အဓိကအကြောင်းအရာ skip

Docusate (ဒေါ်ကယူစိတ်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Colace®, Dulcolax®, Pedia-Lax®, DocuSol®

သည်အခြားအမည်များ:

Docusate Calcium, Docusate Potassium, Docusate Sodium

မကြာခဏအတှကျအသုံးပွု:

ဝမ်းချုပ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ဒေါ်ကူစိတ်ဆေးအကြောင်း

ဒေါ်ကူစိတ်သည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းတုံးမာခြင်းတို့အား ကုသရန်အသုံးပြုသော ဝမ်းပျော့ဆေးတစ်မျိုး ဖြစ်သည်။ ခွဲစိပ်မှုမပြုလုပ်မီ အူများအတွင်းအစာများမရှိစေရန်အတွက်လည်း ထိုဆေးကို အသုံးပြုနိုင်သည်။ ထိုဆေးသည် ဝမ်းတုံးအတွင်းရှိ ရေပမာဏကိုများလာစေသည်။

ဒေါ်ကူစိတ်ဆေးအား ဆေးညွှန်းမလိုအပ်ဘဲ (OTC) ဆေးဆိုင်တွင် လူနာကိုယ်တိုင်ဝယ်ယူနိုင်သည်။ တစ်ချို့ဆေးအမျိုးအစားများတွင် ဒေါ်ကူစိတ် နှင့် ဆန်နာနှစ်မျိုးပေါင်းစပ်ပါဝင်နိုင်သည်။

အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြား သို့ ဆေးတောင့်အနေဖြင့်လည်း ပါးစပ်မှသောက်နိုင်သည်။

 
ဝမ်းချုသည့်သင်္ကေတ

ဝမ်းချုဘောလုံးအနေဖြင့်လည်း စအိုမှတစ်ဆင့် ထည့်သွင်းနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းဗိုက်နာကျင်မှု
  • ဝမ်းလျှောခြင်း

‌ဒေါ်ကူစိတ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဒေါ်ကူစိတ်ဆေးအား လိုအပ်သလို အသုံးပြုနိုင်သည်။
  • ဆေးပညာတတ်ကျွမ်းသူတစ်ဦး၏ လမ်းညွှန်ချက်မပါဘဲ ထိုဆေးအား အချိန် ၁ ပတ်ကျော်ကြာ အသုံးမပြုသင့်ပါ။
  • သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တို့အား မမေးမြန်းဘဲ အခြားဝမ်းနှုတ်ဆေးများအား မသောက်ရ။
  • အညွှန်းပါပမာဏထက် ကျော်လွန်၍သောက်ခြင်း သို့မဟုတ် မကြာခဏသောက်ခြင်းတို့ မပြုလုပ်ရ။

ဒေါ်ကူစိတ်ဆေးအား အိမ်တွင်အသုံးပြုခြင်း-

  • အကယ်၍ တစ်နေ့တစ်ကြိမ်သောက်နေပါက ညအိပ်ယာဝင်ချိန်တွင် သောက်ပါ။
  • ရေဖန်ခွက်တစ်ခွက်အပြည့်ဖြင့် ဒေါ်ကူစိတ်ဆေးအား သောက်ပါ။
  • ခါးသည့်အရသာကိုသက်သာစေရန် ဒေါ်ကူစိတ်ဆေးရည်ကို အညွှန်းပါအတိုင်း နွားနို့ သို့ ဖျော်ရည်တို့ဖြင့် ရောစပ်လိုက်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးကိုဘေးကင်းစွာသိမ်းဆည်းပုံနှင့် ဆေးစွန့်ပစ်ရမည့် လမ်းညွှန်ချက်များကို လိုက်နာပါ။