အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Atovaquone (အတိုဗာကုန်း)

ကပ်ပါးပိုးသတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Mepron®

မကြာခဏအတှကျအသုံးပွု:

မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Atovaquone (အတိုဗာကုန်း) ဆိုတာ ဘာလဲ။

Atovaquone (အတိုဗာကုန်း) ဆိုသည်မှာ Pneumocystis အဆုတ်ရောင်ရောဂါ (PCP သို့မဟုတ် PJP အဆုတ်ရောင်ရောဂါဟုလည်း သိကြသည့်) ကူးစက်ရောဂါများကို ကာကွယ်ရန် သို့မဟုတ် ကုသရန် အသုံးပြုသော ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ PCP/PJP အဆုတ်ရောင်ရောဂါဆိုသည်မှာ Pneumocystis jiroveciiမှိုကြောင့် အဆုတ်တွင် ရောဂါပိုးဝင်သည့် ရောဂါဖြစ်သည်။ ကိုယ်ခံအားနည်းနေသည့် လူနာများတွင် ဤရောဂါကူးစက်ခံရနိုင်ခြေပိုမြင့်မားသည်။ Atovaquone (အတိုဗာကုန်း) ကို Sulfamethoxazole/Trimethoprim (SMX/TMP, Bactrim®, Septra®) သုံး၍မရသည့် လူနာများအတွက်ပေးသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ ဓာတ်ဆားပါဝင်မှုပမာဏ ကို စစ်ကြည့်ရန်နှင့် အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • အနီကွက်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း
  • ဖျားခြင်း
  • နှာခေါင်းမြှေးရောင်ရမ်းနာ (နှာနောက်အစက်ကျခြင်း (နှာနောက်မှလည်ချောင်းထဲသို့ စီးကျသွားသော ပြည် သို့မဟုတ် ချွဲ၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း)
  • ပျို့အန်ခြင်း
  • ချွေးထွက်ခြင်း
  • တုပ်ကွေးဆန်ဆန် လက္ခဏာများ
  • ထိပ်ကပ်နာ (မျက်နှာနာကျင်ကိုက်ခဲခြင်း၊ မျက်နှာတင်းခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ အနံ့မရခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် သွေးစုခြင်း)
  • ယားယံခြင်း
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
  • စိတ်ကျရောဂါ
  • ကြွက်သားနာကျင်ကိုက်ခဲခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Atovaquone (အတိုဗာကုန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Atovaquone (အတိုဗာကုန်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • အစာနှင့် သောက်ပါ။ အဆီများသော အစာနှင့်သောက်နိုင်လျှင် ပိုကောင်းပါသည်။
  • ဆေးပုလင်းဖြစ်ပါက− ကောင်းစွာလှုပ်ပြီး ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။
  • ဆေးတစ်ခွက်စာ အိတ်  − ဇွန်း သို့မဟုတ် ခွက်ထဲဖောက်ထည့်ပြီး သောက်ချပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။