အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အစာအိမ်အူလမ်းကြောင်းဆိုင်ရာ နှောင်းပိုင်းသက်ရောက်မှုများ

အချို့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများသည် ဘဝနှောင်းပိုင်းတွင် အစာအိမ် အူလမ်းကြောင်း (အစာခြေစနစ်) ဆိုင်ရာ ပြဿနာများကို ဖြစ်စေသည်။

အစာခြေစနစ်တွင် အစာခြေခြင်း သို့မဟုတ် ဖြိုခွဲခြင်းနှင့်ဆိုင်သော ကိုယ်တွင်းအင်္ဂါများ၊ အစာမှ အာဟာရများကိုစုပ်ယူပြီး ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်အောင်ထိန်းသိမ်းပေးခြင်းတို့ ပါဝင်သည်။

မြင်နိုင်သော ခန္ဓာကိုယ်၏ကိုယ်တွင်းအင်္ဂါများကို ပြသထားသောပုံ အစာခြေအူလမ်းကြောင်းရှိ ကိုယ်တွင်းအင်္ဂါများကို အရောင်ဖြင့်ပြထားသည်။ ၄င်းတို့မှာ အစာရေမျိုပြွန်၊ အသည်း၊ အစာအိမ်၊ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ အူ၊ အူသိမ်၊ အူအတက်နှင့် အူမကြီး (အစာဟောင်းအိမ်) တို့ဖြစ်ကြသည်။

အစာခြေစနစ်တွင် အစာခြေခြင်း သို့မဟုတ် ဖြိုခွဲခြင်းနှင့်ဆိုင်သော ကိုယ်တွင်းအင်္ဂါများ၊ အစာမှ အာဟာရများကိုစုပ်ယူပြီး ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်အောင် ထိန်းသိမ်းပေးခြင်းတို့ ပါဝင်သည်။

အစာခြေစနစ်ဆိုင်ရာ ပြဿနာများကိုဖြစ်စေသော ကင်ဆာကုထုံးများ

  • ဝမ်းဗိုက်နှင့် တင်ပါးဆုံပိုင်းများ ပါဝင်သော ခွဲစိတ်ကုသမှု
  • အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူလမ်းကြောင်းကို သက်ရောက်သော ဓါတ်ရောင်ခြည်ကုထုံး

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အခြားအကြောင်းအချက်များ-

  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုမှတ်တမ်းအရ:
    • အူကပ်ခြင်း (အနာရွတ်ထင်ခြင်း)
    • အူပိတ်ခြင်း (ပိတ်ဆို့ခြင်း)
    • အူလမ်းကြောင်းတွင် လူနာ၏ကိုယ်ခံအားစနစ်က အလှူရှင်၏ တစ်ရှူးများကို ကြာရှည်တိုက်ခိုက်သည့်ရောဂါ (cGVHD)
    • အူမကြီး သို့မဟုတ် အစာရေမျိုပြွန် ကင်ဆာ
    • သည်းခြေကျောက်များ
    • ကာလရှည် အသည်းရောင်ခြင်း

အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်သည်

  • အူပိတ်ခြင်း - ကုထုံးအရ ဝမ်းဗိုက်တွင် ဓါတ်ရောင်ခြည်သင့်ပြီး ခွဲစိတ်မှုပါ ခံယူထားရပါက ထိုသူများတွင် ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။
  • အစာရေမျိုပြွန်ကျဉ်းသွားခြင်း (အစာရေမျိုပြွန်တွင် အနာရွတ်ထင်ခြင်းနှင့် ကျဉ်းသွားခြင်း) - ဤအခြေအနေကြောင့် အစာမျိုခြင်းနှင့်ဆိုင်သော ပြဿနာများ ဖြစ်စေနိုင်သည်။
  • သည်းခြေကျောက်များ
  • အသည်း တွယ်ဆက်တစ်ရှူးများ သိပ်သည်းလာခြင်း သို့ အသည်းခြောက်ခြင်း (အသည်း အနာရွတ်ထင်ခြင်း)
  • ကာလရှည် ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်း
  • အူမကြီးကင်ဆာ

ရောဂါလက္ခဏာများ

  • ကာလရှည် အက်ဆစ်ပြန်တက်ခြင်း (စားချဉ့်ပြန်ခြင်း)
  • မျိုချရာတွင် ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
  • ကာလရှည် ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း
  • ဗိုက်နာခြင်း
  • ကာလရှည် ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းပိတ်ခြင်း
  • ကတ္တရာစေးမည်းကဲ့သို့ ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းထဲ သွေးပါခြင်း
  • ကိုယ်အလေးချိန်ချခြင်း
  • အစာစားချင်စိတ် ပြောင်းလဲခြင်း
  • ဗိုက်ဖောင်းခြင်း/လေခံနေသည်ဟု ခံစားရခြင်း
  • အသားဝါခြင်း/မျက်လုံးဝါခြင်း၊ အရေပြားဝါခြင်း

