အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သင့်ကလေး၏ဟန်ချက် တိုးတက်လာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာကုထုံး

ဟန်ချက် အလုပ်လုပ်ပုံ

ဟန်ချက်သည် သင့်အား မတ်မတ်၊ ငြိမ်ငြိမ်ရပ်နိုင်စေသော အလေးချိန်အား ညီမျှစွာဖြန့်ဝေမှု ဖြစ်သည်။

ကောင်းမွန်သော ဟန်ချက်အား ထိန်းထားနိုင်စေရန်အတွက်-

  • သင်သည် မှန်ကန်သော အာရုံခံ အချက်အလက်များ ရှိရမည်ဖြစ်သည်
  • သင့်ဦးနှောက်သည် အဆိုပါအသေးစိတ်အချက်အလက်များကို မှန်ကန်စွာ အသုံးပြုသည်
  • မှန်ကန်သော ကြွက်သားများက တုံ့ပြန်သည်

တည်ငြိမ်မှုကို ဖန်တီးရန်အတွက် သင့်ခန္ဓာကိုယ်၏ မတူညီသောစနစ်အများအပြားက အတူတကွ လုပ်ဆောင်ကြသည်။

ဟန်ချက်အတွက် အာရုံခံအချက်အလက်များအား သင်၏ အောက်ဖော်ပြပါနေရာတို့မှ ရရှိသည်-

  • အမြင်အာရုံစနစ် - ယင်းသည် သင့်ဦးနှောက်အား သင့်ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ပေးဆောင်သည်။ ၎င်းသည် ၎င်း၏နေရာ၌ သင့်ခန္ဓာကိုယ်ရှိနေသည့်နေရာကို သင့်ဦးနှောက်ထံ ပြောပြပေးသည်။ 
  • အာရုံခံစနစ် - ၎င်းသည် ထိတွေ့မှု၊ ဖိအား၊ နာကျင်မှု၊ လှုပ်ရှားမှုနှင့် အနေအထားတို့ကဲ့သို့သော အရာများကို သင့်အား သတိပြုမိစေသည်။ အဆိုပါအာရုံခံများသည် သင်၏ကြွက်သားများ၊ အဆစ်များနှင့် အရေပြားတို့၌ ခန္ဓာကိုယ်အနှံ့တွင် ရှိသည်။ ၎င်းတို့သည် သင့်ဦးနှောက်အား ခန္ဓာကိုယ်အနေအထားနှင့်စပ်လျဉ်း၍ ကူညီပေးသည်။
  • ဟန်ချက်ထိန်းစနစ် - ၎င်းသည် သင့်အတွင်းနားတွင် ရှိသည်။ ၎င်းသည် သင့်ဦးခေါင်းအား မည်ကဲ့သို့ထားရှိထားသည်ကို သင့်ခန္ဓာကိုယ်ထံ ပြောပြပေးသည်။ ၎င်းသည် သင့်ခန္ဓာကိုယ်အား အရှေ့သို့၊ အနောက်သို့၊ အပေါ်သို့ သို့မဟုတ် အောက်သို့ ရွှေ့နေသည့် အချက်အလက်များကိုလည်း ပေးပို့သည်။

အဆိုပါစနစ်တစ်စုံတစ်ရာ၌ ပြောင်းလဲမှုများသည် ဟန်ချက်ပြဿနာများကို ဖြစ်စေသည်။ 

ဟန်ချက်ပြဿနာများ ဖြစ်ပွားစေသည့် အကြောင်းအရင်းများ

သင့်ကလေး၌ ဟန်ချက်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွင် အပြောင်းအလဲရှိနိုင်သည့် အကြောင်းအရင်းများစွာ ရှိနိုင်ပါသည်။ ယင်းတို့တွင် ဆေးကုသမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ၊ နာကျင်မှု သို့မဟုတ် အာရုံကြောစနစ် ထိခိုက်မှုတို့ ပါဝင်ပါသည်။

