အအန်ပျောက်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Marinol®, Syndros®
သည်အခြားအမည်များ:
Delta-9 THC, Delta-9-tetrahydro-cannabinol, Tetrahydrocannabinol, THC
မကြာခဏအတှကျအသုံးပွု:
ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း၊ ခံတွင်းပျက်ခြင်းကို ပြန်ကောင်းစေသည့် ဆေး
Dronabinol (ဒရိုနာဘီနော်လ်) သည် ကီမိုဆေးကုထုံးကြောင့်ဖြစ်ရသည့် ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း အတွက် အသုံးပြုသော ဆေးဝါးဖြစ်သည်။ အစားစားချင်စိတ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းကို ကာကွယ်ပေးသည်။
Dronabinol (ဒရိုနာဘီနော်လ်) သည် ဆေးခြောက် ခေါ် ဆေးဝါးတစ်မျိုးဖြစ်သည်။ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် အစားစားချင်စိတ်ကို ထိန်းချုပ်ပေးသည့် ဦးနှောက်၏အပိုင်းကို ကိုယ်စားပြုသည်။
Dronabinol (ဒရိုနာဘီနော်လ်) ကို ရေရှည်အသုံးပြုပါက စွဲသွားနိုင်သည်။ Dronabinol (ဒရိုနာဘီနော်လ်) ကို လက်ခံရရှိသည့် လူနာများသည် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ စိတ်အခြေအနေနှင့် အမူအကျင့်ပိုင်းဆိုင်ရာတွင် ပြောင်းလဲမှုများရှိလာနိုင်သည်။
ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
ဤဘေးထွက်ဆိုးကျိုးများကို Dronabinol (ဒရိုနာဘီနော်လ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။