အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုသည်မှာ နာမကျန်းဖြစ်ခြင်း ပျံ့နှံ့မှုကို တားဆီးရာတွင် ကူညီရန် လူတစ်ဦးနှင့်တစ်ဦးကြား ၆ ပေအကွာတွင် နေခြင်းကို ဆိုလိုသည်။ လူနှစ်ဦး လျှောက်လမ်းပေါ်တွင် ၆ ပေအကွာ၌ရှိကြောင်း ဤပုံတွင် အစက်လိုင်းဖြင့် ဖော်ပြသည်။

တစ်ဦးနှင့်တစ်ဦးကြား ၆ ပေအကွာတွင် နေခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကူညီရပ်တန့်နိုင်သည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုတာ ဘာလဲ။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုသည်မှာ နာမကျန်းဖြစ်ခြင်း ပျံ့နှံ့မှုကို တားဆီးရာတွင် ကူညီရန် လူတစ်ဦးနှင့်တစ်ဦးကြား နေရာလွတ်ထားခြင်း သို့မဟုတ် အကွာအဝေးတစ်ခုတွင် နေခြင်းကို ဆိုလိုသည်။ COVID-19 ဖြစ်နိုင်ခြေကို ကူညီလျှော့ချရန်နှင့် ပျံ့နှံ့မှုကို နှေးကွေးစေရန် အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေပါ။ သင်က နေထိုင်မကောင်း မဖြစ်နေစေကာမူ လူအချင်းချင်း ခပ်ခွာခွာတွင်နေထိုင်ရန် အရေးကြီးသည်။

  • တတ်နိုင်သမျှ အိမ်မှာနေပါ။
  • ကုန်တိုက်များ၊ အားကစားခန်းမများ၊ ရုပ်ရှင်ရုံများနှင့် စားသောက်ဆိုင်များကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများသို့ မသွားပါနှင့်။
  • ကျောင်း၊ ဘုရားကျောင်း သို့မဟုတ် အလုပ်ခွင်တွင် လူစုလူဝေး မလုပ်ပါနှင့်။
  • အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအသုံးပြုမှုကို ကန့်သတ်ပါ။ သင်နှင့် တစ်စီးတည်းရှိ ခရီးသည်များနှင့်ကြားတွင် ခပ်ခွာခွာနေပါ။
  • မိတ်ဆွေများနှင့် အခြားမိသားစုများအပါအဝင် သင်၏အိမ်တွင်မနေသော မည်သူနှင့်မဆို ထိတွေ့ခြင်းကို ကန့်သတ်ပါ။
  • လက်ကို မကြာခဏဆေးပါ၊ အထူးသဖြင့် အများပြည်သူဆိုင်ရာ နေရာများသို့ သွားလာပြီးပါက လက်ဆေးပါ။ ရောဂါပိုးမွှားများသည် တံခါးလက်ကိုင်ဘု သို့မဟုတ် ဆီဖြည့်ပိုက်လက်ကိုင်များကဲ့သို့ အထိအတွေ့များသော နေရာများတွင် ရှိနိုင်သည်။ ဆပ်ပြာနှင့်ရေကိုသုံး၍ အနည်းဆုံး စက္ကန့် ၂၀ ကြာ ပွတ်ဆေးပါ။ ဆပ်ပြာနှင့်ရေ မရနိုင်ပါက အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည်ကို သုံးပါ။ လက်ပြင်အနှံ့ ဆေးကြောပြီး ခြောက်သွေ့သည်အထိ လက်နှစ်ဖက်ကို ပွတ်ပါ။

ကင်ဆာလူနာများနှင့် ကိုယ်ခံအားစနစ်များ အားနည်းနေသော အခြားသူများအတွက် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းသည် အထူးသဖြင့် အရေးကြီးသည်။ ကင်ဆာလူနာ ကလေးများရှိ COVID-19 အကြောင်း ပိုမိုဖတ်ရှုပါ။