သင့်ကလေး၏ ဟန်ချက်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများဖြစ်ပွားရခြင်း အကြောင်းအရင်းများကို ရှာဖွေရန် သင်၏ပြုစုကုသရေးအဖွဲ့နှင့် လက်တွဲဆောင်ရွက်ပါ။ ဖြေရှင်းနည်းတစ်ခုမှာ ကြွက်သားများ အားကောင်းလာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်နှင့် လုပ်ဆောင်ရန် ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်တွင်လည်း အိမ်၌ သင့်ကလေးအတွက် ဘေးကင်းလုံခြုံမှု အဆင့်မြှင့်တင်ရန်နည်းလမ်းဆိုင်ရာ အကြံပြုချက်များ ရှိနိုင်ပါသည်။

ဟန်ချက်ပြဿနာများဆိုင်ရာ လက္ခဏာ

သင့်ကလေးတွင် ဟန်ချက်ပိုင်းဆိုင်ရာ ပြဿနာများ ရှိ၊ မရှိ သင်သတိပြုမိနိုင်သည့် အကြောင်းအချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

  • လမ်းလျှောက်ရန် ခက်ခဲလာခြင်း
  • ဟန်ချက်ပျက်ခြင်း 
  • လဲကျခြင်း သို့မဟုတ် ဒယိမ်းဒယိုင်လျှောက်ခြင်း
  • အနေအထားပြောင်းသောအခါ၊ ကွေ့သောအခါ၊ မတ်တပ်ရပ်သောအခါ၊ လမ်းလျှောက်သောအခါ သို့မဟုတ် ထိုင်သောအခါ မူးဝေခြင်း

အဆိုပါလက္ခဏာတစ်စုံတစ်ရာကို တွေ့ရှိပါက သင့်ကလေး၏ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် သို့မဟုတ်  ပြုစုကုသရေးအဖွဲ့နှင့် ပြောဆိုဆွေးနွေးပါ။ ရုပ်ပိုင်းဆိုင်ရာကုထုံးသည် ကြွက်သားများ သန်မာလာစေရန်၊ ပျော့ပြောင်းမှု တိုးလာစေရန်နှင့် အနေအထား ပြောင်းလဲမှုများအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ အဆိုပါအကြောင်းအချက်များသည် ဟန်ချက်ကို ပိုမိုကောင်းမွန်လာစေပါသည်။

ဟန်ချက်အတွက် အထောက်အကူပြုသည့် လေ့ကျင့်ခန်းများ

ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များသည် သင့်ကလေး၏ဟန်ချက်ကို ကြည့်ရှုပြီး အကောင်းဆုံး ပြုစုကုသရေးအစီအစဉ်ကို ဖန်တီးပေးနိုင်ပါသည်။ ယင်းတို့တွင် ကုသရေးအတွက် ၎င်းတို့၏ရုံးခန်းသို့ လာရောက်ပြသမှုများ ပါဝင်နိုင်ပါသည်။ အိမ်တွင်ပြုလုပ်ရသော လေ့ကျင့်ခန်းများလည်း ပါဝင်နိုင်ပါသည်။ 

အိမ်တွင် သင့်ကလေးနှင့်အတူ လုပ်ဆောင်ရန် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်က မှာကြားနိုင်သော လေ့ကျင့်ခန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်-

မတ်တပ်ဟန်ချက် (ခြေစုံချခြင်း)

  • ညီညာသောမျက်နှာပြင်ပေါ်တွင် အထောက်အကူမပါဘဲ 1 မိနစ်ကြာ ခြေစုံချ၍ မတ်တပ်ရပ်ပါ။
  • ခြေထောက်များကို မရွှေ့ဘဲ ဦးတည်ဖက်အားလုံးသို့ စက္ကန့် 30 မှ 1 မိနစ်အထိကြာအောင် ကိုင်းကြည့်ပါ။

