ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်မွမ်းမံ ဘယ်ရီယမ် မျိုချခြင်း စမ်းသပ်မှုသည် မျိုချနိုင်စွမ်းကို စစ်ဆေးသည်။ ၎င်းသည် မျိုချခြင်းကို ပို၍ လွယ်ကူ ဘေးကင်းစေရန် လုပ်ဆောင်ပေးနိုင်သော တစ်စုံတစ်ခုရှိလားဆိုသည်ကိုလည်း ပြသနိုင်သည်။
၎င်းသည် မျိုချလိုက်သော အစားအစာနှင့် အရည်ကို ပြသည့် "ရွေ့လျား" ဓါတ်ရောင်ခြည်တစ်ခုဖြစ်သည်။ စမ်းသပ်မှု လုပ်ဆောင်စဉ်တွင် ပုံရိပ်များကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ကြည့်ရှုသည်။
စမ်းသပ်မှုသည် ပုံမှန်အားဖြင့် မိနစ် ၂၀ မှ ၃၀ အထိ ကြာသည်။
စမ်းသပ်မှုကို အပြော-ဘာသာစကား ရောဂါဗေဒပညာရှင် တစ်ဦး သို့မဟုတ် တိုက်ကျွေးခြင်း ကျွမ်းကျင်သူတစ်ဦးက လုပ်ဆောင်မည်။
အစားအစာနှင့် အရည်က ပါးစပ်မှ အစာအိမ်သို့ ရွေ့လျားသွားကြောင်း ဓာတ်မှန်စက်တွင် ပြပါမည်။ ကွန်ပျူတာသည် စစ်ဆေးမှုကို ဗီဒီယိုရိုက်မည်။ အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် မျိုချခြင်း ပြဿနာများကို ရှာဖွေပြီး သေချာ ကြည့်ရှုပါမည်။ အကယ်၍ ပြဿနာများကို တွေ့ရှိပါက အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် ပို၌ ဘေးကင်း လွယ်ကူစွာ စားသုံးနိုင်မည့် နည်းလမ်းများကို အကြံပြုပါမည်။
အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် ပုံမှန်အားဖြင့် စစ်ဆေးခြင်းပြီးနောက် အကြံပြုချက်များနှင့် ရလဒ်များကို ဝေမျှသည်။ တစ်ခါတစ်ရံတွင် အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် လူနာ၏ ကင်ဆာအထူးကုဆရာဝန် သို့မဟုတ် ဆေးဝါးကူညီမှု အသင်း၏ အခြားအဖွဲ့ဝင်များကို မိသားစုနှင့် စကားမပြောဆိုမီ တိုင်ပင်ဆွေးနွေးမည်။
—
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