ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်အသက် 6 လနှင့်အထက်ရှိသူများသည် ယခုအခါ COVID-19 ကာကွယ်ဆေးများနှင့် ဆေးရှိန်မပျက်ဆက်ပေးသည့်ထိုးဆေးကို ပြုလုပ်နိုင်ပြီဖြစ်သည်။
COVID-19 ကာကွယ်ဆေးများသည် သက်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သူမဆိုအတွက် ဘေးကင်းစိတ်ချရပြီး ထိုးနှံရန် အကြံပြုပါသည်။
သင့်တွင် မေးစရာများရှိပါက သင့်ဆရာဝန်အား ပြောကြားပါ။
ကိုယ်ခံအားစနစ်များ အားနည်းသော လူနာများ သို့မဟုတ် ကင်ဆာ သို့မဟုတ် ဆစ်ခ်ခယ်ဆဲလ် ရောဂါခေါ် သွေးနီဥပုံစံမူမမှန်သည့် ရောဂါကဲ့သို့သော ဆေးကုသရေးပိုင်း အန္တရာယ်များသည့် အခြေအနေရှိ လူနာများသည် COVID-19 ကြောင့် နောက်ဆက်တွဲဆိုးကျိုး ရှိနိုင်ဖွယ်ပိုများသည်။ အထူးသဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းသည် ယင်းသို့သော လူနာများနှင့် ဆေးကုသရာတွင် အခြေခံအားဖြင့် ပြဿနာရှိနေသူများအတွက် အရေးကြီးသည်။
အဘယ့်ကြောင့်ဆိုသော ကိုယ်ခံအားစနစ်များ အားနည်းသည့် အချို့သော လူနာများသည် ၎င်းတို့နှင့် အလားတူ COVID-19 ကာကွယ်ဆေးထိုးနှံရမည့် မိသားစုအား စောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များက ကာကွယ်ဆေးအစွမ်းကို ရကြသလောက် ကာကွယ်ဆေးအား တုံ့ပြန်နိုင်မှု ရှိချင်မှ ရှိပါလိမ့်မည်။ ယင်းသို့ ထိုးနှံမှုသည် အန္တရာယ်များသည့် လူနာများအတွက် ကာကွယ်မှု ထပ်ဆောင်းအလွှာတစ်လွှာ ပံ့ပိုးပေးပါသည်။
လူနာများ၏ ကုသရေးစင်တာ၌ပင် လူနာများအပြင် မိသားစုအား စောင့်ရှောက်ပေးသူများပါ COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်း ပြုလုပ်နိုင်ပါသည်။
COVID-19 ကာကွယ်ဆေးများကို လူထုအသိုက်အဝန်းအတွင်းတွင်လည်း ရရှိနိုင်ပါသည်။ သင့်နေရာဒေသရှိ ကာကွယ်ဆေးထိုးနှံပေးသည့် တည်နေရာများကို ရှာဖွေရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းအား မေးမြန်းပါ သို့မဟုတ် VaccineFinder ဝဘ်ဆိုက်အား ဝင်ကြည့်ပါ။
COVID-19 ကာကွယ်ဆေးတစ်မျိုးသည် COVID-19 ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ကို ခုခံရန်ကာကွယ်ပေးသည့် ကိုယ်ခံအားစနစ်ထွက်လာအောင် လှုံ့ဆော်ပေးသည်။ ကာကွယ်ဆေးထိုးနှံရာတွင် သင့်လက်မောင်းအပေါ်ပိုင်း၌ ဆေးကို ထိုးနှံပေးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်ဆေး သုံးမျိုးရရှိနိုင်ပါသည်။
CDC က mRNA ကာကွယ်ဆေးနှစ်မျိုး (Pfizer-BioNTech သို့မဟုတ် Moderna) အနက် တစ်မျိုးအား လက်ခံထိုးနှံနိုင်သူတိုင်းသည် ထိုသို့ပြုလုပ်သင့်ကြောင်း အကြံပြုထားသညါ။ သို့ရာတွင် Johnson & Johnson ကာကွယ်ဆေးကို ပြင်းထန်သည့်ဓာတ်မတည့်မှုကဲ့သို့ ပြဿနာများကြောင့် mRNA ကာကွယ်ဆေးမထိုးနှံနိုင်သည့် အသက် 18 ကျော်သူများအတွက် ရရှိနိုင်ပါသည်။