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားနေသော်လည်း လူမှုရေးအရ အဆက်အသွယ်မပြတ်ရှိပါစေ

“ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားခြင်း" ဟူသော စကားလုံးကို စတင်ကြားရနိုင်သည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားခြင်း၏ အရေးကြီးပုံအကြောင်းကို ပိုမိုလေးနက်စေသည်။ သို့သော် စိတ်ဖိစီးမှုများသော အချိန်များတွင် မိတ်ဆွေ၊ မိသားစုများနှင့် လူမှုရေးအရ၊ စိတ်ခံစားမှုအရ အဆက်အသွယ်မပြတ်ရှိနေရန် ပိုမိုအရေးကြီးသည်။ လောလောဆယ်တွင် တတ်နိုင်သမျှ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားနေ၍ တစ်ဦးနှင့်တစ်ဦး အားပေးနှစ်သိမ့်ရန် အရေးကြီးသည်။

 

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းက ဘာလို့ အရေးကြီးတာလဲ။

ကိုရိုနာဗိုင်းရပ်စ်သည် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှ ထွက်လာသည့် သေးငယ်သောအမှုန်များမှတစ်ဆင့် အလွယ်တကူပျံ့နှံ့နိုင်သည်။ ၎င်းသည် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပစ္စည်းများမျှဝေခြင်း သို့မဟုတ် အသုံးပြုမှုများသော မျက်နှာပြင်များကို ထိတွေ့ခြင်းမှတစ်ဆင့်ကဲ့သို့ နေ့စဉ်ထိတွေ့မှုများမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။ အချို့လူများတွင် ရောဂါလက္ခဏာများ မရှိသော်လည်း အခြားသူများသို့ ဗိုင်းရပ်စ်ပျံ့နှံ့စေနိုင်သေးသည်။ လူများ သက်သာကောင်းမွန်လာစေကာမူ ၎င်းတို့သည် ဗိုင်းရပ်စ်ကို အချိန်တစ်ခုကြာ ပျံ့နှံ့နိုင်သည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းကို ကလေးများသို့ ဘယ်လိုရှင်းပြမလဲ။

နေမကောင်းဖြစ်ခြင်း သို့မဟုတ် ရောဂါပိုးမွှားများကို အခြားသူများသို့ ကူးစက်စေခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အခြားသူများနှင့် စိတ်ချရသောအကွာအဝေးတစ်ခုတွင် ခပ်ခွာခွာနေခြင်းဖြစ်ကြောင်း ရှင်းပြပါ။ ရောဂါပိုးမွှားများသည် အလွန်သေးငယ်သောကြောင့် မမြင်နိုင်ပါ။ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းသည် ရောဂါပိုးမွှားများကို လေထဲမှတစ်ဆင့် ၆ ပေအထိ ပျံ့နှံ့နိုင်သည်။ ၎င်းတို့သည် တံခါးလက်ကိုင် သို့မဟုတ် ဖုန်းကဲ့သို့ မျက်နှာပြင်တွင်လည်း ရှင်သန်နေထိုင်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပုံမှန်ထက်ပို၍ ဘေးကင်းလုံခြုံရန် အရေးကြီးသည်- အိမ်ထဲနှင့် အခြားသူများ၏ အဝေးတွင်နေပါ၊ လက်ကို မကြာခဏဆေး၍ ချောင်းဆိုး၊ နှာချေသောအခါ ဖုံးအုပ်ပါ။

ဘေးကင်းလုံခြုံအောင်နေခြင်းသည် အမူအကျင့်ကောင်း ဖြစ်သော်လည်း အခြေအနေများ မကြာမီ ပုံမှန်ပြန်ဖြစ်ရန် ကျွန်ုပ်တို့ မျှော်လင့်သည်။ ဆရာ၀န်နှင့် သိပ္ပံပညာရှင်များသည် ဤဗိုင်းရပ်စ်အသစ်အကြောင်းကို ပိုမိုသိရှိရန်နှင့် ကုသနိုင်သည့် ဆေးဝါးဖော်စပ်နိုင်ရန် လေ့လာနေကြသည်။

