးပါ။ မိဘများသည် မောင်နှမများအတွက် ကလေးစောင့်ရှောက်မှု စီစဉ်မှုများကို ပြုလုပ်သင့်သည်။

အပေါ်ပိုင်း အစာအိမ်နှင့် အူလမ်းကြောင်း စစ်ဆေးမှု လုပ်ဆောင်နေစဉ်အတွင်း မည်သည်တို့ ဖြစ်သနည်း။

  • ဓာတ်ရောင်ဝန်ထမ်း အဖွဲ့ဝင် တစ်ဦးက လူနာသည် အဘယ်ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်း အတွဲလိုက် ဓာတ်မှန်ရိုက်ခြင်း လိုအပ်သည်ကို မိသားစုအား ပြောပြမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို ရှင်းပြပါမည်။
  • ဝန်ထမ်းအဖွဲ့ဝင်သည် လူနာကို ဓာတ်မှန်စင်ပေါ်သို့ ကူတင်ပေးပါမည်။
  • လူနာသည် အစာမျိုပြွန်၊ အစာအိမ်နှင့် အူများ ဓာတ်မှန် စခရင်ပေါ်တွင် မြင်နိုင်စေရန် ဘယ်ရီယမ် ရှိတ်ကို သောက်မည်။ ဘယ်ရီယမ်သည် မနှစ်မြို့ဖွယ် ထုံးကဲ့သို့ အရသာရှိသည်။ အချို့သော စင်တာများသည် အနံ့အရသာကို ရှိတ်ထဲသို့ ပေါင်းထည့်သည်။
  • ဝန်ထမ်း အဖွဲ့ဝင်သည် "ဖလူအိုရို တာဝါ" ဟုခေါ်သော ဓာတ်မှန်စက်ကို လူနာပေါ်သို့‌ ရွှေ့ပါမည်။
  • နည်းပညာရှင်သည် ဘယ်ရီယမ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲသို့ ဖြတ်သန်းစီးဆင်းသွားပါသဖြင့် ဓာတ်မှန်များစွာ ရိုက်ပါမည်။
  • စက်သည် ရှုထောင့်များစွာမှ ပုံများ ရိုက်ယူနိုင်ရန် ဝန်ထမ်းသည် လူနာကို အနေအထား အမျိုးမျိုးပြောင်းရာတွင် ကူညီပါမည်။

လူနာ မည်သည်ကို ခံစားရမည်နည်း။

စမ်းသပ်မှုသည် နာကျင်စေခြင်း မရှိပါ။ ဓာတ်မှန်စက်(ဖလူအိုလို တာဝါ) သည် လူနာကို မထိပါ။

ခွဲခြားမြင်နိုင်သော အရည်၏ အရသာသည် နှစ်မြို့ဖွယ်မရှိနိုင်ပါ။ မိသားစုသည် အနံ့အရသာ ထည့်ခြင်းနှင့် ပတ်သက်၍ မေးနိုင်သည်။

ဘယ်ရီယမ်သည် ခန္ဓာကိုယ်တစ်လျှောက် မည်မျှလျင်မြန်စွာ ရွေ့လျားမှုပေါ်မူတည်ပြီး စမ်းသပ်မှုသည် နာရီပေါင်းများစွာ ကြာနိုင်သည်။ စောင့်ဆိုင်းနေစဉ်အတွင်း လူနာက လုပ်နိုင်သည့် အရာများနှင့် ပတ်သက်၍ မိဘများသည် ဝန်ထမ်းအား မေးသင့်သည်။

လူနာသည် စမ်းသပ်မှု ပြီးနောက် မည်သည်ကို တွေ့ကြုံရမည်နည်း။

ဘယ်ရီယမ်သည် ဝမ်းချုပ်ခြင်းဖြစ်စေနိုင်သောကြောင့် မိဘများသည် လူနာကို အရည်များများ သောက်ခိုင်းသင့်သည်။

ဝမ်းများသည် ဘယ်ရီယမ်ကြောင့် တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ အဖြူရောင် သို့မဟုတ် မီးခိုးရောင် ဖြစ်နေနိုင်သည်။

မိသားစုများသည် အဖြေများကို မည်ကဲ့သို့ သိရှိမည်နည်း။

ဓါတ်မှန်ကျွမ်းကျင်ပညာရှင်သည် ရလဒ်များကို ကြည့်၍ အဓိပ္ပာယ်ဖော်မည်ဖြစ်ပြီး စမ်းသပ်မှုကို ညွှန်ကြားခဲ့သော ဆရာဝန်ကို အစီရင်ခံစာ တစ်စောင် ပို့ပါမည်။ ဆေးဝါးကူညီမှု အသင်းအဖွဲ့ဝင်တစ်ဦးသည် နောက်ရက်ချိန်း၌ အဖြေများကို မျှဝေမည်။


ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