အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Senna (ဆန်းနာ)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Senexon®, Senna Lax®, SennaCon®, Senokot®

သည်အခြားအမည်များ:

Sennoside

မကြာခဏအတှကျအသုံးပွု:

ဝမ်းချုပ်ခြင်းကို ကုသခြင်း

ကလစ်ဘုတ် သင်္ကေတ

Senna အကြောင်း

Senna (ဆန်းနာ) သည် ရံဖန်ရံခါဖြစ်တတ်သော ဝမ်းချုပ်ခြင်းနှင့် ဝမ်းမာကျစ်ခြင်းကို ကုသရန်သုံးသည့် ဝမ်းနုတ်ဆေး တစ်မျိုးဖြစ်သည်။ ခွဲစိတ်ကုထုံး သို့မဟုတ် အခြား ဆေးကုသမှုလုပ်ငန်းစဉ်များမစတင်မီ အူလမ်းကြောင်းကိုရှင်းရန်အတွက်လည်း သုံးနိုင်သည်။ အူများ၏လှုပ်ရှားမှုကို မြှင့်တင်ပေးခြင်းအားဖြင့် ဝမ်းသွားခြင်းဖြစ်အောင် အလုပ်လုပ်သည်။ ပုံမှန်အားဖြင့် ၎င်းဆေးဝါးသည် ၆ နာရီမှ ၁၂ နာရီအတွင်းတွင် ဝမ်းသွားစေတတ်သည်။

Senna (ဆန်းနာ) ကို ဆရာဝန်ဆေးစာ (OTC) မပါဘဲ ဝယ်၍ရနိုင်သည် ။ အချို့သော ထုတ်ကုန်များသည် Senna (ဆန်းနာ) နှင့် Docusateကိုပေါင်းစပ်ပြီး ထုတ်ထားခြင်းဖြစ်သည်။

ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် သို့မဟုတ် ဝါးစားနိုင်သော ဆေးပြားအဖြစ် သောက်သုံးနိုင်သည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းဗိုက်နာကျင်မှု
  • မအီမသာဖြစ်ခြင်း
  • ဝမ်းလျှောခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Senna (ဆန်းနာ) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Senna (ဆန်းနာ) ကို လိုအပ်မှုအပေါ် အခြေခံ၍ အသုံးပြုနိုင်သည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူမှ ညွှန်ကြားခြင်းမရှိပါက ၎င်းဆေးဝါးကို ရက်သတ္တပတ် ၁ ပတ်ထက်ပို၍ မသုံးသင့်ပါ။
  • ဝမ်းနုတ်ဆေးများကို ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် မတိုင်ပင်ဘဲ မသောက်ပါနှင့်။
  • ဆေးကို ခဏခဏမသောက်ပါနှင့် သို့မဟုတ် ညွှန်ကြားသည်ထက် ပိုမသောက်ပါနှင့်။
  • လူနာများသည် ၎င်းဆေးမသောက်ခင် သို့မဟုတ် သောက်ပြီး ၂ နာရီအတွင်း
    ဆရာဝန် သို့မဟုတ် ဆေးစပ်သူ၏ အကြံပြုချက် မပါဘဲအခြားဆေးဝါးများကို မသောက်သင့်ပါ။

Senna (ဆန်းနာ) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • တစ်နေ့တစ်ကြိမ် သောက်ရခြင်းဖြစ်ပါက ဆေးကို အိပ်ရာဝင်ချိန်သောက်ပါ။
  • Senna (ဆန်းနာ) ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာဖြင့် ဆေးချိန်ကို သေသေချာချာတိုင်းပါ။
  • ဝါးစား၍မရသော ဆေးပြားများကို အလုံးလိုက်မျိုချသင့်ပါသည်။ ဆေးတောင့်များကို ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။ ဆေးသောက်ပြီးလျှင် ရေတစ်ဖန်ခွက်သောက်ပါ။
  • ဝါးစားနိုင်သော ဆေးပြားများကို ကြေညက်အောင် ဝါးပြီးမှ မျိုချပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။