ဤအကြံပြုမှုကို အောက်ပါတို့အပေါ် အခြေခံပြုလုပ်သည်-
COVID-19 ကာကွယ်တားဆီးမှုအတွက် ကာကွယ်ဆေးထိုးနှံမှု လုပ်ထုံးလုပ်နည်းများဆိုင်ရာ အကြံပေးကော်မတီက ကာကွယ်ဆေးထိုးနှံမှု မပြုလုပ်ဘဲနေခြင်းထက် Johnson & Johnson ကာကွယ်ဆေးအပါအဝင် မည်သည့် ကာကွယ်ဆေးကိုမဆို လက်ခံထိုးနှံရန် အကြံပြုသည်။
သင်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးထိုးနှံရမည့် ဆေးကို ထိုးပြီးနောက် ကိုယ်ခံအား အပြည့်ကာကွယ်မှု ဖြစ်ထွန်းလာရန် အနည်းဆုံး 2 ပတ် ကြာသည်။ သင်၏ Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး ဒုတိယအလုံး ထိုးနှံပြီးနောက် အနည်းဆုံး 2 ပတ် သို့မဟုတ် Johnson & Johnson ကာကွယ်ဆေးကို 1 လုံးထိုးနှံပြီးနောက် 2 ပတ် ကြာလျှင် သင်သည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီဟု မှတ်ယူနိုင်သည်။
ကာကွယ်ဆေးထိုးနှံမှုပြုလုပ်ပြီးနောက်ပိုင်းတွင် ကာကွယ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းကျဆင်းသွားနိုင်သဖြင့် သင်သည် COVID-19 ဆေးရှိန်မပျက်ဆက်ပေးသည့်ဆေးကိုလည်း လိုအပ်မည်ဖြစ်သည်။
သင်၏ ကိုယ်ခံစွမ်းအားနည်းလျှင် (အားနည်းသည့် ကိုယ်ခံအားစနစ်ရှိလျှင်) သင်၏ ကနဦး ကာကွယ်ဆေးထိုးသည့် စီးရီးများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်ဆေး ထပ်ဆောင်းအပိုတစ်လုံး ထိုးနှံရန် သင့်ဆရာဝန်က အကြံပြုနိုင်ပါသည်။
COVID-19 ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်မည့် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား စနစ်ကို အသုံးပြုထားသည်။ ကိုယ်ခံစွမ်းအား စနစ်သည် အထူးဆဲလ်များ၊ တစ်သျှူးများနှင့် ပိုးမွှားများရန်မှ ခန္ဓာကိုယ်ကို ကာကွယ်ပေးသော အင်္ဂါအစိတ်အပိုင်းများ၏ ကွန်ရက်တစ်ခုဖြစ်သည်။
ကာကွယ်ဆေးတစ်မျိုးသည် နာမကျန်းမှု မရစေဘဲ ပိုးမွှားများကူးစက်ခံရခြင်းကို တိုက်ဖျက်ပေးမည့် ကိုယ်ခံစွမ်းအားတုံ့ပြန်မှုများ သင့်ခန္ဓာကိုယ်တွင် ဖြစ်ထွန်းလာအောင် ကူညီပေးသည်။ သင်သည် ရောဂါကူးစက်ခံရသောအခါ ကိုယ်ခံစွမ်းအားစနစ်သည် သက်ဆိုင်သည့် ပိုးကို “မှတ်မိ” ပြီး နောက်တစ်ကြိမ်တွင် ခုခံကာကွယ်ရန် အသင့်ပြင်ပေးသည်။
ကာကွယ်ဆေးတစ်မျိုးသည် သုံးစွဲရန် ရရှိခြင်း မတိုင်မီတွင် တင်းကြပ်သည့် ဘေးကင်းလုံခြုံရေး စံညွှန်းများနှင့် ကိုက်ညီရပါမည်။ ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ပြီးနောက်တွင် COVID-19 ကာကွယ်ဆေးများသည် တတ်နိုင်သမျှ ဘေးကင်း၊ ထိရောက်နိုင်သလောက် ဘေးကင်း၊ ထိရောက်စေရန် သေချာအောင် ကာကွယ်ဆေးများကို သိပ္ပံပညာရှင်များက ဆက်လက်လေ့လာရပါမည်။
