အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပန်တာမစ်ဒင်း

မှိုသတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Pentam®, NebuPent®

မကြာခဏအတှကျအသုံးပွု:

မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

ပန်တာမစ်ဒင်းဆိုတာဘာလဲ?

ပန်တာမစ်ဒင်းဆေးသည် ကိုယ်ခံအားနည်းသောလူများတွင် မှိုကြောင့်ဖြစ်တတ်သည့် နျူမိုစစ်တိုက်တစ် အဆုတ်ရောင်ရောဂါ ကိုကာကွယ်ရန် သို့ ကုသရန်အသုံးပြုသော ဆေးတစ်မျိုးဖြစ်သည်။ (PCP သို့ PJP အဆုတ်ရောင်ရောဂါဟုလည်း ခေါ်သည်။) PCP/PJP အဆုတ်ရောင်ရောဂါမှာ မှိုတစ်မျိုး Pneumocystis jiroveciiကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။ ကိုယ်ခံအားစနစ်အားနည်းနေသောလူနာများတွင် ဖြစ်ပွားနိုင်သည့် အန္တရာယ်အမြင့်ဆုံးဖြစ်သည်။ ပန်တာမစ်ဒင်းဆေးကို Sulfamethoxazole (ဆာလဖာမက်သောက်စဇိုး)/Trimethoprim (ထရိုင်မက်သရိုပင်) (SMX/TMP, Bactrim®, Septra®)ဆေးမတည့်သောသူများအတွက် အသုံးပြုသည်။

ပန်တာမစ်ဒင်းဆေးဖြင့်ကုသနေသောလူနာများတွင် သွေးဥဆဲလ် အရေအတွက်၊ သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းဓာတ်ဆားများကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် လူနာအားပုံမှန် သွေးစစ်ဆေးခြင်း ပြုလုပ်မည်။ သွေးပေါင်ချိန်နှင့် နှလုံး၏ လုပ်ငန်းလုပ်ဆောင်မှုတို့လည်း စောင့်ကြည့်နေမည် ဖြစ်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
needle icon

ကြွက်သားထဲသို့ ဆေးရည်အနေဖြင့် ထိုးသွင်းနိုင်သည်။ (အသား‌ဆေး)

 
medicine bottle icon

အငွေ့ပုံစံ သို့မဟုတ် ရှုဆေးဘူးပုံစံအနေဖြင့်လည်း ပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ဆေးထိုးခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-

  • မအီမသာဖြစ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ပါးစပ်တွင် အရသာဆိုးခြင်း သို့မဟုတ် သတ္တုဓာတ်အရသာရနေခြင်း
  • ဆေးထိုးထားသည့်နေရာရှိအရေပြား နီမြန်းနေခြင်း
  • အရေပြားအနီကွက်ဖြစ်ခြင်း၊ နီရဲနေခြင်း၊ သို့မဟုတ် အဖတ်များကွာခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • သွေးတွင်းသကြားဓာတ် ပြောင်းလဲသွားခြင်း
  • နှလုံးခုန်သည့်စည်းချက်ပုံစံအတွင်း အပြောင်းအလဲများ
  • အသည်း ပြဿနာများ
  • ဓာတ်မတည့်မှုများဖြစ်ပေါ်ခြင်း
  • ပန်ကရိယရောင်ခြင်း

ရှုဆေးကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-

  • ချောင်းဆိုးခြင်း၊ မောခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ပါးစပ်တွင် အရသာဆိုးခြင်း သို့မဟုတ် သတ္တုဓာတ်အရသာရနေခြင်း
  • လည်ချောင်းယားခြင်း
  • အသံသြလာခြင်း
  • ဝမ်းလျှောခြင်း
  • နုံးခွေခြင်း၊ အာနည်းနေခြင်း
  • ခေါင်းမူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • ညအချိန် ချွေးစေးထွက်ခြင်း
  • ဖျားခြင်း

ပန်တာမစ်ဒင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • PCP အဆုတ်ရောင်ရောဂါကို ကာကွယ်ရန် ပန်တာမစ်ဒင်းဆေးကို ၃-၄ ပတ်ကြာပေးလေ့ရှိသည်။ အကောင်းဆုံးကာကွယ်မှုဖြစ်စေရန် ဆေးကုသမှုအချိန်ဇယားအတိုင်းလိုက်နာရန် အရေးကြီးသည်။
  • ပန်တာမစ်ဒင်းရှူဆေးပုံစံကို ရှူဆေးစက်အသုံးပြု၍ ကုသမှုပေးနိုင်သည်။ အဆိုပါအသက်ရှူကုသမှုမှာ ပုံမှန် ၃၀-၄၅ မိနစ်လောက်ကြာတတ်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။