အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လိုင်ဒိုကိန်း

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

LMX 4 Plus; LMX 4; LMX 5; Xylocaine®

မကြာခဏအတှကျအသုံးပွု:

နာကျဉ်မှု၊ နှလုံးခုန်စည်းချက်ပုံမမှန်ခြင်း

ကလစ်ဘုတ် သင်္ကေတ

လိုင်ဒိုကိန်းဆိုတာဘာလဲ?

လိုင်ဒိုကိန်းကို နာကျဉ်မှုသက်သာစေသည့်ဆေးတစ်မျိုးအနေဖြင့် အသုံးပြုသည်။ ခန္ဓာကိုယ်၏ ဧရိယာတစ်ခုကို ထုံသွားစေရန် ၎င်းကိုအသုံးပြုသည်။ လိုင်ဒိုကိန်းဆေးကို အရေပြားယားယံခြင်း သို့မဟုတ် ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း သို့မဟုတ် နာ့ဗ်ကြောပြဿနာများကို ကုသရန်အသုံးပြုသည်။ အကြော‌ဆေးအနေဖြင့်ပေးထားပါက လိုင်ဒိုကိန်းဆေးကို နှလုံးစည်းချက်ပုံမမှန်ခြင်းကို ကုသရန်အတွက်ပါ အသုံးပြုနိုင်သည်။

လိုင်ဒိုကိန်းဆေးသွင်းနေသောလူနာများတွင် နှလုံးခုန်နှုန်းနှင့် သွေး‌ပေါင်ချိန်ပြောင်းလဲသွားခြင်း၊ ဗဟိုအာရုံကြောစနစ်နှင့်ပတ်သတ်သောလက္ခဏာများဖြစ်သည့် ခေါင်းမူးဝေခြင်း၊ ရုတ်တရက်တက်ခြင်းများ သို့မဟုတ် သတိမေ့သွားခြင်း စသည်တို့ကို စောင့်ကြည့်နေနိုင်သည်။

ဤဆေးကို ဆရာဝန်ညွှန်ကြားပေးနိုင်သောပုံစံနှင့် ဆရာဝန်ဆေးညွှန်းမပါဘဲဝယ်ယူနိုင်သောပုံစံ (OTC) များဖြင့် ရရှိနိုင်သည်။

လက်ပေါ်အစက်ချနေသည့် သင်္ကေတ

အရေပြားပေါ်လိမ်း၍လည်းရသည် (လိမ်းဆေး)

 
liquid dropper icon

ဆေးရည်အနေဖြင့် ပါးစပ်ထဲသို့ထည့်ပေးနိုင်သည်။ (သောက်ဆေး)

 
syringe icon

ဆေးရည်အနေဖြင့် ထိုးပေးနိုင်သည်။

 
medicine bottle icon

ဆေးရည်အနေဖြင့် လေမြိုပြွန်အတွင်းသို့ထည့်ပေးနိုင်သည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ဆေးပုံစံအမျိုးမျိုးတွင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-
  • နားထဲတွင် တဝီဝီမြည်နေခြင်း
  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • သတ္တုဓာတ်အရသာရနေခြင်း
  • မူးနောက်ခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
  • တုန်ယင်နေခြင်း
  • အမြင်အာရုံပြောင်းလဲသွားခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း
  • ရုတ်တရက်တက်ခြင်းများ 
  • ပူလောင်သလိုခံစားရခြင်း သို့မဟုတ် ကျဉ်နေခြင်း
  • အေးသလို သို့မဟုတ် ပူသလို ခံစားရခြင်း
  • အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ
  • နှလုံးခုန်နှုန်းလျော့ကျလာခြင်း
  • မက်ဟေမလိုဂလိုဘင်နီးမီးယားဟုခေါ်သော သွေးပြဿနာတွင်ပြတတ်သည့် ရောဂါလက္ခဏာများဖြစ်သည့် အရေပြား၊ နှုတ်ခမ်း သို့မဟုတ် လက်သည်းများ အပြာရောင် သို့မဟုတ် အညိုရောင်ဖြစ်သွားခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ မောခြင်း၊ ခေါင်းမူးဝေခြင်း၊ နုံးခွေခြင်း၊ အားနည်းခြင်း၊ ရုတ်တရက်တက်ခြင်းများစသည်တို့ ပါဝင်ကြသည်။
  • ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

လိမ်းဆေးတွင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-

  • ရောင်ရမ်းခြင်း၊ နီမြန်းခြင်း သို့မဟုတ် ယားယံခြင်း
  • သွေးထွက်ခြင်းကြောင့်ဖြစ်သော သေးငယ်သောအနီအစက်၊ ခရမ်းရောင်အစက် သို့ အညိုရောင်အစက်များပေါ်လာခြင်း (သွေးခြေဥခြင်း)
  • ယားယံခြင်း
  • အရေပြားအရောင် ပြောင်းလဲမှုများ

အကြောဆေး သို့မဟုတ် ထိုးဆေးကြောင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ-

  • ခေါင်းကိုက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အာခြောက်ခြင်း
  • စိတ်ပြောင်းလဲလွယ်ခြင်း (စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်သောကများခြင်း)
  • ဆီး သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်း (ကျောရိုးအာရုံကြောမထဲသို့ ထိုးဆေးအနေဖြင့်ထိုးပေးပါက)

