အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Fludarabine (ဖလူဒါရာဘင်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Fludara®

သည်အခြားအမည်များ:

Fludarabine phosphate

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

Fludarabine (ဖလူဒါရာဘင်း) အကြောင်း

Fludarabine (ဖလူဒါရာဘင်း) သည် ကီမိုဆေးအမျိုးအစားဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ အလှူရှင်ထံမှ ရိုးတွင်းခြင်ဆီ သွေးဖြစ် ပင်မဆဲလ်အစားထိုးကုသမှုအတွက် လူနာများကို ပြင်ဆင်ပေးရာတွင် ထောက်ကူပေးရန်လည်း သုံးသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။ (အမေရိကန်ပြည်ထောင်စုတွင် မရနိုင်သေးပါ)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • နုံးခွေခြင်း
  • ခံတွင်းပျက်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း 
  • ချွေးထွက်ခြင်း
  • ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ချောင်းဆိုးခြင်း
  • အသက်ရှူရခက်ခြင်း
  • အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်းများ
  • စိတ်ရှုပ်ထွေးခြင်း
  • အနီကွက်ဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • သွေးပါခြင်း (ဆီး သို့မဟုတ် ဝမ်းတွင်)
  • ခြေ သို့မဟုတ် လက်များ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • ခြေကျင်းဝတ်အောက်ပိုင်း သို့မဟုတ် ခြေထောက်ရောင်ရမ်းခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Fludarabine (ဖလူဒါရာဘင်း) သုံးသူတိုင်း ခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−

  • ဦးနှောက်အဖြူသားရောင်ခြင်း ခေါ် အာရုံကြောဖောက်ပြန်ခြင်း လက္ခဏာများတွင် ဇဝေဇဝါဖြစ်ခြင်း၊ အားနည်းခြင်း၊ စကားပြောရန် ခက်ခဲလာခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း သို့မဟုတ် ရုတ်တရက်တက်ခြင်းများပါဝင်သည်။
  • အရေပြားကင်ဆာ
  • ယောက်ျားလေးများတွင် မျိုးအောင်မှုပြဿနာများ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။