အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Micafungin (မီကာဖန်ဂင်)

မှိုသတ်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Mycamine®

သည်အခြားအမည်များ:

Micafungin Sodium

မကြာခဏအတှကျအသုံးပွု:

မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများ

ကလစ်ဘုတ် သင်္ကေတ

Micafungin (မီကာဖန်ဂင်) အကြောင်း

Micafungin (မီကာဖန်ဂင်) သည် မှိုကြောင့်ဖြစ်ရသော ကူးစက်ရောဂါများကို တိုက်ဖျက်သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ၎င်းဆေးဝါးကို အက်စပါဂျီလတ် မှိုစွဲနာ နှင့် ကင်ဒီဒါ မှိုစွဲနာများအပါအဝင် မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် သို့မဟုတ် ဟန့်တားရန် အသုံးပြုပါသည်။

Micafungin (မီကာဖန်ဂင်) ကို လက်ခံအသုံးပြုနေရသော လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း
  • ဝမ်းလျှောခြင်း
  • အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း
  • အသည်း၏ လုပ်ငန်းဆောင်တာ လျော့ကျလာခြင်း (ယာယီ)
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းမူးဝေခြင်း
  • ကိုယ်နွေးလာခြင်း
  • စိုးရိမ်သောက
  • အိပ်ခြင်းဆိုင်ရာ ပြသာနာများ

ဤဘေးထွက်ဆိုးကျိုးများကို Micafungin (မီကာဖန်ဂင်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက၊ ကိုယ်ဝန်ရရှိစေရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။