တစ်စုံတစ်ယောက် ဖျားနာပါက သူသည် အမှားတစ်ခုခုလုပ်မိသည်ဟု မဆိုလိုပါ။ မည်သူမဆို COVID-19 ဖြစ်နိုင်သည်။ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ ဘေးကင်းလုံခြုံစေလိုပြီး ဗိုင်းရပ်စ်ကို ကူညီတားဆီးနိုင်သည်များကို လုပ်ဆောင်လိုသည်။

ကလေးများအတွက် သိပ္ပံပညာ- နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းအကြောင်း ပြောရန် အကြံဉာဏ်များ

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များနှင့် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှတစ်ဆင့် ရောဂါပိုးမွှားများ ပျံ့နှံ့ပုံအကြောင်း ဆွေးနွေးရန် ရေမှုန်ဖြန်းသည့် ပုလင်းကို အသုံးပြုပါ။
  • အကွာအဝေးကို ခန့်မှန်းပါ။ ၆ ပေအကွာကို အမှန်ကန်ဆုံး အမှတ်အသားပြုနိုင်သူ ပြိုင်ပွဲကျင်းပပါ။ နေ့စဉ်ဘဝတွင် ၎င်းတို့အရေးပါပုံအကြောင်း ဆွေးနွေးပါ။
  • လူတစ်ဦးနှင့်တစ်ဦးကြား အကွာအဝေး၏ အရေးကြီးပုံအကြောင်း ဆွေးနွေးပါ။ ကြုံတွေ့ရနိုင်သော “နေရာ ကျူးကျော်လာသူများ” နှင့် အခြားသူများ၏ အဝေးတွင်နေရန် အခက်အခဲရှိနိုင်သည့် အချိန်တို့ကို ရှာဖွေသတ်မှတ်ခြင်း လုပ်နိုင်သည်။ ကူညီရန် အကြံဉာဏ်များ ထုတ်ပါ။ လူစုကစားပွဲများအတွက် တူညီသော “စည်းမျဉ်းများ” မရှိနိုင်သည့် မိတ်ဆွေများကို မည်သို့ပြောဆိုရမည်ကိုလည်း ဆွေးနွေးပါ။
 
ဗိုင်းရပ်စ်ရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် အနီးအနားရှိ လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။ နှာချေမှုန်များသည် ၆ ပေအထိ ပျံ့နှံ့နိုင်သည်။

ဗိုင်းရပ်စ်ရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် အနီးအနားရှိ လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။ နှာချေမှုန်များသည် ၆ ပေအထိ ပျံ့နှံ့နိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ဘယ်လို ပျံ့နှံ့သလဲ။

COVID-19 (ကိုရိုနာဗိုင်းရပ်စ် ရောဂါ၂၀၁၉) သည် SARS-CoV-2 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ပျံ့နှံ့နိုင်သည်။ လတ်တလောရှိသိထားသည်များအရ ထိုဗိုင်းရပ်စ် ပျံ့နှံ့နိုင်သည့် နည်းလမ်းများစွာရှိသည်-

  • ဗိုင်းရပ်စ်ရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် အနီးအနားရှိ လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။
  • ဗိုင်းရပ်စ်ပါဝင်သော လေထဲကအမှုန်များကို အဆုတ်များထဲသို့ ရှူသွင်းလိုက်နိုင်သည်။
  • ဗိုင်းရပ်စ်သည် လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့ တစ်စုံတစ်ယောက်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။
  • ဗိုင်းရပ်စ်ရှိသော မျက်နှာပြင်များကို ထိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိကိုင်ခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်။ ဗိုင်းရပ်စ်သည် အချို့မျက်နှာပြင်များတွင် ရက်အနည်းငယ်ကြာအထိ ရှင်သန်နေနိုင်သည်။