အဆိုပါပြဿနာများရှိသော အသက်ဆက်ရှင်နေသူများသည် ၄င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ရောဂါလက္ခဏာများသည် လျှင်မြန်စွာ သို့မဟုတ် ဆိုးရွားစွာ (ရုတ်တရက် ဗိုက်နာခြင်း၊ အန်ခြင်းကဲ့သို့) ဖြစ်ပေါ်လာတတ်ပြီး အရေးပေါ်ပြဿနာ (အူပိတ်ခြင်း ကဲ့သို့) ကို ညွှန်ပြနေခြင်းဖြစ်သည်။ ထို့ပြင် ဆေးပညာဆိုင်ရာစစ်ဆေးမှုကိုလည်း ချက်ချင်း လိုအပ်နေကြောင်း ပြသခြင်းဖြစ်သည်။

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

ရှင်သန်သူများသည် အစာခြေစနစ်ဆိုင်ရာပြဿနာများကို ကာကွယ်ရေး လုပ်ဆောင်နိုင်ရန်နှင့် ပြဿနာများကို စောစီးစွာသိရှိရန် လိုအပ်သည်။

သင့်ရောဂါဖြစ်နိုင်ခြေများကို သိရှိပြီး ကျန်းမာရေးကို စောင့်ကြည့်ပါ

  • သင့်ကင်ဆာရောဂါအထူးကုထံတွင် သင့်၌ ဖြစ်ပေါ်လာနိုင်သော နှောင်းပိုင်း သက်ရောက်မှုများ အကြောင်းဆွေးနွေးပါ။
  • သင့်ပင်မကျန်းမာရေးစောင့်ရှောက်မှုပေးသည့်သူထံ သင်၏ရောဂါဖြစ်နိုင်ခြေအကြောင်းများကို ပြောပြထားပါ။ ကုသမှုအကျဥ်းချုပ်ပါဝင်သည့် သင်၏ရှင်သန်သူဂရုစိုက်မှု အစီအစဉ်မိတ္တူတစ်စောင် ၎င်းထံပေးထားပါ။
  • နှစ်စဉ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူပါ။ ၄င်းတွင် ဆေးမှတ်တမ်း ပါဝင်သင့်သည်။ အဆိုပါစမ်းသပ်ချက်တွင် ပါဝင်သင့်သည်များမှာ - ဓါတ်မှန်ရိုက်ခြင်းများ၊ သွေးစစ်ဆေးခြင်းများနှင့် ဆီးစစ်ဆေးခြင်းများ ဖြစ်သည်။

အကယ်၍ ပြဿနာများကို သံသယရှိပါက ဆရာဝန်သည် အခြားစစ်ဆေးမှုများကို လုပ်ဆောင်စေနိုင်သည်။ ဥပမာ -

  • ကျန်းမာရေး ဝန်ဆောင်မှုပေးသူသည် သည်းခြေကျောက် သို့မဟုတ် သည်းခြေအိတ် ကို သံသယရှိပါကအသံလွန်လှိုင်း ဖြင့် စစ်ဆေးမှုပြုလုပ်ခြင်း၊
  • အူမကြီးကိုကြည့်ရန် အူမကြီးမှန်ပြောင်းကြည့်ခြင်းကို အသုံးပြုနိုင်သည်။
  • အစာရေမျိုပြွန်ကိုကြည့်ရန် အစာအိမ်မှန်ပြောင်းကြည့်ခြင်းကို အသုံးပြုနိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

ရှင်သန်သူများသည် အစာခြေစနစ်နှင့်ပတ်သက်သော ပြဿနာများကို ကျန်းမာရေးနှင့် လျော်ညီသော အမူအကျင့်များဖြင့် ကာကွယ်နိုင်သည်-

  • သင့်တင့်မျှတစွာ စားသုံးခြင်း
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးဆောင်မှုမှ ရှောင်ကြဉ်ခြင်း
  • ဆေးလိပ်တဆင့်ခံ ရှုသွင်းမှုကို ရှောင်ကြဉ်ခြင်း
  • အရက်သောက်သုံးမှုကို ကန့်သတ်ခြင်း အရက်အလွန်အကျွံသောက်သူ၊ ဆေးလိပ်ကိုပါ သောက်သုံးသူဖြစ်ပါက အစာခြေစနစ်နှင့်ပတ်သက်သောကင်ဆာနှင့် ပြဿနာများဖြစ်ပွားရန် အခွင့်အလမ်း အလွန်များပြားသည်။.

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018