အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Posaconazole (ပိုဆာကိုနာဇိုးလ်)

မှိုသတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Noxafil®

မကြာခဏအတှကျအသုံးပွု:

မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Posaconazole (ပိုဆာကိုနာဇိုးလ်) ဆိုတာ ဘာလဲ။

Posaconazole (ပိုဆာကိုနာဇိုးလ်) သည် မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများကို တိုက်ဖျက်သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ၎င်းဆေးဝါးကို အက်စပါဂျီလတ် မှိုစွဲနာ နှင့် ကင်ဒီဒါ မှိုစွဲနာများအပါအဝင် မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် သို့မဟုတ် ဟန့်တားရန် အသုံးပြုပါသည်။ ဆဲလ်အစားထိုးမှုတွင် အလှူရှင်၏ ဆဲလ်က လက်ခံသူ၏ဆဲလ်အကောင်းများကို တိုက်ခိုက်သည့် ရောဂါ (GVHD) သို့မဟုတ် ဓာတ်ကြိုက်ညီ သွေးဆဲလ်ဖြူနည်း ရောဂါခံစားနေရသည့် လူနာများတွင် ကူးစက်ရောဂါများဝင်ရောက်မှုကို ကာကွယ်ရန် Posaconazole (ပိုဆာကိုနာဇိုးလ်) ဆေးကို အသုံးပြုနိုင်သည်။

လူနာများသည် (ဆေးကို သွေးပြန်ကြောမှသွင်းသောအခါ) သွေးအတွင်းရှိ ပမာဏကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည် ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • အသည်း ပြဿနာများ
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခံတွင်းပျက်ခြင်း
  • နုံးခွေခြင်း၊ အားနည်းခြင်း
  • အဆစ်အမြစ်၊ ကြွက်သား သို့မဟုတ် ခါးနာကျင်ကိုက်ခဲခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • အဖျားရှိခြင်း၊ ချမ်းတုန်ခြင်းများ
  • ချွေးထွက်များလာခြင်း
  • ချောင်းဆိုးခြင်း
  • အိပ်မပျော်ခြင်း
  • ခြေလက်များ သို့မဟုတ် ခြေမျက်စိအောက်ပိုင်းရောင်ရမ်းခြင်း
  • အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း
  • နှလုံးခုန်နှုန်းမြန်လာခြင်း သို့မဟုတ် နှလုံးခုန်စည်းချက်ပြောင်းလာခြင်း
  • သွေးထဲတွင် မဂ္ဂနီဆီယမ် သို့မဟုတ် ပိုတက်ဆီယမ်ပမာဏကျလာခြင်း
  • သွေးပေါင်ချိန်ပြောင်းလာခြင်း
  • ကျောက်ကပ်ပြဿနာများ

ဤဘေးထွက်ဆိုးကျိုးများကို Posaconazole (ပိုဆာကိုနာဇိုးလ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Posaconazole (ပိုဆာကိုနာဇိုးလ်) ကို ပါးစပ်မှသောက်သုံးမည်ဆိုပါက အစာစားပြီး သို့မဟုတ် အချဉ်ဓာတ်ပါသည့် အဖျော်ယမကာသောက်ပြီး မိနစ် ၂၀−၃၀ အတွင်းတွင် သောက်သုံးသင့်ပါသည်။
  • သွေးတွင်းရှိ Posaconazole (ပိုဆာကိုနာဇိုးလ်) ပမာဏကို စစ်ကြည့်ရန်ရှိပါက ထုတ်ယူသည့် သွေးပမာဏအလိုက် ၎င်းဆေးကို မည်သို့သောက်သုံးရမည်ဟူသည့် အချက်ကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ထားဖြစ်ပါစေ။
  • ဤကဲ့သို့သော ဆေးဝါးပုံစံမျိုးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပြောင်းလဲခြင်းမပြုရ။
  • Posaconazole (ပိုဆာကိုနာဇိုးလ်) သည် သွေးတွင်းရှိ သကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ လူနာများအနေဖြင့် မိမိတို့တွင် ဆီးချိုရောဂါရှိပါက သို့မဟုတ် ဖြစ်ခဲ့ဖူးပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလအတောအတွင်းတွင် ကိုယ်ဝန်တားနိုင်ရန် အဆင့်ဆင့်လုပ်ဆောင်ထားသင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • Posaconazole (ပိုဆာကိုနာဇိုးလ်) သည် အခြားသောဆေးဝါးများ၏ လုပ်ငန်းဆောင်တာကိုလည်း ထိခိုက်စေနိုင်ပါသည်။ ဆေးဝါးနှင့်သက်ဆိုင်သမျှကို ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည် အထိသောက်ပါ။

Posaconazole (ပိုဆာကိုနာဇိုးလ်) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးပြားများ− Posaconazole (ပိုဆာကိုနာဇိုးလ်) ဆေးပြားများကို အစာခံပြီးသောက်ပါ။ ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ဆေးပြားများကို ထက်ခြမ်းခြမ်းခြင်း သို့မဟုတ် ကြိတ်ခြေခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးရည်− ပါးစပ်မှသောက်ရသည့် Posaconazole (ပိုဆာကိုနာဇိုးလ်) ဆေးရည်ကို အစာဗိုက်ဝအောင်စားပြီးနောက် သို့မဟုတ် ဖြည့်စွက်စာအာဟာရအရည်တစ်မျိုးမျိုးကို သောက်သုံးပြီးနောက်တွင်သာ သောက်သင့်ပါသည်။ မရနိုင်ပါက အချဉ်ဓာတ်ပါရှိနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်လည်း ထည့်ထားသည့်အတွက် အမြုပ်ထနေသည့် အအေးတစ်မျိုးမျိုး သို့မဟုတ် ချင်းနံ့သင်း ဘိလပ်ရည်နှင့် တွဲသောက်သင့်ပါသည်။ ဆေးမသောက်မီ ပုလင်းကို သေသေချာချာလှုပ်ပါ။ ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာဖြင့် ဆေးချိန်ကို သေသေချာချာတိုင်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Posaconazole (ပိုဆာကိုနာဇိုးလ်) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။

Posaconazole (ပိုဆာကိုနာဇိုးလ်) ရင်းမြစ်များ