အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Dapsone (ဒက်ပ်ဆုန်း)

ပဋိဇီဝဆေး

သည်အခြားအမည်များ:

Diaminodiphenylsulfone; Diaphenylsulfone

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Dapsone (ဒက်ပ်ဆုန်း) ဆိုတာ ဘာလဲ။

Dapsone (ဒက်ပ်ဆုန်း) ဆိုသည်မှာ Pneumocystis အဆုတ်ရောင်ရောဂါ (PCP သို့မဟုတ် PJP အဆုတ်ရောင်ရောဂါဟုလည်း သိကြသည့်) ကူးစက်ရောဂါများကို ကာကွယ်ရန် သို့မဟုတ် ကုသရန် အသုံးပြုသော ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ PCP/PJP အဆုတ်ရောင်ရောဂါဆိုသည်မှာ Pneumocystis jiroveciiမှိုကြောင့် အဆုတ်တွင် ရောဂါပိုးဝင်သည့် ရောဂါဖြစ်သည်။ ကိုယ်ခံအားနည်းနေသည့် လူနာများတွင် ဤရောဂါကူးစက်ခံရနိုင်ခြေပိုမြင့်မားသည်။ Dapsone (ဒက်ပ်ဆုန်း) ကို Sulfamethoxazole (ဆာလဖာမက်သောက်စဇိုး)/Trimethoprim (ထရိုင်မက်သရိုပင်) (SMX/TMP, Bactrim®, Septra®) သုံး၍မရသည့် လူနာများအား ပေးလေ့ရှိပါသည်။

Dapsone (ဒက်ပ်ဆုန်း) ကို အချို့သော အရေပြားရောဂါများကို ကုသရာတွင်လည်း ၎င်းကိုအသုံးပြုပါသည်။

Dapsone (ဒက်ပ်ဆုန်း) ကို စမသုံးမီ လူနာများတွင် G6PD ခေါ် အင်ဇိုင်းပမာဏနည်းနေခြင်းရှိမရှိကို စစ်ဆေးနိုင်ပါသည်။ G6PD ချို့တဲ့မှုဖြစ်နေသည့် အခြေအနေတွင် အချို့သော ဆေးဝါးများကို အသုံးပြုခြင်းသည် သွေးနီဥများကို ပျက်စီးစေတတ်ပါသည်။

Dapsone (ဒက်ပ်ဆုန်း) ကို လက်ခံအသုံးပြုနေရသော လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ နေဒဏ်မခံနိုင်ခြင်း
  • အသည်း ပြဿနာများ
  • ခံတွင်းပျက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
  • ခေါင်းခေါင်းမူးဝေခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ကြွက်သားအားနည်းခြင်း၊ ခြေလက်များထုံခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • ယောက်ျားလေးများတွင် မျိုးမအောင်တော့ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Dapsone (ဒက်ပ်ဆုန်း)သုံးသူတိုင်း ခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Dapsone (ဒက်ပ်ဆုန်း) အိမ်တွင်သောက်မည်ဆိုပါက−

  • Dapsone (ဒက်ပ်ဆုန်း) ကိုအစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။

Dapsone (ဒက်ပ်ဆုန်း) ရင်းမြစ်များ