အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 ကာကွယ်ဆေးများနှင့် ကလေး ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများ

အကျုံးဝင်သည့် ကလေး ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများအနေဖြင့် ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းတစ်ခုခုနှင့် ဓာတ်မတည့်ခြင်းမရှိလျင်ဖြစ်စေ သင့်အား တားဆီးထားသည့် ကျန်းမာရေးအခြေအနေမရှိလျှင်ဖြစ်စေ COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်သည်။

COVID-19 ကာကွယ်ဆေးများသည် COVID-19 ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးအတွက် ကိုယ်ခံအားကို ဖြစ်ပေါ်တိုးတက်စေရန် ကျွန်ုပ်တို့ ခန္ဓာကိုယ်က ဆောင်ရွက်ရာတွင် အကူအညီရရှိစေသည်။

COVID-19 ကာကွယ်ဆေးများသည် COVID-19 ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးအတွက် ကိုယ်ခံအားကို ဖြစ်ပေါ်တိုးတက်စေရန် ကျွန်ုပ်တို့ ခန္ဓာကိုယ်က ဆောင်ရွက်ရာတွင် အကူအညီရရှိစေသည်။

ဘယ်ကာကွယ်ဆေးတွေကို ရနိုင်သလဲ။

ကာကွယ်ဆေး 3 မျိုးရရှိနိုင်ပါတယ်။ CDC က Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး တစ်မျိုးမျိုးကို လက်ခံထိုးနှံရန် ဦးစားပေး အကြံပြုထားသည်။ သို့ရာတွင် ကာကွယ်ဆေးလုံးဝမထိုးသည်ထက် ရရှိနိုင်သည့် ရွေးချယ်စရာတစ်ခုခုအား ထိုးနှံခြင်းက ပိုကောင်းသည်။

ကာကွယ်ဆေး၏ အမည် ထိုးနှံရန် လိုအပ်သည့် ဆေးအကြိမ်အရေအတွက် အသက် အပိုင်းအခြား
Pfizer-BioNTech အသက် 4 နှစ်အထက် အသက်အပိုင်းအခြားအတွက် 2 (21 ရက်ခြား) ကြိမ်
အသက် 6 လမှ 4 နှစ်အထိ အသက်အပိုင်းအခြားအတွက် 3 (ပထမနှစ်ကြိမ်သည် 21 ရက်ခြားပြီး တတိယအကြိမ်သည် ဒုတိယအကြိမ်ထိုးနှံပြီး 8 ပတ်အကြာတွင်ဖြစ်သည်) ကြိမ်
6 လနှင့်အထက်
Moderna 2 (28 ရက်ခြား) 6 လနှင့်အထက်
Johnson & Johnson 1 18 နှစ်နှင့်အထက်

သင်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးထိုးနှံရမည့် ဆေးကို ထိုးပြီးနောက် ကိုယ်ခံအား အပြည့်ကာကွယ်မှု ဖြစ်ထွန်းလာရန် အနည်းဆုံး 2 ပတ် ကြာသည်။ သင်သည် Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး၏ ဒုတိယအကြိမ် ဆေးထိုးနှံမှုပြုလုပ်ချိန်မှ အနည်းဆုံး 2 ပတ် သို့မဟုတ် Johnson & Johnson ကာကွယ်ဆေးကို 1 ကြိမ်ထိုးနှံပြီးနောက် 2 ပတ်အကြာမှစ၍ ၎င်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်သည်ဟု ယူဆလေ့ရှိသည်။

ကာကွယ်ဆေးထိုးနှံမှုပြုလုပ်ပြီးနောက်ပိုင်းတွင် ကာကွယ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းကျဆင်းသွားနိုင်သဖြင့် သင်သည် COVID-19 ဆေးရှိန်မပျက်ဆက်ပေးသည့်ဆေးထိုးနှံမှုကိုလည်း လိုအပ်နိုင်သည်။

သင့်ကိုယ်ခံအားစနစ်သည် အားနည်းနေပါက သင့်ဆရာဝန်သည် သင့်အား သင့်ကနဦး ကာကွယ်ဆေးအတွဲ၏ အစိတ်အပိုင်းအနေဖြင့် COVID-19 ကာကွယ်ဆေး၏ အရန်ထိုးနှံမှုတစ်ခုပြုလုပ်ရန် အကြံပြုနိုင်သည်။

သင့်အနေဖြင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံထားသည့်တိုင် သင့်ကိုယ်သင်နှင့် အခြားသူများကို ကာကွယ်ရန်အဆင့်များကို ဆောင်ရွက်ရန် အရေးကြီးဆဲဖြစ်ပါသည်-

  • နှာခေါင်းစည်း တပ်ဆင်အသုံးပြုပါ
  • တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပါ
  • သင့်လက်များကို မကြာမကြာ ဆေးကြောပါ
  • လူစုလူဝေးများကို ရှောင်ပါ
သင့်အနေဖြင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံထားသည့်တိုင် သင့်ကိုယ်သင်နှင့် အခြားသူများကို ကာကွယ်ရန်အဆင့်များကို ဆောင်ရွက်ရန် အရေးကြီးဆဲဖြစ်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံသင့်ပြီး ဘယ်သူတွေက မထိုးနှံသင့်လဲ။

ကာကွယ်ဆေးနှင့် ၎င်း၏ ဘေးအန္တရာယ်များအကြောင်း နောက်ထပ်အချက်အလက်များ

COVID-19 ကာကွယ်ဆေးများနှင့် ပတ်သက်သည့် အဓိက အချက်များ

  • အကျုံးဝင်သည့် ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများအနေဖြင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်သည်။
  • COVID-19 ကာကွယ်ဆေးများကို အသက် 6 လကျော်သည့် လူတိုင်းအတွက် ရရှိနိုင်သည်။
  • လက်ရှိတွင် အမေရိကန်ပြည်ထောင်စုအတွင်း ရရှိနိုင်သည့် ကာကွယ်ဆေး 3 မျိုးရှိသည်။
  • သင်သည် Johnson & Johnson ကာကွယ်ဆေးကို တစ်ကြိမ်ထိုးနှံပြီးနောက် သို့မဟုတ် Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး၏ နေက်ဆုံး ဆေးထိုးနှံမှုပြုလုပ်ချိန်မှ 2 ပတ်ကြာရှိပါက ၎င်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်သည်ဟု ယူဆလေ့ရှိသည်။
  • COVID-19 ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်းမှာ ရှားလှသည်။ ထို့ပြင် ကာကွယ်ဆေးသည် COVID-19 ကူးစက်ခံရခြင်းထက် ပိုမို ဘေးကင်းသည်။
  • COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး ထိုးနှံရန် အကြံပြုပါသည်။ ၎င်းတို့ကို ကျယ်ပြန့်ပြည့်စုံသည့် စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ ဓာတ်မတည့်သည့် တုန့်ပြန်မှုများမှာ ရှားပါးပြီး ဖြစ်ခဲလှသည်။
  • COVID-19 ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေသည့် အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသည်။ ၎င်းတို့သည် မျိုးမအောင်ခြင်းကို ဖြစ်စေနိုင်ခြင်းမရှိပါ။
  • မျက်နှာ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်များဆေးခြင်းနှင့် လူအများနှင့် ခပ်ခွာခွာနေခြင်းတို့ကို ကာကွယ်ဆေး အပြည့်အဝထိုးပြီးနောက်ပိုင်း၌ပင် ယင်းအဆင့်များကို ဆက်လက်လုပ်ဆောင်ပါ။ 


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇွန်လ 2022 ခုနှစ်