စိန်ခေါ်မှုပိုမိုမြင့်မားသော လှုပ်ရှားမှုအတွက်- 

  • သင့်ဟန်ချက်ကို စိန်ခေါ်ရန်အတွက် မျက်လုံးများကို စက္ကန့် 30 မှ 1 မိနစ်အထိ မှိတ်ထားပါ။ လဲမကျစေရန် သို့မဟုတ် ဟန်ချက်မပျက်စေရန်အလို့ငှာ ဤလေ့ကျင့်ခန်းအတွက် အပိုအထောက်အကူတစ်စုံတစ်ရာ လိုအပ်နိုင်ပါသည်။ 
  • မတ်တပ်ဟန်ချက်လေ့ကျင့်ခန်းကို ခေါင်းအုံး သို့မဟုတ် ဖော့ပြားကဲ့သို့သော မညီညာသည့် မျက်နှာပြင်များ၌ ပြုလုပ်ပါ။ 
မတ်တပ်ဟန်ချက်

မတ်တပ်ဟန်ချက် ခြေစုံချခြင်း

ခြေတစ်ဖက်ချ အနေအထား

  • ခြေတစ်ဖက်တည်းဖြင့် စက္ကန့် 30 သို့မဟုတ် ထို့ထက်ကြာအောင် မတ်တပ်ရပ်ပါ။

ခြေတစ်ဖက်စီတွင် 3 ခါစီ လုပ်ပါ။ 

ဟန်ချက်ကို ထိန်းနိုင်ပါက သို့မဟုတ် ဘေးမကင်းဟု ခံစားရပါက မာကျောသော မျက်နှာပြင်အနီးတွင် မတ်တပ်ရပ်ပါ။

ခြေတစ်ဖက်ချ အနေအထား

ခြေတစ်ဖက်ချ အနေအထား

ခြေထောက်ရှေ့နောက်စီ အနေအထား

  1. ဖနောင့်နှင့် ခြေချောင်းတို့ကိုထိကာ ခြေထောက် 1 ဖက်ကို အခြားခြေထောက်တစ်ဖက်ရှေ့တွင်စီလျက် မတ်တပ်ရပ်ပါ။
  2. အဆိုပါအနေအထားအတိုင်း စက္ကန့် 30 သို့မဟုတ် ထို့ထက်ကြာအောင် နေပါ။ 

ခြေထောက်တစ်ဖက်စီကို တစ်လှည့်စီ ရှေ့ထုတ်လျက် 3 ခါစီ လုပ်ပါ။ 

ဟန်ချက်ကို ထိန်းနိုင်ပါက သို့မဟုတ် ဘေးမကင်းဟု ခံစားရပါက မာကျောသော မျက်နှာပြင်အနီးတွင် မတ်တပ်ရပ်ပါ။

ခြေထောက်ရှေ့နောက်စီ အနေအထား

ခြေထောက်ရှေ့နောက်စီ အနေအထား

ခြေထောက်ရှေ့နောက်စီလျက် လမ်းလျှောက်ခြင်း (ခေါင်းကို ရှေ့တည့်တည့်ထားလျက်နှင့် ခေါင်းကို လှည့်လျက်)

  • ဖနောင့်နှင့် ခြေချောင်းတို့ကိုထိလျက် 10-15 ပေ လျှောက်ပါ။ 
  • 3-4 ကြိမ် လုပ်ဆောင်ပါ။ 

ဟန်ချက်ထိန်းရန်အလို့ငှာ နံရံ သို့မဟုတ် လူကို အထောက်အကူအဖြစ် လိုအပ်သလို အသုံးပြုပါ။ 

စိန်ခေါ်မှုပိုမိုမြင့်မားသော လှုပ်ရှားမှုအတွက်- 

  1. ဖနောင့်နှင့် ခြေချောင်းတို့ကိုထိလျက် လမ်းလျှောက်ပါ။ 
  2. လမ်းလျှောက်လျှင် ညာဘက်နှင့် ဘယ်ဘက်သို့ကြည့်လျက် သင့်ခေါင်းကို ဟိုဖက်မှ သည်ဖက်သို့ လှည့်ပါ။