COVID-19 ကာကွယ်ဆေး ထိုးနှံပြီးနောက် အချို့သော လူများတွင် မပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။ ယင်းတို့မှာ သင့်ခန္ဓာကိုယ်က ပဋိပစ္စည်းများ ထုတ်လုပ်မှုစတင်နေသောကြောင့် ဖြစ်ပွားသည့် ယာယီလက္ခဏာများဖြစ်သည်။ ယင်းတို့သည် ပုံမှန် ကိုယ်ခံအား တုံ့ပြန်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများတွင် ပါဝင်သည်များမှာ-
COVID-19 ကာကွယ်ဆေးအကြောင်းကို သင့်ကလေးအား ပြောပြခြင်း
အမေရိကန်ပြည်ထောင်စုရှိ အသက် 5 နှစ်ထက်ကြီးသည့်ကလေးတိုင်းသည် COVID-19 ကာကွယ်ဆေးကို ထိုးနှံနိုင်ပြီဖြစ်ပါသည်။ ဤလုံခြုံစိတ်ရသော ထိရောက်ကောင်းမွန်သည့် ကာကွယ်ဆေးများသည် သင့်ကလေးနှင့် သင့်မိသားစုကို COVID-19 မှ ကာကွယ်ရန် အကောင်းဆုံးနည်းဖြစ်သည်။ သင့်ကလေးတွင် ကာကွယ်ဆေးနှင့်ပတ်သက်၍၊ ကာကွယ်ဆေးကို မည်သည့်အတွက် လိုအပ်သည်နှင့်ပတ်သက်၍ မေးခွန်းများရှိနိုင်သည်။ ဤအချက်အလက်သည် COVID-19 ကာကွယ်ဆေးအကြောင်းကို သင့်ကလေးအား ပြောပြရာတွင် အထောက်အကူပြုပေးနိုင်သည်။
အချို့သော လူများတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံပြီးနောက် ပိုမိုသိသာသော လက္ခဏာများကို ခံစားရနိုင်သည်။ ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်သည့် ဘေးထွက်ဆိုးကျိုးများသည် ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားမည်ဖြစ်သည်။ အချို့သော လူများတွင် နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ၌ ဆက်လက်ခံစားနေရနိုင်သည်။ Ibuprofen (Advil®) သို့မဟုတ် acetaminophen (Tylenol®) သည် အချို့လက္ခဏာများကို သက်သာပျောက်ကင်းရန် ကူညီပေးနိုင်သည်။
ကြုံတွေ့ရလေ့ရှိပြီး ဖြစ်နိုင်ခြေနည်းသည့် ဘေးထွက်ဆိုးကျိုးများတွင် ဓာတ်မတည့်မှု ဖြစ်ခြင်း၊ သွေးခဲခြင်းနှင့် နှလုံးပြဿနာများ ဖြစ်ပွားခြင်းတို့ ပါဝင်သည်။ သို့သော်လည်း ယင်းဖြစ်ရပ်မျိုးသည် အလွန်ပင် ရှားလှသည်။ COVID-19 ကြောင့် ဖြစ်ပွားသည့် ဆေးဘက်ဆိုင်ရာ ပြဿနာများ၏ အန္တရာယ်များသည် ကာကွယ်ဆေးထိုး၍ ရလာနိုင်သည့် အန္တရာယ်ထက် ပိုများသည်။
သင့်တွင် ဓာတ်မတည့်မှု ဖြစ်ပွားတတ်သည့် ရာဇဝင်ရှိပါက သို့မဟုတ် ကာကွယ်ဆေးပါ ပစ္စည်းတစ်ခုခုနှင့် ဓာတ်မတည့်ပါက သင့်အား ကာကွယ်ဆေး ပံ့ပိုးပေးသူကို ပြောကြားပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇွန်လ၊ 2022 ခုနှစ်