အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Dinutuximab (ဒီနူသူဇီမဘ်)

ပြန့်ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း

ကုန်အမှတ်တံဆိပ်အမည်များ:

Unituxin®

သည်အခြားအမည်များ:

ch14.18, anti-GD2 antibody

ကလစ်ဘုတ် သင်္ကေတ

Dinutuximab (ဒီနူသူဇီမဘ်) အကြောင်း သိကောင်းစရာ

Dinutuximab (ဒီနူသူဇီမဘ်) သည် ပြန့်ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း တစ်မျိုးဖြစ်သည်။ ၎င်းဆေးကိုဆေးခန်းတွင်ဖြစ်စေ၊ ဆေးရုံတွင်ဖြစ်စေ၊ ပေးနိုင်သည်။ ၎င်းကို သွေးပြန်ကြောမှ ရက်နှင့်ချီပြီး ဆက်တိုက်ထိုးသွင်းခြင်းအားဖြင့် ပေးနိုင်သည်။ Dinutuximab (ဒီနူသူဇီမဘ်) ကို အခြား ဆေးများဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကိုဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ပူလောင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနှင့်ထုံကျင်ခြင်း
  • ဖျားခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အနီကွက်ဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • ခံတွင်းပျက်ခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • မျက်နှာ၊ နှုတ်ခမ်း၊လက်၊ ခြေချင်းဝတ် သို့မဟုတ် ခြေထောက်များရောင်ရမ်းခြင်း
  • အသက်ရှူရခက်ခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ဖိသိပ်ခြင်း
  • ဇဝေဇဝါဖြစ်ခြင်း

၎င်းDinutuximab (ဒီနူသူဇီမဘ်) ကိုအသုံးပြုသည့် လူနာတိုင်းသည့် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက Dinutuximab (ဒီနူသူဇီမဘ်) သည် ဆေးအသစ်ဖြစ်သည်။ ဤဆေးကြောင့် ဖြစ်ရသော ဘေးထွက်ဆိုးကျိုးများကို မသိရှိရသေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည်Dinutuximab (ဒီနူသူဇီမဘ်) ကြောင့် ဖြစ်ရသော တုံ့ပြန်မှုများကို ကာကွယ်ရန်အတွက် ဆေးဝါးများအသုံးပြုရနိုင်သလို သွေးပြန်ကြောမှလည်း ဆေးများသွင်းရနိုင်ပါသည်။။ ၎င်းတွင် အကိုက်အခဲပျောက်ဆေးများနှင့် ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေးများပါဝင်နိုင်သည်။ လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့သည် ဆေးသွင်းနေချိန်နှင့် ဆေးသွင်းပြီးနောက်ပိုင်း နာရီအတန်ကြာတိုင်အောင် လူနာကို အနီးကပ်စောင့်ကြည့်ရပါမည်။
  • ၎င်းဆေးဝါးသည် ဆံချည်ပြွန်သွေးကြောပေါက်ခြင်းခေါ် ပြင်းထန်သည့် ပြဿနာကို ဖြစ်ပွားစေပါသည်။ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ဖိသိပ်ခြင်း၊ နှလုံးဖောက်ခြင်း၊ အဆုတ် သို့မဟုတ် အသက်ရှူရာတွင် ပြဿနာရှိခြင်း၊ သွေးယိုခြင်းပြဿနာရှိခြင်း၊ ကျောက်ကပ်ပြဿနာပေါ်ခြင်း၊ရောင်ရမ်းခြင်း သို့မဟုတ် ဇဝေဇဝါဖြစ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။