 ဤလေ့ကျင့်ခန်းအတွက် အထောက်အကူ ပိုမိုလိုအပ်နိုင်ပါသည်။ 

ခြေထောက်ရှေ့နောက်စီလျက် လမ်းလျှောက်ခြင်း

ခြေထောက်ရှေ့နောက်စီလျက် လမ်းလျှောက်ခြင်း

ထိုင်လျက် တံကောက်ကြောကို ဆန့်ထုတ်ခြင်း

  1. ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ သင့်ကျောကို မတ်မတ်ထားလျက် ထိုင်ပါ။
  2. ခြေဖဝါးသည် ပေါင်လယ်နှင့် ဆန့်ကျင်ဘက်သို့ ကျနေစေရန် နောက်ထပ်ခြေတစ်ဖက်ကို ကွေးပါ။
  3. ခြေချင်းဝတ်ဆီသို့ ကိုင်းညွှတ်ပါ။
  4. သင့်ဒူးခေါင်း၊ လည်ပင်းနှင့် နောက်ကျောတို့ကို ဆန့်တန်းနေအောင်ထားပါ။
  5. သင့်ပေါင်နောက်ကျောဘက်၌ ဆန့်ထုတ်ထားခြင်းကို ခံစားပါ။
  6. စက္ကန့် 30–60 ကြာ ထိန်းထားပါ။

ခြေတစ်ဖက်စီတွင် 2-3 ခါစီ လုပ်ပါ။

ထိုင်လျက် တံကောက်ကြောကို ဆန့်ထုတ်ခြင်း

ထိုင်လျက် တံကောက်ကြောကို ဆန့်ထုတ်ခြင်း

ထိုင်လျက် ခြေသလုံးကြွက်သားကို ဆန့်ထုတ်ခြင်း

  1. ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကို ဆန့်ထုတ်လျက် ထိုင်ပါ။
  2. လိပ်ထားသော တပတ်ပဝါ သို့မဟုတ် ခါးပတ်ကို ခြေချောင်းများအနား ခြေဖဝါးတွင် သိုင်းပါ။
  3. ခြေသလုံးဧရိယာတွင် ဆန့်ထုတ်ခြင်း ခံစားရသည်အထိ ခြေထောက်ကို သင့်ခန္ဓာကိုယ်ဘက်သို့ဆွဲပါ။
  4. စက္ကန့် 30–60 ကြာ ထိန်းထားပါ။

ခြေတစ်ဖက်စီတွင် 2– 3 ခါစီ လုပ်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများသည် သင့်ကလေးအား နာကျင်စေပါက ရပ်လိုက်ပါ။ ထို့နောက် သင်၏ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်ကို အသိပေးပါ။

မည်သည့်လေ့ကျင့်ခန်းကိုမဆို မပြုလုပ်မီ သင်၏ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။
ထိုင်လျက် ခြေသလုံးကြွက်သားကို ဆန့်ထုတ်ခြင်း

ထိုင်လျက် ခြေသလုံးကြွက်သားကို ဆန့်ထုတ်ခြင်း

အဓိကအချက်များ

  • လူတစ်ဦး၏ဟန်ချက်သည် ၎င်းတို့၏ခန္ဓာကိုယ်က အချက်ပြမှုများကို သိရှိခြင်းနှင့် အသုံးပြုခြင်းပေါ် မူတည်သည်။
  • ကုသနေစဉ်အတွင်း သင့်ကလေး၌ ဟန်ချက်ပြဿနာများ ဖြစ်ပွားလာသည့် အကြောင်းအရင်းများစွာ ရှိပါသည်။
  • ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်သည် သင့်ကလေးအား ဟန်ချက်ပိုကောင်းလာစေရန် အထောက်အကူပြုသည့် ကြွက်သားများ သန်မာလာစေရန်နှင့် ဆန့်ထွက်လာစေရန် ကူညီပေးနိုင်ပါသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ၊ 2022 ခုနှစ်