“မျဉ်းကွေးကို ဖြောင့်ပါ” ဆိုတာ ဘာကိုဆိုလိုတာလဲ။

တစ်ကြိမ်တွင် COVID-19 ဘယ်နှဦးဖြစ်ပွားကြောင်းကို “မျဉ်းကွေး” ဖြင့် ပြသသည်။ COVID-19 ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် အခြားသူများနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ပျံ့နှံ့နိုင်သည်။ လူများစွာသည် တစ်ချိန်တည်းတွင် နာမကျန်းဖြစ်ကြသည်။ ၎င်းက ဆရာဝန်နှင့် ဆေးရုံများအတွက် လူတိုင်းကို ကုသပေးရန် ခက်ခဲစေသည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေရန် သို့မဟုတ် မျဉ်းကွေးကို ဖြောင့်ရန်ဖြစ်သည်။ လူများသည် အိမ်မှာနေပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို ရှောင်ကြဉ်ပါက ဗိုင်းရပ်စ်သည် လျင်မြန်စွာ ပျံ့နှံ့မည် မဟုတ်ပါ။ တစ်ကြိမ်တွင် လူအနည်းငယ်သာ နာမကျန်းဖြစ်ပါမည်။ လူများ နာမကျန်းဖြစ်နေဦးမည်ဖြစ်သော်လည်း ဖြစ်ပွားနှုန်း နှေးသွားပါမည် — မျဉ်းကွေးက ပိုဖြောင့်သွားပါမည်။ ၎င်းက COVID-19 ဖြစ်သော လူများ အထူးသဖြင့် အလွန်နေထိုင်မကောင်းဖြစ်နေသော လူများကို ဂရုစိုက်နိုင်ရန် ဆရာ၀န်နှင့် ဆေးရုံများကို ကူညီပါမည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေရန် သို့မဟုတ် မျဉ်းကွေးကို ဖြောင့်ရန်ဖြစ်သည်။ လူများသည် အိမ်မှာနေပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို ရှောင်ကြဉ်ပါက ဗိုင်းရပ်စ်သည် လျင်မြန်စွာ ပျံ့နှံ့မည် မဟုတ်ပါ။ တစ်ကြိမ်တွင် လူအနည်းငယ်သာ နာမကျန်းဖြစ်ပါမည်။ လူများ နာမကျန်းဖြစ်နေဦးမည်ဖြစ်သော်လည်း ဖြစ်ပွားနှုန်း နှေးသွားပါမည် — မျဉ်းကွေးက ပိုဖြောင့်သွားပါမည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၏ ရည်ရွယ်ချက်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးစေရန် သို့မဟုတ် မျဉ်းကွေးကို ဖြောင့်ရန်ဖြစ်သည်။ လူများသည် အိမ်မှာနေပြီး တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို ရှောင်ကြဉ်ပါက ဗိုင်းရပ်စ်သည် လျင်မြန်စွာ ပျံ့နှံ့မည် မဟုတ်ပါ။ တစ်ကြိမ်တွင် လူအနည်းငယ်သာ နာမကျန်းဖြစ်ပါမည်။ လူများ နာမကျန်းဖြစ်နေဦးမည်ဖြစ်သော်လည်း ဖြစ်ပွားနှုန်း နှေးသွားပါမည် — မျဉ်းကွေးက ပိုဖြောင့်သွားပါမည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၊ အသွားအလာကန့်သတ်ခြင်းနှင့် သီးခြားနေခြင်း – ခြားနားချက်က ဘာလဲ။

