အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

တမ်စီရိုးလစ်မက်စ်

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Torisel®

မကြာခဏအတှကျအသုံးပွု:

ကျောက်ကပ်ဆဲလ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

တမ်စီရိုးလစ်မက်စ်ဆေးအကြောင်း

တမ်စီရိုးလစ်မက်စ်ဆေးသည် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ဤဆေးသည် mTOR တားမြစ်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ၎င်းဆေးက ဆဲလ်များကြီးထွားမှုအတွက်အရေးပါသည့် တစ်ချို့သောအချက်ပြချက်များကို တားဆီးပေးနိုင်သည်။ ကင်ဆာအကျိတ်များဆီသို့ အောက်ဆီဂျင်ပေးပို့ပေးသည့် သွေးကြောများဖြစ်တည်လာခြင်းကိုလည်း တားဆီးပေးနိုင်သည်။

၎င်းဆေးကို များသောအားဖြင့် တစ်ပတ်တစ်ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၃၀-၆၀ ကြာ အကြောဆေးအနေဖြင့် ပေးလေ့ရှိသည်။ ဓာတ်မတည့်မှုကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးသက်သာစေရန် တမ်စီရိုးလစ်မက်စ်ဆေးမပေးမီ ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေးတစ်မျိုးဖြစ်သည့် ဒိုင်ဖန်ဟိုက်ဒရာမင်း (Benadryl®) ကို ပေးထားလေ့ရှိသည်။ လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးဥဆဲလ်အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • အနီကွက်ဖြစ်ခြင်း
  • လက်များနှင့် ခြေထောက်များရောင်ရမ်းခြင်း (ဖောရောင်ခြင်း)
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • သွေးတွင်းအဆီဓာတ်များလာခြင်း
  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အနာကောင်းကောင်းမကျက်ခြင်း
  • အရေပြားခြောက်သွေ့ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သား သို့မဟုတ် အဆစ်အမြစ်များနာကျဉ်ခြင်း
  • သွေးတိုးခြင်း
  • ဝက်ခြံပေါက်လာခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ကောင်းကောင်းအိပ်မပျော်ခြင်း
  • လက်သည်းများတွင် ပြောင်းလဲလာခြင်း
  • ဓာတ်မတည့်မှုများဖြစ်ပေါ်ခြင်း (မျက်နှာ၊ နှုတ်ခမ်း သို့ လည်ပင်းများ ရောင်ရမ်းခြင်း)
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ကျောက်ကပ်ပြဿနာများ
  • အသည်း ပြဿနာများ

တမ်စီရိုးလစ်မက်စ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆေးသွင်းနေစဉ် စပျစ်သီး သို့ ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့် ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • တမ်စီရိုးလစ်မက်စ်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • လိင်မှုကိစ္စဆောင်ရွက်နိုင်သည့် လူနာများတွင် ဆေးကုသနေစဉ်နှင့် ကုသမှုများပြီးစီးသွားပြီးနောက် ၃ လအထိ ကိုယ်ဝန်မရစေရန် နည်းလမ်းများလုပ်ဆောင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ရက်ပေါင်းများစွာကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။

တမ်စီရိုးလစ်မက်စ်ဆေးအကြောင်းရေးသားထားသော ရင်းမြစ်များ