လိုင်ဒိုကိန်းဆေးအသုံးပြုသူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • (ဆရာဝန်ဆေးညွှန်းမပါဘဲဝယ်ထားသောဆေးပင်ဖြစ်ပါစေ) လိုင်ဒိုကိန်းပါဝင်သည့်ဆေးတစ်မျိုးမျိုးကို အသုံးမပြုမီ ဆရာဝန် သို့ ဆေးပညာရှင်တစ်ဦးဦးကို မိသားစုဝင်များမှ ပြောပြသင့်သည်။
  • သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တို့အား မမေးမြန်းဘဲ လိုင်ဒိုကိန်းဆေး အမျိုးအစား သို့ ဆေးပုံစံတို့ကိုပြောင်းလဲခြင်း မပြုလုပ်ပါနှင့်။
  • လိုင်ဒိုကိန်းအသုံပြုပြီးနောက် ထုံခြင်း သို့ ခံစားမှုကိုမရှိတော့ခြင်းဖြစ်နေသည့်အခိုက်တွင် မီးလောင်၊ ပြတ်ရှ သို့ အခြားထိခိုက်အနာတရဖြစ်နိုင်ခြေ များသွားစေနိုင်သည်။ ခံစားမှုပုံမှန်ပြန်ဖြစ်သည်အထိ ထုံဆေးပေးထားသည့်နေရာကို ကာကွယ်ပေးထားပါ။
  • လိုင်ဒိုကိန်းကြောင့် ယာယီခေါင်းမူးဝေခြင်း၊ တက်ကြွမှုလျော့ကျလာခြင်း သို့ လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထိုအခါ လဲကျနိုင်ခြေ သို့ ထိခိုက်နိုင်ခြေများလာနိုင်စေသည်။ ဆေး၏အစွမ်းအာနိသင်များ လုံးဝပျောက်ကွယ်မသွားသေးမှီ လှုပ်ရှားမှုများပါဝင်သည့် အလုပ်ပြုလုပ်သည့်အခါ သေချာဂရုစိုက်ပါ။
  • အလွန်ပူနေပါက ဆေးပမာဏများစွာကို ထုတ်လွတ်သွားစေနိုင်သည်။ အပူကပ်ခြင်း၊ နေပူဆာလှုံခြင်းနှင့် ရေပူချိုးခြင်းစသည့် အပူနှင့်ထိတွေ့မှုကို ရှောင်ကျဉ်ပါ။
  • သောက်ဆေးများအသုံးပြုနေပါက ပါးစပ်နှင့် လျှာများထုံလာသည့်အခါ အစာစားခြင်း သို့မဟုတ် ပီကေဝါးခြင်း မပြုလုပ်သင့်ပါ။
  • G6PD ဓာတ်ချို့တဲ့နေသည့်လူနာများတွင် လိုင်ဒိုကိန်းအသုံးပြုပါက (မက်ဟေမိုဂလိုဘင်နီးမီးယား) သွေးပြဿနာများပိုမိုဖြစ်နိုင်ခြေရှိသည်။
  • လူနာများကိုယ်ဝန်ရှိနေပါက၊ ကလေးယူရန်ကြိုပမ်းနေပါက သို့မဟုတ် နို့တိုက်နေပါက ဆရာဝန်အား ပြောပြထားသင့်သည်။

လိုင်ဒိုကိန်းဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • လိုင်ဒိုကိန်းဆေးပုံစံတစ်ခုစီတိုင်းတွင် အသုံးပြုပုံလမ်းညွှန်သီးသန့်စီ ရှိသည်။ မည်သည့်မေးခွန်းကိုမဆို သင်၏ ဆရာဝန် သို့မဟုတ် ဆေးပညာရှင်တို့နှင့် ဆွေးနွေးပါ။ အောက်တွင်ဖော်ပြထားသော အချက်အလက်များမှာ ယေဘုယျနားလည်နိုင်စေရန်အတွက်သာ ဖြစ်သည်။ ဆေးနှင့်အတူပါလာသောအညွှန်း သို့မဟုတ် ဆရာဝန်၏ညွှန်ကြားချက်များကို အမြဲတမ်းလိုက်နာပါ။
  • လိုရှင်းလိမ်းဆေး၊ ဖြန်းဆေး၊ ဂျယ် သို့မဟုတ် ဆေးရည်တို့ကို အရေပြားပေါ်သို့ လိမ်းခြင်း- ဆေးမလိမ်းမီနှင့် လိမ်းပြီးနောက် လက်ဆေးပါ။ သန့်ရှင်း၍ ခြောက်သွေ့သောအရေပြားပေါ်တွင် လိမ်းပေးပါ။ မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲမဝင်ပါစေနှင့်။
  • အရေပြားကပ်ဆေး- သန့်ရှင်း၍ ခြောက်သွေ့သောအရေပြားပေါ်တွင် ကပ်ပေးပါ။ ၁၂ နာရီကြာအထိ ကပ်ထားပေးနိုင်သည်။ ကပ်ဆေးအသစ်တစ်ခုကို အရင်ကပ်ထားသည့်နေရာတွင် ထပ်မံကပ်ခြင်းမပြုလုပ်ရ။ တစ်နေ့လျှင် ကပ်ပြား ၁ ခုထက်ပို၍ အသုံးမပြုရ။ (၂၄ နာတာကာလ)
  • သောက်ဆေးရည်ဖြစ်ပါက ကောင်းစွာလှုပ်ပေးပါ။ ထို့နောက် ညွှန်ကြားထားသည့်အတိုင်း အသုံးပြုပေးပါ။ အာလုတ်ကျင်းဆေးရည်ဖြစ်ပါက- ပါးစပ်ထဲတွင် အာလုတ်ကျင်းပေးပြီးနောက် ညွှန်ကြားချက်အတိုင်း ထွေးထုတ်ပစ်ပါ သို့ မျိုချလိုက်ပါ။ အစာမစားမီ သို့မဟုတ် ပီကေမဝါးမမီ အနည်းဆုံး ၁ နာရီစောင့်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။