ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်အတက်ရပ်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Keppra®, Spiratam®
မကြာခဏအတှကျအသုံးပွု:
ရုတ်တရက်တက်ခြင်းများ
လယ်ဗီတီရာဆီတမ်သည် ရုတ်တရက်တက်ခြင်းများတို့ကိုသက်သာစေရန် အသုံးပြုနိုင်သည့် ဆေးတစ်မျိုးဖြစ်သည်။
သွေးထဲရှိ လယ်ဗီတီရာဆီတမ်ဆေးပမာဏကို စစ်ဆေးရန် လူနာကိုသွေးစစ်ဆေးနိုင်သည်။ သွေးထဲရှိ လယ်ဗီတီရာဆီတမ်ဆေးပမာဏကိုလိုက်၍ လယ်ဗီတီရာဆီတမ်ဆေးပမာဏမှာလည်း ပြောင်းလဲသွားနိုင်သည်။
ဤဆေးကိုသွေးအတွင်းသို့ ပုံမှန်ထုတ်လွှတ်ပေးသည့်ပုံစံနှင့် အချိန်ကြာမြင့်စွာ ထုတ်လွှတ်ပေးသည့်ပုံစံတို့ဖြင့် ရနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
ဆေးပြားအနေဖြင့်ပါးစပ်မှ သောက်နိုင်သည်
ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
လယ်ဗီတီရာဆီတမ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။