ကိုရိုနာဗိုင်းရပ်စ် ကာလ၌ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း ဆိုသည်မှာ သင်က နေမကောင်းခြင်း သို့မဟုတ် ရောဂါဖြစ်နိုင်ခြေရှိခြင်း မဖြစ်စေကာမူ သင်၏ရပ်ရွာအသိုင်းအဝိုင်းတွင် သင်နှင့်အခြားသူများ၏ အနီးကပ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြစ်သည်။ ၎င်းသည် COVID-19 ပျံ့နှံ့မှုကို ကူညီတားဆီးရန်အတွက် မိမိအလိုဆန္ဒအရ လုပ်ဆောင်သည့် အမူအကျင့်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာလ၌ အသွားအလာကန့်သတ်ခြင်း

အသွားအလာကန့်သတ်ခြင်း သို့မဟုတ် မိမိကိုယ်ကို အသွားအလာကန့်သတ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်ခြေရှိသော ထိတွေ့မှုများအရ သင်သည် COVID-19 ဖြစ်နိုင်ခြေရှိသောကြောင့် အိမ်၌နေပြီး အခြားသူများနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ သင်သည် အသွားအလာကန့်သတ်၍ နေထိုင်နေပါက သင်၏အိမ်ရှိ အခြားသူများသို့ ရောဂါမရောက်ရှိစေရန် နည်းလမ်းများ လိုက်နာသင့်သည်- လက်ကို ပုံမှန်ဆေးပါ၊ အိမ်သုံးပစ္စည်းများကို မျှမသုံးပါနှင့်၊ သီးခြားအိပ်ခန်းဖြင့် အိပ်ပြီး သီးခြား သန့်စင်ခန်းကို သုံးပါ။ ကျန်းမာရေးဌာနများ သို့မဟုတ် ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်အရာရှိများကလည်း အသွားအလာကန့်သတ်နေထိုင်ရန် အမိန့်ပေးနိုင်သည်။

ဗိုင်းရပ်စ်ပိုးရှိသူနှင့် ထိတွေ့ပြီးသော်လည်း ရောဂါလက္ခဏာများ မပြသသူများသည် မိမိဘာသာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်သင့်သည်။ ရောဂါလက္ခဏာများ မပြဘဲ ၁၄ ရက်ကျော်ပါက သင့်တွင် COVID-19 ဖြစ်နိုင်ခြေ မရှိတော့ပါ။

ကိုရိုနာဗိုင်းရပ်စ် ကာလ၌ သီးခြားနေခြင်း

သီးခြားနေခြင်း ဆိုသည်မှာ သင့်တွင် COVID-19 ရှိကြောင်း အတည်ပြုထားပြီး သို့မဟုတ် သံသယရှိပြီး အခြားသူများသို့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရှောင်ကြဉ်ရန် ပိုမို၍ ဂရုပြုရန် လိုအပ်သည်။ သီးခြားနေခြင်းကို အိမ်၌ သို့မဟုတ် ဆေးရုံ၌ လုပ်ဆောင်နိုင်သည်။ ပြုစုစောင့်ရှောက်သူများသည် ရောဂါကူးစက်နိုင်ခြေကို လျှော့ချရန် ကာကွယ်ရေးဝတ်စုံများ ဝတ်သင့်သည်။ သင့်တွင် ရောဂါလက္ခဏာများ ရှိပါက လုပ်ဆောင်ရမည့်အရာနှင့် နာမကျန်းဖြစ်နေသူကို စောင့်ရှောက်ပုံ တို့အကြောင်းကို ပိုမိုလေ့လာပါ။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းနှင့် သက်ဆိုင်သည့် ထပ်ဆောင်းအရင်းအမြစ်များ

ကိုရိုနာဗိုင်းရပ်စ်နှင့် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းအကြောင်းကို သင်၏ကလေးများအား ပြောပြခြင်း

ဘေးကင်းစေရန် ခပ်ခွာခွာနေခြင်း

COVID-19 အား တိုက်ထုတ်ရန် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းကို မဖြစ်မနေ လုပ်ရမည်

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းကို အလေးအနက်ထားဖို့ အချိန်ရောက်ပါပြီ။ လုပ်ဆောင်ပုံ

---
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်- ၂၀၂၀ ခုနှစ် မတ်လ