အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆာလဖာမက်သောက်စဇိုး / ထရိုင်မက်သရိုပင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Bactrim®, Septra®, Sulfatrim®

သည်အခြားအမည်များ:

SMX-TMP,  Co-trimoxazole

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ဆာလဖာမက်သောက်စဇိုး / ထရိုင်မက်သရိုပင်ဆေးအကြောင်း

ဆာလဖာမက်သောက်စဇိုး / ထရိုင်မက်သရိုပင်ဆေးသည် ပဋီဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးဖြင့်ကုသနေစဉ်အတွင် အဆုတ်ရောင်ခြင်းမှကာကွယ်ရန် ဤဆေးကို လူနာတစ်ချို့တွင် အသုံးပြုနိုင်သည်။ ဤဆေးကို ရောဂါပိုးဝင်ခြင်းကိုကုသရန်အတွက်လည်း ပေးနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

ဤဆေးသောက်နေစဉ်အတွင်း သွေးဆဲလ်အရေအတွက်များကို စောင့်ကြည့်လေ့လာရန် လူနာများတွင် စမ်းသပ်မှုများပြုလုပ်ရမည်။

tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အနီကွက်ဖြစ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • သွေးဆဲလ်အရေအတွက်နည်းခြင်း

ဆာလဖာမက်သောက်စဇိုး / ထရိုင်မက်သရိုပင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးကိုသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ဤဆေးကြောင့် တစ်ချို့သောဓာတ်ခွဲစမ်းသပ်မှုရလာဒ်များ ပြောင်းလဲသွားနိုင်သည်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် အရက်သောက်ခြင်းကို ရှောင်ကျဉ်သင့်သည်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • လူနာများ ကိုယ်ဝန်ရှိနေပါက၊ ကလေးယူရန်စီစဉ်နေပါက သို့ နို့တိုက်နေပါက ဆရာဝန်အား ပြောပြထားသင့်သည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိသောက်ပါ။

ဆာလဖာမက်သောက်စဇိုး/ထရိုင်မက်သရိုပင်ဆေးအား အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • ဤဆေးကို အစားဖြင့် သို့မဟုတ် အစားမစားမီတွင် သောက်နိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ရေဖန်ခွက်တစ်ခွက်အပြည့်ဖြင့် ဆေးသောက်ပါ။ 
  • ဆေးရည်ဖြစ်ပါက ကောင်းစွာလှုပ်ပြီးမှသောက်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များကို လိုက်နာပါ။