အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ICU ရှိ အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်း

ICU ဟုလည်းခေါ်ဆိုသည့် ကလေးသူငယ်စောင့်ရှောက်မှုယူနစ် (PICU) ရှိ လူနာများစွာသည် ကြွက်သားအားနည်းမှုဖြစ်လာနေကြသည်။

ဤအားနည်းမှုသည် အချို့လူနာများတွင် အချိန်ကြာကြာ တည်ရှိနေနိုင်သည်။ ၎င်းသည် လူနာများ၏ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ သင့်ကလေးသည် ICU တွင် ရှိပါက စောင့်ရှောက်မှုအဖွဲ့ဝင်များက ကလေး၏ လှုပ်ရှားသွားလာမှုနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနိုင်သည်။ ဤနည်းလမ်းသည် လူနာများကို ပိုမိုလျင်မြန်စွာ သက်သာကောင်းမွန်လာစေရန် ဘေးကင်းသည့်နည်းလမ်းဖြစ်နိုင်သည်။ ၎င်းကို အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းဟုခေါ်သည်။

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းနှင့်ပတ်သက်၍ ကူညီ‌ဆောင်ရွက်ပေးနိုင်သည့် စောင့်ရှောက်မှုအဖွဲ့ဝင်များတွင် ပါဝင်သူများ-

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းဆိုတာ ဘာလဲ။

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းသည် ပြန်လည်သန်စွမ်းရေး အစီအစဉ်၏ အစိတ်အပိုင်းဖြစ်သည်။ ၎င်းတွင် အရေးကြီး စောင့်ရှောက်မှုနှင့် ICU ဌာနရှိ လူနာများအတွက် စီစဉ်ရေးဆွဲထားသည့် လှုပ်ရှားဆောင်ရွက်မှုနှင့် ကိုယ်ကာယပိုင်းလှုပ်ရှားမှုပါဝင်သည်။ လှုပ်ရှားဆောင်ရွက်မှုများကို ကလေးတစ်ဦးစီ၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အသေးစိတ်ချိန်ကိုက်စီစဉ်ထားသည်။

ရည်မှန်းချက်မှာ သင့်ကလေးအား ဘေးကင်းလုံခြုံစွာ လှုပ်ရှားသွားလာနိုင်စေရေးဖြစ်သည်။  ဤလှုပ်ရှားဆောင်ရွက်မှုများပြုလုပ်စဉ်၌ အချို့လူမမယ်ကလေးများနှင့် ကလေးသူငယ်များသည် ဗန်တီလေတာဟုခေါ်သော အသက်ရှူစက်ကို တပ်ဆင်အသုံးပြုရဆဲဖြစ်နိုင်သည်။

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းသည် လူနာများကို မည်သို့ အထောက်အကူပြုသနည်း။

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းသည် လူနာများကို ပိုမိုလျင်မြန်စွာ သက်သာကောင်းမွန်စေပြီး ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုသည်။ ၎င်းသည် ICU စောင့်ရှောက်မှုကို မရယူမီ၊ ရယူနေစဉ်နှင့် ရယူပြီးနောက်ပိုင်း ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေသည်။

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်း၏ အကျိုးကျေးဇူးများတွင် အောက်ပါတို့ပါဝင်သည်-

  • ကိုယ်ကာယကြံ့ခိုင်မှုကို ပြန်လည်ရရှိစေခြင်းနှင့် ထိန်းသိမ်းပေးခြင်း
  • လူမှုရေးနှင့် စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာ ကောင်းကျိုးများ ရရှိစေခြင်း
  • အိပ်စက်မှုအရည်အသွေး တိုးတက်ကောင်းမွန်စေခြင်း
  • ဆေးဝါးအနည်းအကျဉ်းဖြင့် သက်တောင့်သက်သာရှိစေပြီး နာကျင်ကိုက်ခဲမှုကို ထိန်းချုပ်ပေးနိုင်ခြင်း
  • လဲကျနိုင်သည့် အန္တရာယ်ကို လျော့ကျစေခြင်း
  • သတိမြဲပြီး အာရုံစူးစိုက်မှု ပိုအားကောင်းလာခြင်း
  • ဂနာမငြိမ် ကယောင်ကတမ်းဖြစ်မှု (စိတ်ရှုပ်ထွေးပြီး အိပ်ငိုက်ချင်သကဲ့သို့ ခံစားရခြင်း) ကို နည်းပါးစေခြင်း

အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်းသည် မည်သို့လည်ပတ်ဆောင်ရွက်သလဲ။

သင့်ကလေးကို ICU တွင် တက်ရောက်ကုသခွင့်ပြုသည့်အခါ ၎င်းသည် ကိုယ်ကာယပိုင်း နှင့်/သို့မဟုတ် ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး ပညာရှင်နှင့် တွေ့ဆုံရနိုင်သည်။ ဤစောင့်ရှောက်မှုအဖွဲ့ဝင်များသည် သင့်ကလေးက ICU တွင် ရှိစဉ် လုပ်ဆောင်နိုင်စွမ်းရှိမည့်အရာ သို့မဟုတ် လုပ်ဆောင်ရာတွင် အကူအညီလိုအပ်မည့်အရာကို ဆန်းစစ်လေ့လာမည်ဖြစ်သည်။

ကလေးအများစုအတွက် ဤအစီအစဉ်ကို အိပ်ရာအတွင်း လှုပ်ရှားခြင်းနှင့် စတင်သည်။

ယေဘုယျအားဖြင့် အသက်ပိုကြီးသည့် ကလေးများအတွက် အိပ်ရာအတွင်း လှုပ်ရှားခြင်းနှင့် စတင်ပြီး ထို့နောက် အိပ်ရာအတွင်း ထိုင်ခြင်း၊ နှင့် ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းသို့ ဆက်လက်တိုးတက်လုပ်ဆောင်စေခြင်းတို့ဖြစ်သည်။ ပိုအသက်ငယ်သည့် ကလေးများအတွက်ဆိုလျှင် ဖျာဖြင့်ကစားနည်းကဲ့သို့ လှုပ်ရှားဆောင်ရွက်မှုများ ပါဝင်နိုင်သည်။

၎င်းတ္ငင် အောက်ပါတို့ကဲ့သို့ ကစားခြင်း သို့မဟုတ် အသက်နှင့်သင့်တော်သည့် အခြား လှုပ်ရှားဆောင်ရွက်မှုများ ပါဝင်နိုင်သည်-

  • အိပ်ရာအတွင်းတွင် ကိုယ်လက်ဆန့်ထုတ်သည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း
  • အိပ်ရာတွင် လူအကူအညီဖြင့် ဘေးတစ်စောင်းအိပ်ခြင်း
  • မတ်တပ်ရပ်ခြင်း
  • ဘီးတပ်ကုလားထိုင် သို့မဟုတ် ကုလားထိုင်သို့ ပြောင်းရွေ့ပေးခြင်း
  • လမ်းလျှောက်ခြင်း

ကုထုံးပညာရှင်များက အချိန်‌စောစီးစွာ လှုပ်ရှားသွားလာနိုင်ရန် လေ့ကျင့်ပေးခြင်း၏ ရည်မှန်းချက်များကို မည်သို့ သတ်မှတ်သနည်း။

သင့်ကုထုံးပညာရှင်သည် ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်သည့် အခြေအနေကို ရောက်ရှိရန်အတွက် ရည်မှန်းချက်များ သတ်မှတ်ရန် သင့်ကလေးနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ဤရည်မှန်းချက်များသည် သင့်ကလေး၏ တိုးတက်ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး ပြောင်းလဲမည်ဖြစ်သည်။ ကလေးတစ်ဦးစီ၏ တိုးတက်ဖြစ်ထွန်းမှုသည် ကလေးများ၏ ကုသရေးလိုအပ်ချက်များအပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သည်။

ICU တွင် ရှိစဉ် စွမ်းရည်များနှင့် လုပ်ဆောင်နိုင်စွမ်းများ လျော့ကျခြင်းကို မြင်တွေ့ရခြင်းသည် ပုံမှန်ဖြစ်ကြောင်း သတိပြုပါ။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိနိုင်သည်။

သင့်တွင် မေးမြန်းစရာများ သို့မဟုတ် စိုးရိမ်ပူပန်စရာများရှိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ဝင်နှင့်အတူ ဆွေးနွေးပြောဆိုကြည့်ပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- အောက်တိုဘာလ 2021 ခုနှစ်